Unicode
"Sir...Leoသက်သာတယ်၊ကားသမားကိုကျွန်တော်ရှင်းလိုက်ပြီ
ထုံးစံအတိုင်း ကြံစီမှုလို့ သတ်မှတ်လို့ရတဲ့အခြေအနေမှာရှိပြန်တယ်။ "တောက်ခေါက်သံကျယ်ကျယ်က အခန်း၀န်းကျင်တစ်ခုလုံးကိုလွှမ်းမိုးသွားပြီးကာလ..Tomaရဲ့လက်တွေက ကျင့်သားရနေသလိုမျိုး စတင်တုန်ယင်လာသည်။
ခေါင်းကိုအတတ်နိုင်ဆုံးငုံ့ထားပြီး လက်နှစ်ဖတ်ကို အနောက်ဘက်တွင်ယှက်ကာထားမိတယ်။
"ကျွန်တော် မျက်ခြေမပျက်စောင့်ကြည့်နေပါတယ်...စောင့်ကြည့်နေရင်းနဲ့ဖြစ်သွားတာမို့လို့Sirဘက်ကကျွန်တော့်ကို.. "
"Toma... "
"ဟုတ်Sir.... "
အနားလာဖို့ လက်ညိုးကွေးကာ ခေါ်တဲ့ မိမိရဲ့အလုပ်ရှင်ဖြစ်သူကြောင့် ခြေလှမ်းတွေကိုဖိလျောက်ကာ အမြန်သွားမိတယ်။
ထိုလူက မိမိတင်ပါးကို ရုတ်တရက်ဘာမှမဆိုဘဲလှမ်းစုတ်ကိုင်လိုက်တာကြောင့်..
Tomaရဲ့နှုတ်မှတောင်စဉ်မရတဲ့ထစ်အထစ်အစကားတွေထွက်လာသလို၊မျက်နှာတစ်ပြင်လုံးလည်းနီမြန်းလာခဲ့တော့သည်။"Sir..sir.. "
ခပ်ဟဟရယ်သံနောက်မှာ မိမိတင်ပါးပေါ်မှ သန်မာသောလက်တစ်ဖတ်က ရုတ်သိမ်းသွားပြီး....
ထိုလူ့ရဲ့ မျက်၀န်းတို့က အမှောင်အခန်းထဲမှာ တမူထူးခြားစွာ စူးရှနေသည်။ဒီအကြည့်ကTomaကိုတောင် အရည်ပျော်စေနိုင်တယ်။
"သွားတော့Toma...leoကိုမျက်ခြေနည်းနည်းမှမပျက်စေနဲ့... "
"ဟုတ်Sir နားလည်ပါပြီ
Sirပြီးတော့... "ရိပေါ်နဲ့ ရှောင်ကျန့်အခြေအနေကိုTomaပြောချင်ပေမယ့်...ရိပေါ်ရဲ့ပျော်နေတဲ့ မျက်နှာကို ပြန်မြင် ယောင်မိရင်း သူ့စကားတွေကိုနယ်မကျွံစေဘဲဟန့်တားနိုင်ခဲ့သည်။
"တောင်းပန်ပါတယ်Sir..ပြီးတော့ကျေးဇူးပါ... "
"Tomaဘာပြောချင်တာလဲ..တစ်ခုခုဖုံးကွယ်ထားတာများရှိလား... "
"ဘာမှမဟုတ်ဘူး Sir၊ကျန်းမာရေးဂရုစိုက်ပါ၊ ကျွန်တော့်ကိုသွားခွင့်ပြုပါဦး.... "

YOU ARE READING
Story of my life
Fanfictionအနာဂတ်က လူတစ်ယောက်ဆီမှာ အပေါင်ခံထားရပြီးသား အနာဂတ္က လူတစ္ေယာက္ဆီမွာ အေပါင္ခံထားရၿပီးသား 14.11.2021