Fb4 - 11

820 106 20
                                    

(Unicode)

ကျော်ထွဋ်ခေါင်ဟာ ကလက်မီးရောင်စုံများကြားမှ ကော့တေးလိုက်ပို့နေသည့်ကောင်လေး၏မျက်နှာကို သဲကြီးမဲကြီးလိုက်ကြည့်နေမိသည်။ သူ ရင်းရင်းနှီးနှီးမြင်ဖူးခဲ့သော အဲ့သည့်မျက်နှာလေးကို သူ တခြားလူနှင့်တော့ မမှားနိုင်ပါချေ။ ထို့ကြောင့်လည်း ဘေးက သူငယ်ချင်းများကို ထားခဲ့လိုက်ပြီး ထိုကောင်လေးရှိရာဆီသို့ လျှောက်သွားလိုက်သည်။

" ဟိတ်!"

" အမလေး! မင်းသား"

" လာပြန်ပြီ"

" ဪ...အစ်ကို၊ ဒီရောက်နေတာလား"

သူ့ကို ရုတ်တရက်မြင်လိုက်ရတော့ တအံ့တသြဖြစ်သွားပုံဖြင့် မေးလာတာကြောင့် သူ ဟက်ခနဲ ရယ်ချလိုက်မိသည်။

" ကိုယ့်သူငယ်ချင်းတွေ ပါတယ်လေ၊ နေပါဦး၊ မင်းက ဒီမှာ ဘာလဲ"

" ဟီး...ကျွန်တော်လား၊ အချိန်ပိုင်းအလုပ်သမားလေ"

" ဪ...မင်း အလုပ်တော်တော်ကြိုးစားတာပဲ"

" ကြိုးစားရတာပေါ့ဗျာ့၊ ကျွန်တော်တို့က မချမ်းသာဘူးလေ၊ ဪ အစ်ကို ခဏနော်၊ ဟိုဘက်မှာ ကျွန်တော့်ကို ခေါ်နေလို့"

" ဟုတ်ပြီ၊ မနက်မှ ရိုက်ကွင်းမှာ ထပ်တွေ့ကြတာပေါ့"

" ဟုတ်ကဲ့ အစ်ကို"

သူ အရင်က ည၈နာရီနောက်ပိုင်းမှ လာနေကျမို့ ထင်၏။ သည်နေ့ သူငယ်ချင်းများနှင့် စောစောထွက်လာတော့မှ တွေ့ခွင့်ရလိုက်တာ။ နောက်ရက်တွေကစပြီး သူ အမြဲတမ်း သည် club ကို လာရတော့မည်။

နောက်တစ်နေ့ကျတော့ သူ့အခန်းတွေ စောစောရိုက်ကူးပြီးသွားသည်။ ကြားရတာတော့ မိုးခမ်းဝါအတွက် ရှူတင်နောက်ဆုံးနေ့ဖြစ်သည်တဲ့။ သို့ဖြစ်ရာ ဝေနှောင်းကို သူ ရှူတင်မှာ သည်နေ့တစ်ရက်တည်းသာ တွေ့ခွင့်ရတော့မည်။ သို့ပေမဲ့လည်း ကိစ္စတော့မရှိ။ ဝေနှောင်း အလုပ်လုပ်သည့်နေရာကို သူ သိနေပြီပဲ။

" ဟိတ်!"

" အမလေး!"

ဝေနှောင်းမှာ သည်လူနှင့်တွေ့လိုက်တိုင်း အလန့်တကြားဖြစ်နေရပြီး သည်လူကလည်း သူ လန့်သွားတာမြင်တော့ ပါးချိုင့်နက်များ ပေါ်သည်အထိ ရယ်သည်။ ဝေနှောင်းဟာ တခြားအနုပညာရှင်များ၏ PA များနှင့်လည်း ရင်းနှီးနေပြီဖြစ်၍ သူ့အတွက် နောက်ဆုံးတွေ့ရသည့်နေ့မို့ ကိုခမ်း ရိုက်ကူးရေးလုပ်နေသည့်အချိန်အတောအတွင်း လိုက်နှုတ်ဆက်ခဲ့ပြီး ကိုခမ်းရှိနေရာဆီ ပြန်လာခဲ့တာ။

The Flawless Bachelors [FB4]Donde viven las historias. Descúbrelo ahora