FB4 - 9

716 82 11
                                    

(Unicode)

အဖွဲ့ဝင်အားလုံးပြန်ဆုံကြသော နား ရက်၁ပတ်ပြည့်သည့်အခါ ဝေနှောင်းလည်း အိမ်ပြန်ခွင့်ရသည်။ သူ့အတွက် အလုပ်ချိန်ကား မနက် ၇နာရီမှ ညနေ ၅နာရီအထိ ဖြစ်သည်။ ထိုအချိန်အတိအကျ မိုးခမ်းဝါအနားမှာ ရှိနေပေးလျှင် ရပြီ။ ကျန်သည့်အချိန်တွေက မန်နေဂျာနှစ်ယောက်၏တာဝန်သာ ဖြစ်သည်။ နေခမင်းမြတ်၏အကူခေါ်ထားပေးရသည့်ရည်ရွယ်ချက်ဟာ မိုးခမ်းဝါကို သရုပ်ဆောင်လိုင်းအထိ တိုးထွက်စေချင်တာကြောင့်လည်း ပါသည်။ ထို့ကြောင့်လည်း မိုးခမ်းဝါအတွက် PA က မရှိမဖြစ်လိုအပ်သည်။

" ခမ်း series က guest role ပဲမလား၊ ဘာလို့ မင်းအပိုင်းတွေ ရိုက်ကူးတာ မပြီးသေးရတာလဲ"

" ကိုနေခက ကျွန်တော့်ကို သက်သက်လုပ်ချသွားတာ ကိုစွန်းရဲ့၊ အခုက ဖြတ်လျှောက်သဘောတောင်မဟုတ်ဘူး၊ second lead နီးနီးဖြစ်နေပြီ"

စွန်းရိပ်ထင်လည်း တွေးစစနှင့် ခေါင်းညိတ်လိုက်သည်။ ကိုနေခက သူတို့လေးယောက်ထဲမှာ မိုးခမ်းဝါကိုဆိုလျှင် ထိုသို့ဖိအားပေးနေကျမို့ မထူးဆန်းပေ။ တင့်စောဉာဏ်လည်း မိုးခမ်းဝါကို ကြည့်လိုက်တော့ ချက်ချင်းမျက်နှာလွှဲသွားတာ တွေ့ရသည်။ စတွေ့ကတည်းက သူနှင့် မျက်လုံးချင်းမဆုံအောင် နေနေသည့်ခမ်းကြောင့် သူ နေရထိုင်ရခက်၏။

" မနက်ဖြန် နှစ်သစ်ကူးညမလား၊ Roman gp က စီစဉ်တဲ့ ပွဲကို မင်းတို့တက်ရမှာ၊ dance နဲ့က တစ်ပုဒ်၊ rock သီချင်းတစ်ပုဒ် cover ပေးရမယ်"

ကိုမိုးထက်အာကာ၏ညွှန်ကြားချက်ကြောင့် သူတို့မှာ ခေါင်းတညိတ်ညိတ်။

သို့ဖြစ်၍ မနက်ဖြန်ပွဲအတွက် သူတို့ စတင်ပြင်ဆင်ရသည်။ ပထမဦးဆုံး stage ၌  rehearsal သွားလုပ်ရပြီး studio မှာလည်း cover song အတွက် လေ့ကျင့်ရသည်။ ဆမ်၏ position က main dancer ပေမို့ သီချင်းနှင့် မလိုက်ဖက်သလို ခမ်းကလည်း main rapper ဖြစ်၍ ရွေးထားသည့် key က သူတို့နှစ်ယောက်လုံးနှင့် မလိုက်ဖက်။ သို့ဖြစ်၍ ဆမ့်ကို ဒရမ်တီးခိုင်းပြီး ခမ်းကိုကျ ဂီတာကိုင်ခိုင်းသည်။ သီချင်းဆိုရမည့်လူက main vocalist ဖြစ်သော လူကောင်သေးသလောက် high notes တွေ ပိုင်သည့် စွန်းရိပ်ထင်နှင့် အသံသြရှရှနှင့် ငြိမ်သောတင့်စောဉာဏ်တို့ပင်။ ထိုသို့ တစ်နေကုန်ဟိုပြေးဒီပြေးဖြင့် လေ့ကျင့်ပြီးနောက် dorm ကို ည ၉နာရီမှ ပြန်ရောက်ကြသည်။ နောက်နေ့ပွဲက ညပိုင်းမို့ သိပ်ပြီးတော့ ပြဿနာမရှိ။ မနက်ခင်းတစ်ပိုင်းလုံး သူတို့ dorm မှာ နားလို့ ရသည်။ နေ့လည်လောက်သာ stage ၌ rehearsal နောက်ဆုံးအကြိမ် သွားလုပ်ပြီး မိတ်ကပ်လိမ်းရုံပင်။

The Flawless Bachelors [FB4]Where stories live. Discover now