Fb4 - 10

945 98 16
                                    

(Unicode)

ဉာဏ် - နေ့စွဲ၊ ကြွေကွဲ၊ အမြဲလိုပုံမှန်ပဲ
မြင်ချင်တဲ့စိတ် ထိန်းမရခဲ့...
အမုန်းနွံထဲခ ရင်ကွဲနာတွေကျလည်းအကြိမ်ကြိမ်ရှေ့ဆက်တိုးမိဆဲ

ကခုန်နေသည့်ပရိသတ်များရှေ့၌ လာရပ်သည့်ဟိန်းထက်ရာဇာ။ stage စင်ပေါ်က သူ့ကို စိုက်ကြည့်နေ၏။

စွန်း - နာကျင်အောင် စူး၊ နဂါးရိုင်းလို အကြည့်...

ဉာဏ် - မင်းမျက်လုံးများကို ရင်ဆိုင်ရင်း...

စွန်း - ပူလောင်နေပြီ၊ မုန်းတီးခက်ထန်လွန်းတဲ့ အကြည့်...

ဉာဏ် - အသည်းတွေ ပါး၊ အိပ်မက်တွေဟာ ခြစား၊ ဘာတွေမှားလဲတွေးမရခဲ့၊ လောင်းကျွမ်းပြာကျသံယောဇဉ် ကြေမွလည်း သေချာတာ လုံးဝမုန်းမရခဲ့

လက်နှစ်ဖက်၌ ကိုင်ထားသော Drumsticks များနှင့် မြူးကြွစွာ တီးနေသည့် ဆမ်မင်းလတ်နှင့် ဂီတာပိုက်ထားသည့် မိုးခမ်းဝါ။ သီချင်းကလည်း မြူးမို့ နှစ်ယောက်လုံး၏ကိုယ်မှာလည်း ချွဲတရွဲရွဲနှင့် တီးခတ်နေကြသည်။ ထိုထိုသော rock and roll band တစ်ခုကဲ့သို့ ပေါင်းစည်းထားမှုအောက် လူငယ်လူရွယ်များ အော်ဟစ်ကခုန်လျက် ရှိ၏။

စွန်း - နာကျင်အောင် စူး၊ နဂါးရိုင်းလို အကြည့်...

ဉာဏ် - မင်းမျက်လုံးများကို ရင်ဆိုင်ရင်း...

စွန်း - ပူလောင်နေပြီ၊ မုန်းတီးခက်ထန်လွန်းတဲ့ အကြည့်...

( ခွပ်!)

" ဟျောင့်တွေ ထိန်းကြဦး၊ ဖြစ်ကုန်ပြီ!"

အရှေ့ဆုံးခြမ်းမှ မတ်တတ်ရပ် ကခုန်နေကြသည့်ထဲမှ တချို့ ရန်ဖြစ်ကြတော့သည်။ ရုတ်ရုတ်သဲသဲအခြေအနေကြောင့် တချို့ကတော့ လန့်သွားကြပေမဲ့ တော်တော်များများဟာ သီချင်းထဲမှာပဲ မျောနေကြသည်။ ကျန်သည့်သုံးယောက်ဆိုလျှင် သတိတောင်မထားမိဘဲ တင်ဆက်ဖျော်ဖြေနေကြပေမဲ့ ခမ်းကတော့ ဂီတာတီးနေရင်း ထိုနေရာသို့ လှမ်းကြည့်လိုက်မိရာ ထိတ်ခနဲ ပျာသွားရသည်။ သို့ရာတွင် သီချင်းကလည်း ဆုံးခါနီးနေတာမို့ အမြန်အာရုံလွှဲလိုက်ရသည်။

သီချင်းလည်း ဆုံးရော ဂီတာကို ပစ်ချ၍ ကိုဉာဏ့်ကို သန့်စင်ခန်းသွားမည်ဟု လိမ်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ ရန်ပွဲဖြစ်ခဲ့သည့်နေရာကို သွားရှာကြည့်တော့ မတွေ့။ စောနက သူ့အမြင်လည်း မမှားချေ။ လူအုပ်ကြား၌ ရန်ဖြစ်နေသည့်ကောင်လေးကို သူ သေချာတပ်အပ်မြင်ခဲ့တာ။ ခုနက တာဝန်ရှိသူတွေ လာဖျန်ဖြေတော့ တခြားနေရာရွှေ့သွားသည်လား၊ ပြန်သွားသည်လားတော့ မပြောတတ်။ ထို့ကြောင့် ခမ်းလည်း အရိပ်အယောင်ပင် မမြင်ရတော့သည့်လူကို ဆက်ရှာမနေတော့ဘဲ stage ၏ အနောက်ဘက်ရှိ အနုပညာရှင်များသီးသန့်နားနေခန်းဘက်သို့ ပြန်လှည့်လာခဲ့သည်။ 

The Flawless Bachelors [FB4]Where stories live. Discover now