(Unicode)
FB4 အဖွဲ့၏ဒုတိယအကြိမ်မြောက် ပရိသတ်များနှင့် တိုက်ရိုက်ထိတွေ့သော concert ဖြစ်၏။ အားလုံးများထဲမှ အငယ်ဆုံးလေး ဆမ်မင်းလတ်ကတော့ ပရိသတ်ကောင်မလေးများအား wink ခဏခဏ လုပ်ပြနေသည်။ အောက်က ကောင်မလေးတွေကတော့ စင်ပေါ်က သူ့ကို အသည်းတယားယားနှင့် တအားအား အော်နေကြသည်။ အော်ဟစ်ဆူညံနေကြသည့် ပရိသတ်များထဲတွင် ကောင်လေးများပင် ပါနေသေး၏။
ဆမ်မင်းလတ်ဟာ လူတွေ သူ့ကို အာရုံစိုက်နေသည့် အချက်ကို အလွန်သဘောကျသည်။ ထို့နောက် ညုတုတုပြုံးလျက် ဘေးဘက်ဝဲယာကို ဝေ့ဝဲကြည့်လိုက်မိရာ သူ့ဘေး၌ တောင့်တောင့်ကြီးရပ်ပြီး သူ့ကို မကြည်သလို စေ့စေ့စိုက်ကြည့်နေသည့် မိုးခမ်းဝါကို တွေ့လိုက်ရ၍ ချက်ချင်း မျက်နှာပိုးသတ်လိုက်ရသည်။ ထိုအခါမှ မိုးခမ်းဝါကလည်း သူ့ကို စိုက်ကြည့်နေရာမှ အရှေ့ဘက်သို့ ပြန်လှည့်သွားသည်။
သို့ပေမဲ့ ဆမ်မင်းလတ်ဆိုတာ နည်းနည်းမှ အငြိမ်မနေသည့်အမျိုးပီပီ မိုးခမ်းဝါ၏ပါးနှစ်ဖက်ကို လက်ဖြင့် ဘေးတစ်ဖက်တစ်ချက်စီ ဆွဲလိုက်ပြီး။
" အဟဲ ကိုခမ်း အဲ့ဒီလို ပြုံးနေပါ၊ ကြာရင် အစ်ကို့ကို ချစ်တဲ့လူတွေ လျော့သွားမယ်နော်"
" အားးးးးး ငါ့OTPကွ!"
ထိုအချိန် ရုတ်တရက်ကြီးထွက်ပေါ်လာသည့် ပရိသတ်ကောင်မလေးတစ်ယောက်၏အသံကြောင့် ခမ်းက သူ့လက်နှစ်ဖက်ကို ရိုက်ချလိုက်ပြီး ခပ်တည်တည်ပြန်နေလိုက်သည်။ ဤအပြုအမူက သူ့အတွက်တော့ ရိုးနေပြီမို့ စိတ်မဆိုးမိပေ။
ထိုအခါ Leader ၏ ဘေး၌ ရှိနေသည့် စွန်းရိပ်ထင်က သူတို့နှစ်ယောက်ဘက်သို့ လှည့်ကြည့်လာပြီး ခမ်း၏ပခုံးကို ကိုင်၍ ဆမ့်ကိုပါ ကြည့်ပြီး ပြုံးလျက် ပြောလာသည်။
" ခမ်း fanတွေရှေ့မှာ အဲ့ဒီလို မနေရဘူးလေ၊ ဆမ် မင်းလည်း ခမ်းကို လိုက်စမနေနဲ့တော့"
" ဟွန်း...ကိုကိုက ဆမ့်ကို ဆူတယ်"
" ဟားဟား ငါ နှစ်ယောက်လုံးကို ပြောနေတာလေ"
ရယ်လိုက်သည့်အခါ ပေါ်လာသည့်အသည်းပုံနှုတ်ခမ်းလေးက နွေးထွေးမှုကို သီကျူးသည်။ ထင်ပေါ်လာသည့်သွားစွယ်ဖွေးဖွေးလေးများနှင့် စွန်းဟာ အေးချမ်းသည့်ဓာတ်လေး။ ခမ်း၏တည်တင်းထားလျက်ရှိသော မျက်နှာထားဟာ ပြေလျော့သွားသလို ဆမ်ကလည်း ဆက်မကစားတော့ပေ။ ထိုသို့ပင် စွန်းရိပ်ထင်ဆိုသည်မှာ တစ်ဖက်လူတွေ၏အစွန်းရောက်နေသည့် စိတ်ကို ပြေလျော့နိုင်သည့်လူမျိုး။

YOU ARE READING
The Flawless Bachelors [FB4]
RomanceFB4 ဆိုတဲ့ ကောင်ချောလေး ၄ယောက်ပါတဲ့ boy band တစ်ခု 💙 FB4 ဆိုတဲ့ ကောင်ချောလေး ၄ယောက်ပါတဲ့ boy band တစ်ခု 💙 Start date - 16,Oct,2021.