အပိုင်း ၁ Unicode

1.2K 44 7
                                    

ခိုင်မာနှောင်ကြိုး

အပိုင်း ၁

Unicode

"ရွှေရင်အေး၊မုန့်လက်ဆောင်း"

"ရွှေရင်အေး လာပါဦး။"

"ဟုတ်ကဲ့....လာပါပြီ ခင်ဗျ။"

တွန်းလှည်းကို ဆွဲလှည့်ကာ ခေါ်သံကြားရာဆီသို့ သွားလိုက်သည်။

"တပွဲ ဘယ်လောက်လဲ။"

"တပွဲ ငါးရာ ပါ ခင်ဗျ။"

"ဒီပန်းကန်ထဲ တပွဲထည့်။တပွဲက ပလက်စတစ်ဗူးနဲ့ ပါဆယ် ထုပ်ပေး။"

"ဟုတ်ကဲ့။"

ဝယ်သူပေးသည့် ပန်းကန်ကို ယူပြီး မုန့်ပွဲပြင်ရသည်။ပန်းကန်ထဲသို့ မုန့်လက်ဆောင်းဖတ်၊ကောက်ညှင်းပေါင်း၊အုန်းနို့ကျောက်ကျော၊ အနီရောင်ကျောက်ကျောမျှင်၊
ပေါင်မုန့်တချပ် ထည့်သည်။ပြီးသည်နှင့် အုန်းနို့ရည်ဆမ်းကာ နောက်ဆုံး နို့စိမ်းအနည်းငယ် ပေါက်ပြီး ရေခဲတုံးလေးတွေ ထည့်လိုက်ပါသည်။

လမ်းသွားလမ်းလာ အခြားသူတွေ လာရောက်ဝယ်စားသည့်အတွက် တနေရာထဲတွင် ဆယ်ပွဲလောက် ရောင်းလိုက်ရသည်။သူ ပြုံးလိုက်သည်။

ရပ်ကွက် တပတ်ပတ်ပြီး ရောင်းချပြီးချိန်မှာ အုန်းနို့ရည်ကို ကြည့်လိုက်သည်။ကျန်တော့ကျန်သေးသည်။
အလွန်ဆုံးရှိ ပွဲနှစ်ဆယ်စာ ကျော်ကျော်လောက်ပေါ့။
အချိန်ကြည့်လိုက်တော့ ၃နာရီကျော်နေပါပြီ။

လာဝယ်သူ မရှိသေးတာကြောင့် သစ်ပင်ရိပ်အောက်မှာ ခဏထိုင်ပြီး ခေါင်းမှာ ဆောင်းထားသည့် ဦးထုပ်ကို ချွတ်၍ ယပ်ခပ်လိုက်သည်။တဒင်္ဂ မျက်နှာအေးသွားပေမယ့် ပူလောင်ခြင်းကိုတော့ မပျောက်ပေ။ကျောပြင်တခုလုံးလည်း ချွေးတွေရွှဲနေသည်။နဖူးဘေးနှစ်ဖက်မှကျသည့် ချွေးစီးကြောင်း နှစ်ဖက်သည် အောက်ဖက်သို့ တတောက်တောက်ကျနေသည်။ဝတ်ထားသည့် ပုဆိုးခါးပုံစကို ဆွဲဖြုတ်ပြီး ပြေကျသွားသည့် ပုဆိုးစနှင့် မျက်နှာမှ ချွေးတွေကို သုတ်လိုက်သည်။နဖူးဘေးနှစ်ဖက်မှ ကျနေသည့် ချွေးတွေပါ ပြောင်စင်သွားသည်။ဒါဟာလည်း ခဏပါပဲ။ခဏနေရင် မျက်နှာမှာ ချွေးတွေ ပြန်ပြည့်လာဦးမည်။အကျနေ ပိုပူသည် မဟုတ်လား။ထိုင်လျက်ပင် ပုဆိုးကို သေချာပြန်ဝတ်ပြီး ထလိုက်သည်။အပေါ်ထပ်ဝတ်ထားသည့် ရှပ်အင်္ကျီကို လက်ခေါက်တင်ဖို့ ယောင်ယမ်းကာ စဉ်းစားလိုက်ပြီးမှ နေရောင်ရှိနေသေးသည်ကို သတိရ၍ အသားလောင်မှာစိုးကာ မလုပ်ဖြစ်တော့ပေ။ရှေ့ဆက်ရဖို့ ခရီးက ရှိသေးသည်လေ။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now