Unicode
"ရှုဟန်... "
တိုက်တိုက်ဆိုင်ဆိုင်ပင်...ရှောင်ကျန့်တို့companyရှေ့က ဆိုင်မှာ ရှုဟန်ကိုတွေ့ဖြစ်ခဲ့သည်၊လှည့်ကြည့်လာတဲ့ကောင်လေးကတော့ထုံးစံအတိုင်းရုပ်တည်ဖြင့်သာ...
"အလုပ်အချိန်လား.... "
"မဟုတ်ဘူး၊အခုလေးတင်အလုပ်ဆင်းတော့မလို့...၊ဘာပြောစရာရှိလို့လဲ ရှောင်ကျန့်ကော... "
"ရိပေါ်တို့သတင်းဘာကြားသေးလဲ....၊ဒါမှမဟုတ် ရှုဟန်ကိုတစ်ခုခုပြောခဲ့တာရှိလား၊ဥပမာဘယ်နှစ်ရက်ကြာမှာတို့...ဘယ်ကိုသွားတာလဲလို့... "
နောက်ဆုံးမှာတိုး၀င်သွားတဲ့ ရှောင်ကျန့်ရဲ့စကားအသံကြောင့် ရှုဟန် က အလုပ်၀တ်စုံကိုချွတ်နေရင်းကနေ ရှောင်ကျန့်အားကြည့်လာသည်။
"ရှောင်ကျန့်တောင်မသိတာ၊ကျွန်တော်ကဘယ်လိုလုပ်သိမှာလဲ..... "
လက်ရှိရှောင်ကျန့်က ၀မ်ရိပေါ်ဆီကပိပိရိရိကြီးကိုဖုံးကွယ်ခံထားရသလို ခံစားနေရသည်၊စိတ်မရှည်ပုံပေါက်နေသည့် ရှုဟန်ကိုလည်း ရှောင်ကျန့်အားနာစွာဖြင့်ပြုံးပြလိုက်ပြီး ထိုဆိုင်ထဲမှထွက်လာခဲ့တယ်။
လက်မှာကိုင်ထား သောဖုန်းကိုသာ စိုက်ကြည့်ရင်း ရှောင်ကျန့်ကသက်ပြင်းချမိသည်၊ထိုကောင်လေးရဲ့နောက်ကြောင်းရာဇ၀င်လည်း ရှောင်ကျန့်ကမသိခဲ့ဘူး၊ ခေါ်ဆိုလို့မရတဲ့ဖုန်းနံပါတ်တစ်ခုတည်းနဲ့ ရှောင်ကျန့်ကဘယ်လိုလုပ်ရမလဲ....
"Uncle Tomaတော့ ပြန်လာမယ်ကြားတယ်နောက်ရက်လောက်ဆိုရင်... "
အနောက်မှရုတ်တရက်ကြီးရောက်နေတဲ့ ရှုဟန်၊ ရှောင်ကျန့်ထိတ်လန့်လွန်းလို့ ထခုန်မိမတတ်ပင်၊ အေးတိအေးစက်နဲ့ ဒီကောင်လေးရောက်နေမှန်း ရှောင်ကျန့်ခြေသံတောင်မကြားခဲ့ပါ....
မျက်လုံးတွေမှေးကျဉ်းကာကြည့်နေတဲ့ ထိုကလေး ကြောင့်ရှောင်ကျန့် မျက်နှာပူလာသဖြင့် လည်ဂုတ်ကိုပွတ်သပ်မိသည်။
အဲ့ဒီ့တော့ Tomaပါပြန်လာရင်၊ ရိပေါ်ပါလိုက်လာမှာမဟုတ်လား၊သေချာပေါက်ကို လိုက်လာမှာပေါ့...
YOU ARE READING
Story of my life
Fanfictionအနာဂတ်က လူတစ်ယောက်ဆီမှာ အပေါင်ခံထားရပြီးသား အနာဂတ္က လူတစ္ေယာက္ဆီမွာ အေပါင္ခံထားရၿပီးသား 14.11.2021