Story of my life(2)uni+zg

6.5K 302 2
                                        

Unicode

ပါး‌စောင်ကိုလျာဖြင့်ထိုးရင်း သူ့လက်တွေကို ဘောင်းဘီဘေးအိပ်ကပ်ထဲ ထည့်ထား၏
သူဘယ်လိုသတ္တိမျိုးနဲ့ ဒီလို အထီးကျန်မှုတွေပြည့်နှက်နေတဲ့ အိမ်မျိုးမှာ နေနိုင်ရဲခဲ့တာလဲ

ခေါင်းတွေကိုခါရမ်းလျက်၊ လေပူကို မှုတ်လိုက်သည်နှင့် ရာသီဥတူကြောင့် ပါးစပ်မှ အခိုးအ‌ငွေ့တွေထွက်လာသည်။

ထို့ နောက်ခြေတုန်ချတုန်နှင့်ပင် သူအိမ်ထဲကို၀င်လာလိုက်သည်တစ်အိမ်လုံး လင်းထိန်နေသည့်အပြင် ထိုအရာကြောင့်ဘဲ ရှောင်ကျန့်စိတ်ထဲထူးထူးဆန်းဆန်းခံစားနေခဲ့ရတယ် ၊အရင်ဆိုရင်းရင်းနဲ့ ရှန့်ဝေက အိမ်မကြီးဆီလာလေ့မရှိပါဘူး

ဘယ်သူကများ...

လှေကားရင်းမှာ နောက်ကျောပေးကာ ရပ်နေတဲ့အမျိုးသမီးတစ်ယောက်
မား...ဟုတ်တယ် ရှောင်ကျန့်ရဲ့မား၊ ရှောင်ကျန့်တို့မတွေ့
တာ နှစ်တွေဘယ်လောက်ကြာပြီလဲ15နှစ်သားကတည်းထား ပစ်ခဲ့တဲ့သူတို့က ရှောင်ကျန့်မျက်လုံးရှေ့မှာ
ပုံရိပ်ယောင်လိုမျိုးမဟုတ်ပါဘဲ ဖြစ်တည်မှုအစစ်တွေလိုမျိုးတည်ရှိနေခဲ့တယ်

ပြီးတော့ ရှောင်ကျန့်ရဲ့ပါးက ဧည့်ခန်းမှာ စာရွက်တွေကိုလှန်လှောနေရင်း ရှောင်ကျန့်အားလှည့်ကြည့်လာသည်။

"ဒါလူပြန်လာရမယ့်အချိန်လား...
နေချင်တိုင်းနေ ဘယ်နေရာမှမထူးချွန်....
ငါတို့မင်းကို ဘယ်လိုလုပ်ရမလဲ ရှောင်ကျန့် ဟမ် "

ရှောင်ကျန့်ကို သူ့မိဘတွေက ဒီလိုမျိုးကြီးပြင်းလာအောင်ပြုစုပျိုးထောင်ခဲ့တာ
အခုတော့ သူတို့က ဘယ်သူ့ကိုအပြစ်တင်နေတာလဲ
အပြစ်တင်ချင်ရင် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ကြ

ဂရုမစိုက်သလိုလှည့်ထွက်သွားဖို့ပြင်နေတဲ့ ရှောင်ကျန့်ခြေလှမ်းတွေက ပါး ထပ်ပြောလာသည့်စကားကြောင့်
ရပ်တန့်သွားသည်။

"ဘာ...ဧည့်သည်...! "

"သားရှောင်ကျန့်.... "

သူအပေါ်တက်ဖို့ပြင်ခါမှဘဲ လှေကားပေါ်ကနေဆင်းလာတဲ့ကောင်လေးနှစ်ယောက်...
ရှောင်ကျန့်ရဲ့အ၀တ်အစားတွေကိုယူ၀တ်ထားတာကြောင့်မျက်မှောင်ကြုတ်လိုက်ပြီး....

Story of my lifeWhere stories live. Discover now