Fb4 - 17

539 68 26
                                        

(Unicode)

မမြင်သင့်သည့်မြင်ကွင်းကို မြင်လိုက်ရပြီးနောက် ကိုကိုဟာ စောင်ခြုံထဲ၌ ဝင်ပုန်းနေတော့သည်။ သူ့ကို အသည်းအသန် ဆွဲခေါ်ပြီး ခေါင်မိုးထပ်သို့ ပြေးတက်သည်။ ဟိုရောက်တော့ ရေကူးကန်ဘောင်ပေါ်၌ ဖြစ်ချင်တိုင်းဖြစ်နေသောလူနှစ်ယောက်ကို တွေ့ခဲ့ရ၏။ နှစ်ယောက်သားဟာ သူတို့ကိုတော့ မမြင်။ သူ့အာရုံနှင့်သူ ညည်းညူသံများ၊ ထိရိုက်သံများနှင့်။ သူကတော့ ပညာယူရအောင် ဆက်ကြည့်နေချင်ပေမဲ့ ကိုကိုက ဆင်းပြေးလေတော့ သူပါ ပြေးလိုက်ရ၏။

" ညစာမစားတော့ဘူးလား"

" မင်းပဲ သွားစား"

ခေါင်းမြီးခြုံပြီး ကွေးကွေးလေးအိပ်နေရာမှ အသံထွက်လာ၏။

" ကျစ်! ကိုကို အဲ့အတွေးတွေကို ခေါင်းထဲက ထုတ်လိုက်တော့လေ၊ ပြန်မြင်ယောင်နေတာလား"

" မင်း ဘာစကားပြောတာလဲ၊ ဘာမှ ပြန်မမြင်ယောင်ဘူး"

" သေချာလား"

" သေချာတယ်!"

စောင်အောက်ကနေ သူရဲ​ကောင်းလုပ်နေသူကို ဆက်သည်းမခံနိုင်တော့၍ စောင်ကို ဆွဲလှန်ပစ်လိုက်သည်။

" အာ့! မင်း ဘာလုပ်တာလဲ!"

" ကိုကိုကရော ဘာလုပ်နေတာလဲ"

" ငါ့ပါငါ ဘာလုပ်လုပ်၊ မင်းအပူလား!"

" ဘာ! ပြန်ပြောလိုက်စမ်း စွန်းရိပ်ထင်"

ပြန်ပြောခိုင်းနေသူက သူ့မေးရိုးကိုကျ အားပြင်းပြင်းညှစ်ထားလေသည်။ ဆမ်က အရင်ကလိုမဟုတ်။ အခုနောက်ပိုင်း သူ့ကို နိုင်လိုမင်းထက်လုပ်လွန်းသည်။

" အင့်! လွှတ်!"

" လွှတ်မယ်၊ ဒါပေမဲ့ ကိုကို တစ်ခုကြိုသိထား၊ ကျွန်တော့်ကို အိမ်ဦးနတ်တစ်ယောက်လိုပဲ ဆက်ဆံရမယ်၊ ကလေးတစ်ယောက်လို လာမအုပ်ချုပ်နဲ့"

ပြောပြီးနောက် သူ့မေးရိုးတွေကို ချုပ်ကိုင်ထားရာမှ ဆောင့်လွှတ်လိုက်သည်။ သူ့မျက်နှာ လည်ထွက်သွားပြီးနောက် ဆမ့်ကို မလိုလားစွာ ပြန်ကြည့်လိုက်တော့

" အဲ့အကြည့်ကို ပြင်!"

(ခွပ်!)

စိတ်တိုလက်တိုနှင့် သူ့စကားမဆုံးခင် ပစ်ထိုးချလိုက်သည်။

The Flawless Bachelors [FB4]Cerita yang bikin terobses. Temukan sekarang