Unicode
Toiletထဲမှ မှန်မှာ မိမိလည်ပင်းကိုတစ်စိုက်တစ်မတ်ကြည့်မိသည်၊ အနီရောင် အရာတချို့ဟာရှောင်ကျန့်မျက်နှာကိုရဲတွတ်သွားစေဖို့လုံလောက်ခဲ့တယ်...
သူက ထိုအရာတွေရှိတာကိုမသိပါဘဲနဲ့ ၀န်ထမ်းတွေရှေ့မှာ ဖြတ်သွားဖြတ်လာလုပ်ခဲ့သေးသည်၊ ဒါ့အပြင်
ဥက္ကဌရုံးခန်းထဲပါ ရောက်သွားခဲ့သေးတယ်။ပြန်စဉ်းစားလေ မျက်နှာတစ်ပြင်လုံး
ပူထူလာလေဘဲ....နေရထိုင်ရတာသက်သောင့်သက်သာမရှိလိုက်တာ၊ခန္ဓာကိုယ်က စီးထမ်းနေတဲ့ချွေးတွေကြောင့် ရှောင်ကျန့်စိတ်က ပုံမှန်ထက် စိတ်ဆက်လွန်းနေသည်၊ဒီနေ့
နေ့လည်က သူ၀န်ထမ်းတွေအပေါ် ဒေါသပေါက်ကွဲမိတာကိုဘဲကြည့်တော့...သရုပ်ပျက်လွန်းပြီး အိန္ဒြေလုံး၀ရှိမနေခဲ့ဘူး။မျက်နှာကိုရေဖြင့်အနည်းငယ်သန့်စင်လိုက်ပြီး
လက်တွေကို တစ်ရှူးဖြင့်သုတ်ကာ အပြင်သို့ထွက်လာခဲ့သည်။ဒီနေ့အတွင်းဖြစ်ပျက်သွားတဲ့ ကိစ္စရပ်တွေကြောင့် ရှောင်ကျန့်ကိုယ်ကိုယ့်ကိုယ်တောင်မထိန်းချုပ်နိုင်အောင်ပဲဖြစ်ရတယ်။....မိမိအခန်းအ၀ရှေ့မှာ ဝေ့လည်ဝေ့လည်လုပ်နေတဲ့၀မ်ရိပေါ်ကိုတွေ့တော့ ရှောင်ကျန့်ခြေလှမ်းတွေရပ်တန့်သွားပြီး ထိုကောင်လေးကို မျက်လုံးတွေမှေးကျဉ်းကာကြည့်မိသည်၊ထိုအချိန်မှာဘဲ ရှောင်ကျန့်ခေါင်းထဲ
မတွေးသင့်တဲ့ ပေါက်ကရအတွေးတချို့၀င်လာခဲ့တယ်။Designမပျောက်ခင်အချိန်ကရိပေါ်သူ့ရုံးခန်းဆီလာခဲ့တယ်၊သူ့ကိုချဉ်းကပ်ပြီး တခြားcompanyတွေကို designတွေပြန်ရောင်းတာမျိုး ကောဖြစ်နိုင်မလား..
"ကျစ်..မသိတော့ဘူး..."
ပြီးစလွယ် တစ်ဖတ်သားကို စွတ်စွဲတာ..ရှောင်ကျန့်အကျင့်မဟုတ်ပေမယ့် အကျပ်ရိုက်နေတဲ့အခြေအနေကြားမှာရှောင်ကျန့်က လူတိုင်းကိုမယုံသလို ကြည့်မိ၊တွေးခေါ်မိ နေတော့တာဘဲ။
ဆံပင်တွေကိုဆွဲဖွာရင်း မျက်ရိုးနားကို လက်ညိုးနှင့်လက်မကိုသုံးကာဖိနှိုပ်လိုက်ရင်း မိမိရုံးခန်းဘက်ဆီသို့ဦးတည်ခဲ့သည်။
YOU ARE READING
Story of my life
Fiksi Penggemarအနာဂတ်က လူတစ်ယောက်ဆီမှာ အပေါင်ခံထားရပြီးသား အနာဂတ္က လူတစ္ေယာက္ဆီမွာ အေပါင္ခံထားရၿပီးသား 14.11.2021