(Unicode)
လူခြေတိတ်နေသည့် ညနက်အချိန်ဖြစ်ပြီး အခန်းအတွင်း၌ လျှစ်စစ်မီးအားလုံးကို ပိတ်ထားသည်။ သို့ပေမဲ့ ကောင်းကင်ထက်က လရောင်ဟာ မှန်နံရံကို ဖြတ်ကျော်၍ အဖြူရောင်ခင်းမွေ့ရာထက်သို့ အလင်းပေးနေသည်။ ထိုမွေ့ရာပေါ်၌ လူသားနှစ်ယောက်ဟာ အားပြင်းပြင်းဖြင့် အချင်းချင်းပွတ်သပ်နမ်းရှိုက်နေကြသည်။ ထူးခြားသည်က ထိုလူနှစ်ယောက်လုံးက ယောကျ်ားလေးများပင်။
" ကိုဟိန်း!"
" အင်း..."
" ကျွန်တော်တို့ dorm ထဲက လူတစ်ယောက်ပြေးထွက်သွားတာ မြင်လိုက်လို့၊ သူခိုးများလား မသိဘူး"
" ဉာဏ်! မင်းကို ကိုယ်နဲ့ ရှိနေချိန် ကိုယ့်ကိုပဲ ကြည့်လို့ ပြောထားတယ်လေကွာ၊ sh*t"
ပြောနေရင်း ကိုဟိန်းက သူ့အပေါ်၌ အုပ်မိုးထားရာမှ ထသွားလိုက်ပြီး မှန်နံရံအပေါ်က ကာကီရောင်လိုက်ကာစ၏ကြိုးကို ဆွဲချလိုက်သည်။ ထိုအခါ အပြင်ဘက်ရှိ လရောင်ကလည်း သူတို့ရှိနေသည့်အခန်းထဲသို့ ဖြာကျခွင့်မရှိတော့ပေ။ အခန်းပတ်ဝန်းကျင်ဟာ မဲမှောင်လျက်သား။
" dorm ထဲမှာ သူခိုးဝင်တာဆို ဘယ်လိုလုပ်မလဲ ကိုဟိန်း၊ ကျွန်တော်...ကျွန်တော့်ညီအစ်ကိုတွေကို စိတ်မချဘူး"
" ကျစ်! ဉာဏ် မင်း မပြီးတော့ဘူးလား၊ ဟိုဘက်အိမ်မှာ တခြားလူတွေလည်း ရှိတယ်၊ ဟိုဘက်အခန်းမှာလည်း ကိုမိုးရှိတယ်"
" ပြဿနာ တစ်ခုခုတက်လာရင် ကိုဟိန်းတို့ညီအစ်ကိုနှစ်ယောက်ပဲ ရှင်းရမှာနော်၊ CEO အကြောင်းလည်း သိလျက်နဲ့"
" အခုချိန်က လူအိပ်ချိန်လေ၊ လူအိပ်ချိန်မှာ ဖြစ်သွားတဲ့ကိစ္စကို ကိုယ်တို့လည်း ဘယ်လိုလုပ်တတ်နိုင်မှာတုံး"
" ကိုဟိန်း! တော်ပြီ ကျွန်တော် ပြန်တော့မယ်"
တင့်စောဉာဏ်လည်း ခုတင်ပေါ်မှ ထလိုက်ပြီး သူ့အခန်းထဲမှ ထွက်သွားရန် ပြင်လိုက်တော့ သူက တင့်စောဉာဏ်၏အရှေ့ကို ဖျတ်ခနဲ ရောက်ချလာပြီး လက်ကောက်ဝတ်ကို လှမ်းဆွဲလျက် တားသည်။
" ဉာဏ်ကလည်းကွာ၊ ဒါ ကိုယ်တို့ရဲ့ကိုယ်ပိုင်အချိန်လေ၊ ဒီအချိန်ရောက်ဖို့ ကိုယ် မင်းကို တစ်နေ့လုံး ဘေးကနေ စောင့်ပေးနေရတာ"

YOU ARE READING
The Flawless Bachelors [FB4]
RomanceFB4 ဆိုတဲ့ ကောင်ချောလေး ၄ယောက်ပါတဲ့ boy band တစ်ခု 💙 FB4 ဆိုတဲ့ ကောင်ချောလေး ၄ယောက်ပါတဲ့ boy band တစ်ခု 💙 Start date - 16,Oct,2021.