Story of my life(25)uni+zg

1K 70 4
                                    

Unicode

"တစ်ကယ်ကိုစိတ်မချမ်းမြေ့စရာပဲ...ကိုယ့်ပုံကိုယ်ပြန်ကြည့်ရတာ.. "

ဖုန်းထဲမှ ပုံ တွေကိုကြည့်နေတဲ့ Tomaက ၊စိတ်လေသလိုဖြင့် ထိုင်ခုံမှာခန္ဓာကိုယ်ကိုလျောကာ ထိုင်နေသည်၊နှုတ်မှလည်း အားမလိုအားမရကြောင်းတွေကို တစ်ရစက် ထုတ်ပြောနေသည်မှာ မငြီးငွေ့နိုင်လောက်အောင်ပင်...

"Toma...မင်းအကောင်းဆုံးလုပ်ခဲ့တာပဲ..ပြီးတော့ ရှုဟန်နဲ့မင်းကိုအထင်သေးသလိုဖြစ်သွားရင် ငါမရည်ရွယ်ပါဘူး။ "

ရှောင်ကျန့်ကလည်ဂုတ်ကိုပွတ်သပ်ရင်း ၊ခေါင်းကိုငုံ့ထားမိသည်။

သူတို့နှစ်ယောက် လွန်ခဲ့တဲ့ တစ်ပတ်က ရှောင်ကျန့်တို့ companyရဲ့ ပွဲမှာ မော်ဒယ်အဖြစ်လျောက်ပေးခဲ့တဲ့အတွက် သိသိသာသာပင်  ရောင်းအားတွေ တိုးတက်လာခဲ့သည်။

ဥက္ကဌကလည်း Tomaနဲ့ရှုဟန်အား companyနဲ့ ရေရှည်လက်တွဲဖို့ စာချုပ်ကမ်းလှမ်းလာတာတွေလည်းရှိခဲ့သည်။

အရင်လို ရှောင်ကျန့်ရဲ့ တစ်နေ့တာတွေက Tomaနဲ့ရှုဟန် ရှိတော့ ခပ်ရိုးရိုးကြီးတော့မဖြတ်သန်းခဲ့ရဘူး...

ဒါပေမယ့်3ပတ်နီးပေါက်လောက်ကြာသွားခဲ့ပြီး...

၀မ်ရိပေါ်ကတော့ သတင်းအစအန မရအောင် ၊ ရှောင်ကျန့်ကို ထားခဲ့တယ်...ဖုန်းလည်းTomaကိုသာဆက်ပြီး..ရှောင်ကျန့်အား မသိတဲ့သူလိုမျိုးသဘောထားနေခဲ့တယ်။

"Toma...၀မ်ရိပေါ်.... "

မငြီးငွေ့နိုင်ဘူးလားရှောင်ကျန့်၊ ၀မ်ရိပေါ်က သူပြန်လာချင်မှ ပြန်လာလိမ့်မယ်လို့ ခင်ဗျားကိုမပြောခဲ့ဘူးလား...
ကျွန်တော်ဆိုလိုချင်တာက အခု၀မ်ရိပေါ် ကြုံနေရတဲ့ ကိစ္စတွေက သာမန်အဆင့်မဟုတ်ဘူး၊ အဲ့ဒီ့အတွက် အချိန်လိုတယ်ကုစားဖို့....

ကျွန်တော်ပြန်လာတယ်ဆိုတာကလည်း..၀မ်ရိပေါ်ကသူတစ်ယောက်တည်းနေချင်တာကြောင့်

ဒါဖြင့်များ ၀မ်ရိပေါ်က ရှောင်ကျန့်ကို ဖုန်းတစ်ခါ‌ တောင်မဆက်ရတာလဲ၊ ရှောင်ကျန့်က ၀မ်ရိပေါ်ရဲ့ကမ္ဘာကြီးထဲမှာ အမှုန်အမွှားလေးတစ်ခုလို့သတ်မှတ်ခံထားရလို့လား....

Story of my lifeWhere stories live. Discover now