(Unicode)
Dorm ကို ဝုန်းဒိုင်းရောက်ချလာသည့်မိုးထက်အာကာတို့ညီအစ်ကိုနှစ်ယောက်ကြောင့် သူတို့လည်း နိုးသွားရသည်။ မထလို့လည်း မရ။ အခန်းတံခါးများကို တဝုန်းဝုန်းလိုက်ထုရင်း မနိုးနိုးအောင် လုပ်သည်။ အိပ်ချင်မူးတူနှင့် သူတို့ခမျာ ပြူးတူးပျာတာနှင့် မိုးထက်အာကာကြောင့် သတိအနေအထားမှာ။
" ခမ်း!"
" ဗျာ..."
" မင်း! မင်းကွာ! ငါ့ကို အတော်ပြဿနာရှာတယ်!"
" ဟမ်...ခမ်းက ဘာလုပ်လို့လဲ ကိုမိုး"
တင့်စောဉာဏ်လည်း အူလည်လည်နှင့် ပြန်မေးလိုက်တော့
" အေး! မင်းအသုံးမကျတာလည်း ပါတယ်၊ အခုချက်ချင်း မင်းတို့အားလုံး ရေသွားချိုးကြ၊ မင်းတို့ကို လမ်းရောက်မှ ပြောမယ်"
" ဘယ်သွားရမှာလဲ ကိုမိုး"
" ဒေါ်မေခဆီ"
" ဗျာ..."
လေးယောက်လုံး ကြောင်အသွားကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လျက်သား။ ဆမ်မင်းလတ်ကတော့ စူပုတ်နေတော့သည်။ မနက်မိုးလင်းလျှင် ပြန်စမည့်သူ့အစီအစဉ်လေးဟာ CEO ကြောင့် ပျက်ရပြီ။
ထို့နောက် အားလုံးရေချိုးပြင်ဆင်ပြီးသွားကြတော့ Dorm ထဲမှ ထွက်လာခဲ့ကြသည်။ ကိုမိုးထက်တို့ညီအစ်ကိုနှစ်ယောက်လုံး မျက်နှာမကောင်းကြ၍ တင့်စောဉာဏ်လည်း ရင်းမြစ်ကို မေးလိုက်တော့
" မနေ့က game endorsement ရိုက်ကူးတဲ့ခမ်းဝတ်စုံက အပြတ်အသတ် leak သွားတာ"
" ဘယ်လို...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ staff တွေကြောင့်လား"
" မဟုတ်ဘူး!"
" ဒါဆို hard core တွေကြောင့်လား"
" မဟုတ်ဘူး! မင်း သိချင်ရင် ခမ်းကိုပဲ တည့်မေးလိုက်တော့"
တင့်စောဉာဏ်လည်း ခမ်းကို တစ်ချက်လှမ်းကြည့်လိုက်တော့ ခမ်းလည်း မျက်နှာပျက်နေသည်။ မဟုတ်မှ
" မနေ့က ဆမ်သောက်တဲ့ milk tea ကို ဘယ်သူဝယ်ပေးလိုက်တာလဲ"
တင့်စောဉာဏ်လည်း ဆမ်မင်းလတ်ဘက်သို့ လှည့်ကြည့်ပြီး မေးချလိုက်တော့မှ ဆမ်လည်း ချက်ချင်းသတိရသွားတော့သည်။ ထို့နောက် မျက်လုံးအပြူးသားနှင့် ခမ်းမျက်နှာကို လှမ်းကြည့်၍ အသံက ထွက်မလာ။ ထိုအချိန် အသံတိတ်နေသည့်စွန်းက ဝင်ပြောလာသည်။
KAMU SEDANG MEMBACA
The Flawless Bachelors [FB4]
RomansaFB4 ဆိုတဲ့ ကောင်ချောလေး ၄ယောက်ပါတဲ့ boy band တစ်ခု 💙 FB4 ဆိုတဲ့ ကောင်ချောလေး ၄ယောက်ပါတဲ့ boy band တစ်ခု 💙 Start date - 16,Oct,2021.