FB4 - 3

1K 108 21
                                    

(Unicode)

တင့်စောဉာဏ်တို့ လေးယောက်ဟာ အပြစ်သားများသဖွယ် လက်နောက်ပစ်လျက် တန်းစီရပ်နေကြသည်။ မိုးထက်အာကာကတော့ ဘယ်လျှောက်လိုက်ညာလျှောက်လိုက်ဖြင့် စဉ်းစားတွေးတောနေလေ၏။ ပြီးနောက် တင့်စောဉာဏ်၏မျက်နှာကို ဖျတ်ခနဲ လှည့်ကြည့်သည်။

" ညက မင်းနဲ့ ခမ်း ရန်ဖြစ်ကြလို့လား"

" မဟုတ်ပါဘူး ကိုမိုးရာ"

" အဲ့ဒါမှ မဟုတ်ရင် ဘာဖြစ်ရမှာလဲ! သူ့မျက်နှာကိုလည်း ကြည့်ဦး၊ ယောင်ကိုင်းနေတာ မြင်လို့တောင် မကောင်းဘူး! မင်းနဲ့နှစ်ယောက် အတူအိပ်ပြီး သူ ဘာဖြစ်သလဲ မင်း မသိဘူးလား၊ ငါတော့ သောက်ပြဿနာတက်တော့မယ် ထင်တယ်ကွာ"

မိုးခမ်းဝါက တင့်စောဉာဏ်ဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်တော့ တင့်စောဉာဏ်ကလည်း ဟိုလိုလိုဒီလိုလိုဖြင့် ပြန်ကြည့်လာသည်။ ထို့နောက် မိုးထက်အာကာဘေးက ဟိန်းထက်ရာဇာကို လိပ်ပြာမလုံသလို လှမ်းကြည့်လာသည်။ ထိုအခါ ဟိန်းထက်က သူ့အစ်ကို၏ပခုံးကို ပုတ်၍

" အဟမ်း...ကိုမိုးရာ...ဆူမနေပါနဲ့တော့၊ ဉာဏ်လည်း မသိလို့ နေမှာပါ"

" အကြောင်းပြချက်မရှိရင် ငါ့ကို အဘွားကြီးက အသေကောမှာနော်"

မိုးထက်အာကာဟာ သူတို့ရှေ့၌ ညည်းတွားနေတော့သည်။ ဆမ်မင်းလတ်ကတော့ စွန်းရိပ်ထင်၏အနားသို့ ကပ်၍ တိုးတိုးတိုးတိုးနှင့်။ ပြီးတော့ ကျန်နှစ်ယောက်ကိုလည်း မသင်္ကာသလို ကြည့်လာသေးသည်။ 

" ခမ်း ဒီည CEO မွေးနေ့ပွဲမှာ မင်းမျက်နှာကို mark တပ်ထားနော်၊ လုံးဝ မချွတ်နဲ့၊ တော်သေးတာပေါ့၊ မင်းရဲ့ solo schedule တွေက နောက်လမှ ပြန်စမှာမို့လို့၊ နောက်ပြီး ပွဲရောက်ရင် ဘာမှစားဖို့ မစဉ်းစားနဲ့ mark ချွတ်ရမဲ့အလုပ်ဆို ဝိုင်ခွက်ကိုတောင် ထိဖို့ မကြိုးစားနဲ့! ငါပြောတာ နားလည်လား"

မိုးခမ်းဝါကတော့ တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်လိုက်သော်လည်း ဆမ်မင်းလတ်ကတော့ မိုးခမ်းဝါ၏အနားသို့ ရောက်လာပြီး ပါးကို သေချာကိုင်ကြည့်သည်။ ထိုအခါ ခမ်းက ဆမ့်လက်ကို ရိုက်ချလိုက်သည်။ ဆမ်ကလည်း ခမ်း၏လုပ်ရပ်ကြောင့် ချက်ချင်းကလေးတစ်ယောက်လို ငိုမဲ့မဲ့ဖြစ်သွားပြီး စွန်းရိပ်ထင်ဘက်သို့ အားကိုးတကြီး ပြန်ကြည့်လာ၏။

The Flawless Bachelors [FB4]Tempat cerita menjadi hidup. Temukan sekarang