Unicode
စောက်မှတ်ကိုနည်းနည်းမှ မရှိဘူး ၀မ်ရိပေါ်က...
အပြောသာရှိပြီး..လက် တွေ့မှာ ၀မ်ရိပေါ်က ရှောင်ကျန့်သူ့အနားရောက်လာတာနဲ့ပျော်မွေ့နေခဲ့တာမဟုတ်ဘူးလား..."ရိ..ရိပေါ်..."
အိပ်နေရင်းနဲ့ ခေါင်းထောင်လာတဲ့ရှောင်ကျန့်က မတ်တပ်အမြန်ရပ်ပြီး သူ့ခြေလှမ်းတွေကို တစ်လှမ်း..မဟုတ်သေးဘူး နှစ်လှမ်း သုံးလှမ်းနီးပါးလောက်အနောက်ဆုတ်သွား၏။
ထိုလူက သူ့လက်တွေကိုအ
ရှေ့မှာ ယှက်ထားပြီး မတ်တပ်ရပ်လျက်ခေါင်းကိုငုံ့ထားသည်၊ထို့နောက်စကားပြောရန် အရှိန်ယူနေပြီး ရိပေါ်ကို အားနာသောမျက်၀န်းတွေဖြင့်စိုက်ကြည့်လာပြန်တယ်။"ဘာကြောင့် ဒီကိုရောက်နေတာလဲ ရှောင်ကျန့်က..."
အတတ်နိုင်ဆုံးအသံအနေအထားကို မာအောင်ရိပေါ်ကပြောလာပြီး၊ ရှောင်ကျန့်အားမကြည့်ပါပဲ မျက်နှာကို
ပြတင်းပေါက်ဆီသို့လှည့်ထားမိသည်။မျက်လုံးထောင့်မှာ မြင်လိုက်ရတဲ့ အရာကြောင့် ရိပေါ်ရှောင်ကျန့်အားမကြည့်ပဲ မနေနိုင်တော့ပါ။
ဒူးထောက်ချလိုက်တဲ့ ရှောင်ကျန့်၊ သူ့မျက်နှာဟာ လန်းဆန်းခြင်းမရှိဘဲ ညိုးနွမ်းနေသယောင်...
ရိပေါ်မမျှော်မှန်းထားခဲ့ရ်ျ မျက် တောင်တွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရှောင်ကျန့်အား မယုံနိုင်သလိုကြည့်မိ၏။ဒီလိုနဲ့ ဆောင်ကိုကိုင်ထားတဲ့ ရိပေါ်လက်တွေမှာ တစ်ဖြည်းဖြည်းချွေစတို့ကပ်ငြိလာတော့သည်။"တောင်းပန်ပါတယ်..မင်းကိုစွတ်စွဲမိသလိုဖြစ်သွားခဲ့တယ်ကိုယ်ကစိတ်ရင်းအမှန်နဲ့တောင်းပန်တာပါ၊ပြီးတော့အလုပ်..အလုပ်မထွက်ပါနဲ့ companyက ရိပေါ်အပြင် ရိပေါ်ရဲ့လုပ်ကိုင်နိုင်စွမ်း၊အရည်အချင်း ဖြတ်ထိုးဉာဏ်တွေကိုပါလိုအပ်တယ်။"
အလုံအခန်းထဲမှာ ရှောင်ကျန့်ရဲ့ အသံက မတိုးမကျယ်အနေအထားမှာ ပြီးတော့ ရှောင်ကျန့်ရဲ့အသံတွေထဲမှာ အက်ကွဲမှုတွေပါနေတယ်။
"ခင်ဗျားကကော ရှောင်ကျန့်....ကျွန်တော်အလုပ်ထွက်ရင်သောက်ဂရုမစိုက်ဘူးဆို..ဘယ်အိုကြီးအိုမကပြောခဲ့တာလဲ"

YOU ARE READING
Story of my life
Fanfictionအနာဂတ်က လူတစ်ယောက်ဆီမှာ အပေါင်ခံထားရပြီးသား အနာဂတ္က လူတစ္ေယာက္ဆီမွာ အေပါင္ခံထားရၿပီးသား 14.11.2021