Fb4 - 12

924 96 19
                                    

(Unicode)

ဝင်သက်ထွက်သက်မှန်မှန်ရှူရှိုက်နေသောသူ့ရင်ခွင်ထဲမှ ကိုကိုဟာ အချိန်အနည်းငယ်ကြာတော့ သူ့အား ပြန်မော့ကြည့်လာသည်။ ထို့နောက် သူ့ကို ပြန်ခွာသွားပြီး ရှက်ရွံ့စွာ မျက်နှာလွှဲထား၏။

" ကိုကို မနေ့က ကိစ္စက ကိုကို လဲကျသွားမှာ စိုးလို့ပါ"

" အင်း ငါ သိပြီ၊ မင်း..."

သူ့ကို ပြန်လှည့်ကြည့်လာသည့် မျက်ဝန်းများ၏တည်နေရာဟာ သူ့နှုတ်ခမ်းထောင့်စွန်း၌ ရှိ၏။ ကိုကို သူ့ကို ထိုးပြီးပြီးချင်းကတည်းက စိတ်ပူသွားတာ သူ သတိထားမိလိုက်သည်။ သို့ပေမဲ့ ကိုကိုက သူ့ဒေါသနှင့်သူမို့ ဆမ့်ကို လျစ်လျူရှုနေခဲ့၏။ တစ်ချိန်က ဆမ် trainee ဆင်းဖို့ စရောက်ရောက်ချင်းနေ့အပြီး အပင်ပန်းမခံနိုင်၍ နောက်ရက်မှာ ဖျားသွားခဲ့တာကြောင့် လေ့ကျင့်နေစဉ် မူးလဲခဲ့ဖူးသည်။ ထိုအခါ စွန်းကပဲ ဆမ့်ကို ဆေးရုံသို့ ချီခေါ်ခဲ့ရသည်။ အဲ့သည့်အချိန်တုန်းက ဆမ်ဟာ ၁၆နှစ်သားအရွယ်သာရှိသေးပြီး စွန်းကတော့ ၁၉နှစ်ပြည့်ပြီးပြီ။ လူကောင်ကလည်း စွန်းက ပိုထွားခဲ့ပေမဲ့ အခုချိန်မှာတော့ ဆမ့်ကို သူ မော့ပင်ကြည့်နေရသည်။

" မင်း နှုတ်ခမ်းက နာနေလား"

" မှန်းကြည့်လေ ကျွန်တော် နာနေမလားလို့"

" ငါက ဘယ်လိုလုပ်မှန်းတတ်မှာလဲ"

ပြောပြီး ဝေ့လည်လည်နှင့် သူ့အနားမှ ရှောင်ထွက်သွားရန် ပြင်တော့ သူ မြန်မြန်ဆန်ဆန် ကိုကို့လက်ကို ဖမ်းဆွဲလိုက်ရသည်။

" လွယ်လွယ်လေး"

ပြောပြီး ကိုကို့်နှုတ်ခမ်းကို ဖျတ်ခနဲ ငုံ့နမ်းပစ်လိုက်သည်။ ကိုကိုဟာ တအံ့တသြဖြစ်သွားရှာပြီး ရှိုးတိုးရှန့်တန့်ဖြစ်သွားသည်။ သူ့ကိုတော့ ဘာမှရန်မတွေ့လာချေ။

" ဘယ်လိုလဲ နာနေသေးတဲ့ပုံပေါက်လား"

" ငါ မသိဘူး ဆမ်၊ ငါ့ကို လာမကစားနဲ့"

" ကိုကိုက ကစားနေတယ်ထင်လို့လား၊ ဒါဆိုလည်း အတည်လုပ်ကြတာပေါ့"

" မင်း ဘာလုပ်မှာ..."

ကိုကို့ခါးကို သူ့ရင်ခွင်နှင့် နီးစပ်လောက်သည်အထိ ဆွဲကပ်လိုက်သည်။ သူ့အပြုအမူတွေကို မျက်တောင်မခတ်တမ်း ပြူးကြည့်နေသည့်ကိုကို့ကို မဲ့ပြုံးပြုံးပြလိုက်ရင်း ကိုကို့ဒူးအောက်သို့ လက်လျိုသွင်း၍ မချီပစ်လိုက်သည်။

The Flawless Bachelors [FB4]Where stories live. Discover now