Story of my life(11)uni+zg

1.7K 135 3
                                        

"ရှောင်ကျန့်ချက်တာကို ကယ်ဗင်စားလို့မရဘူးနဲ့တူတယ်... "

ခါးထောက်လို့ခေါင်းအနည်းငယ်ငုံ့ကာ ၊တူးနံ့ရနေသည့်ထမင်းစားဝိုင်းမှမဲတူးနေတဲ့ အရာတွေကို ကြည့်ပြီးပြောမိသည်။

"မင်းတို့ကြောင့်လေ၊ အိမ်မီးလောင်ပြီး ပြာကျမသွားတာဘဲကံကောင်း... "

"ဘာလဲ အဲ့ဒါခင်ဗျားကြောင့်လေ ဘာကြောင့် အမှုမဲ့အမှတ်မဲ့နဲ့ဟင်းအိုးကိုတည်ခဲ့တာလဲ....
ပြီးတော့ အဲ့ဒီ့အေပရွန်ကြီး တစ်သက်လုံးမချွတ်တော့ဘူးလားကြည့်ရဆိုးလွန်းလို့... "

"ရှောင်ကျန့်ကိုကို....! "

"ကယ်ဗင်ရေချိုးပြီးပြီလား...."

ကြည်လင်နေတဲ့မျက်နှာဖူးဖူးလေးဖြင့် အပေါ်မှပြေးဆင်းလာတဲ့ကောင်လေးကြောင့်၊ ရှောင်ကျန့်ဘေးနားမှပိုးဟပ်ဖြူသည် ယောက်ယက်ခက်ခါစပြုလာသည်။

ပိုးဟပ်ဖြူက လူတစ်ယောက်ကိုစိတ်ဆိုးအောင်သာလုပ်တတ်တာ၊ပြန်တော့မချော့တတ်ဘူး

"သားဗိုက်ဆာနေပြီ.... "
ဟင်းတွေက....၊အန်ကယ်တို့ကကော ဘယ်တော့မှပြန်လာမှာလဲဟင်.... "

တုန်ယင်နေတဲ့အသံကြောင့် ကယ်ဗင်ကရှောင်ကျန့်ချက်ထားတာကိုမစားချင်မှန်းရိပ်မိလိုက်သည်၊ထိုနည်းတူပင် ပိုးဟပ်ဖြူရဲ့မျက်နှာဟာလည်း ငိုမဲ့မဲ့ဖြင့်

"ဘာလုပ်ဖို့လဲ ရှောင်ကျန့်.... "

"ဟင်းတွေကကောင်းမှမကောင်းတာ၊မင်းတို့ဘယ်လိုစားမှာလဲ၊ လွှတ်ပစ်လိုက်တာဘဲကောင်းမယ်၊ရင်းရင်းကိုအမြန်ချက်ခိုင်းလိုက်မယ်... "

"မလို..မလိုဘူး ဒါဘဲစားမယ်... "

ရှောင်ကျန့်လက်ထဲမှ ဟင်းခွက်တွေကို လုယူရင်း သူစစားဖို့ပြင်နေသည်၊ ကယ်ဗင်ကကော...ကယ်ဗင်ကတော့ရိပေါ်ကိုကြောက်ရတာကြောင့် မျက်စဘဲပစ်ရသေးတယ်အလိုက်သိလွန်းသည်။

တူထိပ်ကို ပါးစပ်ထဲထည့်ရင်း ဟင်းအမယ်တွေကိုကြည့်ပြီးမျက်လုံးကစားနေမိသည်၊မိမိအပြောနှင့်မိမိဖြစ်သည့်အတွက် ကြိတ်မှိုတ်ပြီးသားစားရမည်.မဟုတ်လား...

Story of my lifeWhere stories live. Discover now