FB4 - 8

839 90 14
                                    

(Unicode)

အိမ်ရှေ့ဒန်းလေးပေါ်၌ ငြိမ်သက်တွေဝေစွာ ထိုင်နေသည့်ဆမ့်အနားသို့ စိမ်းသန့် သွားထိုင်လိုက်တော့ ဒန်းလေးက လှုပ်သွားသည်။ တစ်ပြိုင်နက်တည်း ဆမ်ဟာလည်း စိမ်းသန့်၏မျက်နှာကို လှည့်ကြည့်လာ၏။

" စိမ်း..."

" ဆမ် နေမကောင်းဘူးလား"

" ဟင့် စိမ်းရယ်...ကျွန်တော်လေ"

ပက်ချွဲနပ်ချွဲဖြင့် စိမ်း၏ခါးကို လှမ်းဖက်လိုက်ရင်း ရင်ခွင်ထဲတိုးဝင်တော့ စိမ်း၏အနောက်မှာ သူ့ကို စိုက်ကြည့်ပြီး ရပ်နေသည့်ဒယ်ဒီဆွေနှင့် ရင်ဆိုင်ရသည်။ ဆမ်သည်လည်း လိမ္မာပါးနပ်စွာ ရယ်ကျဲကျဲလုပ်ပြလိုက်ပြီး အလိုက်တသိ ပြန်ခွာလိုက်ရသည်။ သို့ဖြစ်၍ စိမ်းသန့်ကလည်း သတိထားမိသွားပြီး သူ့နောက်က လူကို လှည့်ကြည့်လိုက်တော့ မျက်နှာဟာ ညိုမဲပြီး မှုန်ကုပ်ကုပ်နှင့်။

" မင်းဆွေ...ကလေးကို"

" ဒီ​ကောင် ကလေးမဟုတ်တော့ဘူး စိမ်းသန့်"

" မင်းဆွေကလည်းလေ၊ အသက်ကြီးလာလို့လားမသိဘူး၊ ကလေးနဲ့ ဖက်ပြိုင်ပြီး စကားကို ကပ်သပ်ပြောနေတယ်"

" ခင်ဗျား ကျွန်တော့်ကို သူငယ်ပြန်တယ်လို့ ပြောနေတာလား စိမ်းသန့်"

" မဟုတ်..."

" တော်! ဟွန့်!"

သူ့ဟာနှင့်သူ စိတ်ကောက်၍ အနားမှ ထွက်သွားတော့သည်။ စိမ်းသန့်လည်း ဆမ့်ကို ကြည့်ပြီး အားနာပါးနာနှင့် ပြန်ပြုံးပြမိ၏။ အသက်ကဖြင့် ၄၀ကျော်ပြီ။ အခုချိန်အထိ စိမ်းသန့်ကို ဆမ်နှင့် လိုက်ယဉ်လုနေတုန်းပင်။

" ဆမ် ဘာဖြစ်နေတာလဲ၊ ဦးဦးကိုပြော"

" စိမ်းကို မေးစရာရှိတယ်"

" အွန်း မေးလေ"

" ကြိုပြောမယ်နော်၊ ဒယ်ဒီဆွေ့ကို သွားမပြောပြနဲ့"

" အဟား! ဟုတ်ပါပြီ၊ ဘာပေါက်ကရတွေ မေးမလို့လဲ၊ မေးပါ"

" ဒီလိုဗျာ၊ စိမ်း ဖြစ်ဖူးလားမသိဘူး၊ လူတစ်ယောက်ကို အချိန်တိုင်း နမ်းချင်တာတို့၊ ဖက်ချင်တာတို့၊ အော ဒယ်ဒီဆွေ့လိုမျိုး လိုက်သဝန်တိုနေတာတို့၊ အဲ့ဒါက ဘာအဓိပ္ပာယ်လဲဟင်"

The Flawless Bachelors [FB4]Where stories live. Discover now