FB4 - 7

803 98 7
                                    

(Unicode)

Fan gp တွေထဲမှာ ပျံ့နှံ့နေသည့် ဆမ်နှင့်ခမ်း၏ပုံများနှင့် သူတို့နှစ်ဦး၏ HC များကတော့ စာအရှည်ကြီးများဖြင့် ကြူးနေကြပြီ။ မိန်းကလေးများ၏ကြောက်မက်ဖွယ်ကောင်းသော သင်္ဘောမောင်းစွမ်းရည်မှာ အံ့မခန်းပင်။ ခမ်း၏ဝတ်စုံ leak ရသည့် အကျိုးဆက်ဟာ ဆမ်မင်းလတ်ကြောင့်ဟု ဘယ်ကနေဘယ်လို သိသွားကြသည်မသိ။ ကိုကိုက သူ့ကောင်လေးကို သိပ်အလိုလိုက်တာဟူသော စကားလုံးများနှင့် တအားအား အော်နေကြလေ၏။

ထိုကောမန့်များကို လိုက်ဖတ်နေသူဟာ မိုးခမ်းဝါပင်။ သူ့ဘေးမှ စွန်းရိပ်ထင်မှာလည်း မိုးခမ်းဝါ၏ဖုန်း screen ကို စပ်စုနေတော့သည်။ သူတို့၏မလှမ်းမကမ်းမှ တစ်စုံတစ်ယောက်ဟာတော့ သူ့ကိုကိုကို စားမဝတ်ဝါးမတတ် သဲကြီးမဲကြီး စိုက်ကြည့်နေ၏။ ဤသည်ကို ထိုနှစ်ယောက်မသိရှာ။ facebook group ထဲက post မျိုးစုံ၏ caption များကို စပ်စပ်စုစုလိုက်ဖတ်ပြီး ခမ်းမှာ ယောင်ယမ်း၍ လက်မပင် နှိပ်မိသွားတော့၏။

" ဟာ ဟာ သွားပြီ"

" မြန်မြန် ပြန်ဖြုတ် ခမ်း"

" အား! ဖြုတ်လိုက်ပေမဲ့ Ss မိသွားပြီဗျာ့"

" ဟားဟား! သေပြီပဲ၊ ship post ကိုမှ လက်မသွားထောက်ရတယ်လို့"

စွန်းရိပ်ထင်ကတော့ နောက်လှန်ပြီး ရယ်မောတော့သည်။ မိုးခမ်းဝါလည်း စွန်းရိပ်ထင်နောက် လိုက်ရယ်သည်။ သူတို့မှာ fan တွေအကြောင်း စပ်စုချင်သော်လည်း အသိမခံချင်ပေ။ သို့ရာတွင် စောနက like ပေးထားသည့် post မှာ ss မိသွားရှာပြီး ပြန်တင်ကုန်ကြပြီ။

" သွားပြီပဲ၊ တကယ့်ဂယက်"

သူတို့ Fb4 မှာ ဆမ်နှင့်ခမ်း၏ shippers က အများဆုံးဖြစ်သည်။ ဒုတိယအများဆုံးမှာ စွန်းနှင့်ခမ်းပင်။

" ပြီးကြပြီလား၊ အစ်ကိုတို့ကိစ္စ"

" ဟမ်...ဆမ် အိပ်ချင်လို့လား၊ သွားအိပ်လေ"

" ကိုကို!"

" ကိုစွန်း ကျွန်တော်လည်း သွားအိပ်တော့မယ်"

ခမ်းက သူ့ကို မျက်စောင်းထိုးပြီး ထထွက်သွားသည်။ သူလည်း မျက်မှောင်ကြုတ်လျက် ကိုကို့ဘက်သို့ ပြန်ကြည့်လိုက်တော့ ကိုကိုက တုန်တုန်ယင်ယင်နှင့် သူ့ကို ပြုံးပြလာသည်။

The Flawless Bachelors [FB4]Where stories live. Discover now