Story of my life(5)uni+zg

3K 188 2
                                        

Unicode

ကျောင်းက ကျဉ်းလွန်းဘူးလား.....

ကျောင်း၀န်း ရှိစက်ဘီးရပ်သည့်နေရာမှာ ရှောင်ကျန့်ကသူ့စက်ဘီးကို ဒေါက်ထောက်နေတုန်း
ရိပေါ်ကတော့ လွယ်အိတ်ကြိုးကို ခပ်တင်းတင်းဆုတ်ကိုင်ထားပြီး မလိုအပ်ပါဘဲ သူမဟုတ်လိုခြေထောက်တွေဟာတုန်ယင်နေသည်။

"ရုံးခန်းကိုသွားရအောင်.... "

ဟမ် ဆိုသည့်အာမေဋိတ်အသံ ထွက်သည်အထိ ရိပေါ်ကကြောင်အနေဆဲ၊စိတ်တွေလှုပ်ရှားနေလို့လဲ ရှောင်ကျန့်စကားကိုသေချာမကြားလိုက်ရတာကြောင့်လဲပါမယ်

"မင်းဘယ်အခန်းမှာ သင်ရမလဲမေးရမယ်လေ .... "

ဒီလိုကျတော့ရှောင်ကျန့်က ရိပေါ်ဝေယာဝိစ္စတွေလိုက်လုပ်ပေးနေတဲ့ အိမ်ဖော်ကြီးနဲ့တူတယ်

တိတ်တဆိတ်သာရှောင်ကျန့်နောက်ကလိုက်ဖို့ဆုံးဖြတ်ခဲ့ပြီးနောက် အခန်းတစ်ခန်းထဲ၀င်သွားတဲ့ ရှောင်ကျန့်...

ရိပေါ်လည်း ရှောင်ကျန့်နဲ့အလှမ်းဝေးသည့် ထိုအခန်းအပေါက်၀မှာသာ လက်ကိုကျစ်အောင်ပိုက်ထားပြီး
မျက်နှာကိုတည်သထက်တည်ထားမိသည်။

လူတွေကတဖြည်းဖြည်းရှုပ်လာလေ ရိပေါ်ကဘာကိုမှအမြင်မကြည်တော့လေဘဲမျက်မှောင်တွေကိုကျုံ့သထက်ကျုံ့ထားရင်း

တစ်ချက်တစ်ချက် ရိပေါ်ရဲ့အကြည့် တွေကရှောင်ကျန့်ဆီရောက်သွားသည်။
ဆရာမတွေနဲ့ရင်းနှီးနေပုံပေါက်သည့်
ရှောင်ကျန့်ကဒီကျောင်းမှာအရာရောက်ပုံပေါ်သည်
ဒါလဲ ရိပေါ်စိတ်၀င်စားစရာမလိုပါဘူး

"Leoဒါ မင်းအတန်းပိုင်....ဆရာမယွီ "

ဆံပင်အနည်းရှည်ပြီး ဒူးကျစကတ်၀တ်ထားတဲ့ပုံပန်းသဏ္ဌာန်ရှိ အမျိုးသမီးက ရိပေါ်ကိုပြုံးပြလာပေမယ့်၊ ဘယ်သူ့ကိုမှ အရေးတယူမလုပ်တတ်တဲ့ရိပေါ်က ပြုံးပြဖို့ဝေးသေး တစ်ချက်ကြည့်ပြီးခေါင်းကိုချက်ချင်းပြန်လှည့်လိုက်တယ်။

ရှောင်ကျန့်ရဲ့သက်ပြင်းချသံကိုရိပေါ်ကြားလိုက်ရတယ်
ဒါပေမယ့်လည်းရိပေါ်ကတော့ဂရုမစိုက်သလိုဘာသိဘာသာနေမြဲ...

Story of my lifeWhere stories live. Discover now