Story of my life(3)uni+zg

4.2K 241 5
                                        

Unicode

"အန်ကယ်တို့အဆင်ပြေသလိုလုပ်ပါ..... "

ရိပေါ်နဲ့ကယ်ဗင်ရဲ့ ရှေ့ ရေးနဲ့ပတ်သတ်ပြီးကျောင်းတွေဘာတွေကိစ္စခေါ်ပြောတဲ့အန်ကယ်...
အမှန်ကဒါတွေရိပေါ်တို့အတွက်မလိုပါဘူး Daddyပြန်ထွက်လာတော့မယ့်ဟာကို၊Daddyသာပြန်ထွက်လာရင် သူတို့ဘ၀ဟာ ပုံမှန်တိုင်းပြန်ဖြစ်နေခဲ့ပြီးသား

"Leo... "

သူခေါင်းကိုမော့ကြည့်ပြီးသည်နှင့် အန်ကယ့်ရဲ့ရှေ့ဆက်ပြောလာမည့်စကားတွေကို ဂရုတစိုက်နားထောင်နေလိုက်တယ်

"ကယ်ဗင့် ကျောင်းအတွက်တော့အန်ကယ်တို့ အငယ်တန်းသီးသန့်အတန်းတွေစုံစမ်းရဦးမယ်
သားကတော့ အန်ကယ့်သားရှောင်ကျန့်နဲ့တစ်ကျောင်းတည်းတက်လို့ဖြစ်မလား.... "

တွေဝေနေတဲ့ရိပေါ်ကြောင့် အန်ကယ်ဆီမှ သူသားကဆိုးပေမယ့် စိတ်ထားကောင်းပါတယ်ဆိုတဲ့ မသိမသာချီးမွှမ်းမှုကိုကြားရသည်။

အခုချိန်မှာ သူ့လက်တွေကဂဏာမငြိမ်စွာအချင်းချင်းပွတ်တိုက်နေမိတယ်
လိုလားပါ့မလား၊ တစ်ဖတ်လူရဲ့ မနှစ်မြို့မှုကိုမပြောနဲ့
မော်တောင်အကြည့်မခံရဘူးတဲ့ ရိပေါ်တို့ဘ၀တွေက
Daddy ထောင်ကျသွားတာနဲ့ပတ်သတ်ပြီး..
အမြင့်ကပြုတ်ကျသလိုဘဲ အကျတော်တော်နာရသည်။

"ကျွန်တော်လက်ခံပါတယ်အန်ကယ်..."

"အဲ့ဒါဆို မနက်ရှောင်ကျန့်နဲ့ကျောင်းလိုက်သွားလိုက်၊အန်ကယ် ကျောင်းအုပ်ကို ဖုန်းကြိုဆက်ထားပြီးအကျိုးအ‌ကြောင်း ပြောထားနှင့်မယ်၊ပြီးတော့ တခြားလိုအပ်တဲ့ကိစ္စတွေကို ရှောင်ကျန့်ကကူညီပေးလိမ့်မယ်"

"ဗျာ.... "

မျက်တောင်တွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရိပေါ်ဘာပြောရမလဲတောင်မသိတော့ပါ...

နောက်ဆုံးတော့ ခေါင်းငြိမ့်ပြီး ၊ မိမိတို့ညီအကို
နှစ်‌ယောက်အတွက်ပြင်ပေးထားတဲ့ အခန်းဆီသို့သာ မှိုင်မှိုင်ထွေထွေဖြင့် ပြန်လာခဲ့တော့သည်။

အခန်းအတွင်း၌ပွစိကျဲနေသည့် ရိပေါ်တို့ ဂေဟာမှယူလာသည့် အ၀တ်အစားထုတ်ကိုမြင်မြင်ချင်းပင် ရိပေါ်ကျစ် စုတ်မိ၏။

Story of my lifeWhere stories live. Discover now