Story of my life(7)uni+zg

2.3K 162 9
                                        

Unicode

"လာ ဆံပင်ဆေးဆိုးမယ်ဆို.... "

လွန်သွားခဲ့တာရှောင်ကျန့်ဖြစ်တဲ့အတွက် ပါးစပ်မှစပ်ဖျင်းဖျင်း ကိုယ့်ဒဏ်ရာကိုတောင်ဂရုမစိုက်၊ဒေါသလည်းထွက်နိုင်ပါဘဲ၊ပထမဆုံး
စိတ်ပူမိတာက ထိုကောင်လေးကိုသာ....

သူနှင့်ပိုးဟပ်ဖြူကြားမှာ သဘောထားကွဲလွဲမှုတွေရှိနေပေမယ့် ဒီလိုကြီးသူ့ပါးစပ်မှဒေါသအလျောက်ပြောမိတဲ့အတွက်အားနာမိတယ်၊ ရှောင်ကျန့်ကတစ်ဖတ်သားရဲ့ အားနည်းချက်ကို ဖိနှိမ်တတ်တဲ့ဒီလိုလူမျိုးမဟုတ်ပါဘူး ဆိုတာကို ရှင်းပြချင်တဲ့စိတ်ကလည်း လွန်ဆွဲနေခဲ့ သေးသည်။

အသာလေး ရှောင်ကျန့်ဆွဲခေါ်ရာကို အသက်မဲ့သည့်လူတစ်ယောက်လို ပါလာသည့် ထိုကောင်လေးကို ကုတင်ပေါ်၌ ခဏထိုင်ခိုင်းလိုက်ပြီး စကားစဖို့ ရှောင်ကျန့်ပြင်လိုက်တယ်။

"ခဏစောင့်နိုင်တယ်မဟုတ်လား၊ ဆိုး ဆေးကိုလွန်ခဲ့တဲ့လ‌ပိုင်း လောက်ကတော့ ၀ယ်ထားသေးတယ်....
မရှိဘူးဆိုရင် ဆိုင်မှာသွား၀ယ်ပေးမယ်"

ပေါင်ပေါ်တင်ထားတဲ့ လက်သီးစုတ်တွေက သွေးကြောတွေပေါ်နေသည်အထိ ကျစ်ကာ တုန်ယင်နေသည်မှာ
ရှောင်ကျန့်ကို ဒေါသထွက် နေသေးသည်ဟုဆိုလိုလို့ရသည်။

"တောင်းပန်ပါတယ် ခုနကကိစ္စကြောင့်
မင်းသိပါတယ် မင်းတစ်ခုခုဖြစ်ရင် ငါပါးသတ်လို့သေမှာလေ..."

"ခင်ဗျားအခု ရှင်နေတာဘဲ...".

"စကားနိုင်မလုပါနဲ့တော့ ငါကတောင်းပန်နေပြီဘဲ..."

"ခင်ဗျားတောင်းပန်တာနဲ့ ကျွန်တော်ကအဲ့ဒီ့စကားတွေကိုမေ့သွားရောလား...."

လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ရှောင်ကျန့်စိတ်ကိုအတတ်နိုင်ဆုံးတော့လျော့ထား၏၊သူ့မျက်နှာထက်တွင် အပြုံးကြီးကြီး ချိတ်ဆွဲလိုက်ပြီး အရှေ့မှအနှီပိုးဟပ်ဖြူလေး၏ဆံပင်တွေကို လက်ဖြင့်အသာလေးဖွလိုက်သည်။

"မထိနဲ့...!"

"ဟုတ်ပြီ ဟုတ်ပြီ၊အသည်းယားသွားလို့ပါကွာ..."

ပါးလုံးလုံးလေးနှစ်ဖတ်က နီရဲလာပြီးမကြာခင်ပင် ရှောင်ကျန့်ကိုမဲတော့မည်ဆိုတာ ရိပ်မိလိုက်တာကြောင့်
ဆံပင်ဆိုးဆေး ရှားဖို့ကိုဘဲ အမြန်ဦးတည်လိုက်တော့တယ်။

Story of my lifeWhere stories live. Discover now