Story of my life(16)uni+zg

1.6K 105 7
                                        

Unicode

ညာဘက်လက် မောင်းမှာ ရှောင်ကျန့်ရဲ့ခန္ဓာကိုယ် ကြီးကိုတွဲထားရတာကြောင့်၊သူအသက်ရှုဖို့တောင်အနိုင်နိုင်....
တရွတ်တိုက်ပါလာတဲ့ ရှောင်ကျန့်ကလည်း လုံး၀မနိုးရှာဘူး....

"Oh god kill me now... !"

ဘာကြောင့်မအားတဲ့သူကိုသွားတောင်းဆိုနေတာလဲ

အရှေ့မှအသံကြောင့်၊ ကောင်း‌ကင်ပေါ်မော့ကြည့်နေရင်းကနေ အရှေ့သို့စိုက်ကြည့်မိသည်၊နှုတ်ခမ်းတစ်ဖတ်ကိုကွေးညွတ်ရင်း ထိုလူကိုမျက်စပစ်ပြလိုက်သည်။

"လာငါကူညီပေးမယ်....kill meတွေဘာတွေလုပ်ခိုင်းမနေနဲ့ "

မိမိလည်ပင်းအားလက်နှစ်ဖတ်ဖြင့်ညှစ်ရန်လာရွယ်နေသော...

"Toma...!သောက်ခွက်လာပြောင်မနေနဲ့....
အိတ်တွေကူသယ်ပေးဦး.... "

"နေဦးမင်းကငါဒီမှာဆိုတာဘယ်လိုသိတာလဲ..."
ရိပေါ် မျှော်မှန်းထားသလိုပဲ Tomaက ရိပေါ်လိုအပ်နေတဲ့အချိန်တိုင်းရောက်ရောက်လာတယ် ။

သံသဃရှိသလို ရိပေါ်ရဲ့ မျက်လုံးတွေက Tomaကိုစိုက်ကြည့်ရင်း ဆိုလိုက်သည်၊ သကောင့်သားက တဟီးဟီးတဟားဟားပွဲကျလျက် ၊မြေပြင်ပေါ်မှာတောင် လှဲချလိုက်ပြီး အော်ဟစ်ရယ်နေသည်။

"Tomaသောက်ခွက်ပြောင်တာတော်ရုံပဲကောင်းတယ်"

"အဟမ်း..ငါကဘယ်သိမလဲ ၀မ်ရိပေါ်လေးရဲ့၊ ငါဘ၀သက်တမ်းတစ်၀က်က မင်းနောက်ပဲလိုက်ခဲ့ရတာလေ၊ မင်းမရှိပဲ လွတ်ဟနေတဲ့ အချိန်တွေမှာ ငါဘယ်လိုအသက်ရှင်ရမလဲ၊ အဲ့ဒါကြောင့်ငါအချိန်တိုင်းမင်းကိုလိုက်ရှာဖို့ကြိုးစားခဲ့တာ.... "

"ဒိုင်ယာလောခ့်တွေရွတ်နေတာတော်သင့်ပြီ
ဒီလူအိုကြီးကို ဘယ်နေရာကိုခေါ်သွားရမလဲ.... "

"ဟိုတယ်ပဲ ခေါ်သွားလေ၊ငါ့အိမ်မှာတော့ သူပါရင်မင်းကိုပါမကြိုဆိုဘူး.... "

"သူငယ်ချင်းကောင်းပီသချက်...Taxi..! "

ရိပေါ်ကTaxiလှမ်းတားလိုက်တော့၊Tomaကအလန့်တကြားဖြင့်ရိပေါ်လက်မောင်းကိုဖမ်းဆွဲလိုက်သည်။

"မင်းတကယ်ကြီးဟိုတယ်ခေါ်သွားမလို့လား၊ ဟိုဟာရောပါရဲ့လား... "

Story of my lifeWhere stories live. Discover now