အပိုင်း ၁၂ unicode

239 23 11
                                    


ခိုင်မာနှောင်ကြိုး အပိုင်း ၁၂

"အမသီတာ"

"ဟေ။ဘာလဲ ကိုဧည့်သည်။"

"ကျွန်တော် တခုလောက် မေးချင်လို့ပါ။"

"အေး...မေးလေ။ဘာမေးမလို့လဲ။"

"အမသီတာ ကိုင်တဲ့ ဖုန်းကလေ ပိုက်ဆံဘယ်လောက်ပေးရလဲဟင်။"

"ငါ့ဖုန်းကလား...."

အမသီတာ က သူ၏ နံဘေးတွင် ချထားသော သူ၏ ဖုန်းကို ယူကြည့်ကာ ပြောလေသည်။ဖုန်းကိုလည်း လှည့်ပတ်ကြည့်လိုက်သေးသည်။

"ငါဝယ်တုန်းကတော့ သုံးသိန်းကျော် ပေးရတာပဲ။"

"သုံးသိန်းထက် ဈေးနိမ့်တဲ့ ဖုန်းကော မရှိဘူးလား အမသီတာ။"

"ရှိတာပေါ့ဟ။ဖုန်းက သူ့အမျိုးအစားလိုက်ပေါ် မူတည်ပြီး ဈေးနှုန်းကွာသွားတာပေါ့။ဖုန်း အကြောင်းမေးပြီး နင်က ဘာလုပ်မလို့လဲ။"

"လက်ဆောင် ပေးချင်လို့ပါ။"

"လက်ဆောင်...။ဘယ်သူ့ကို ပေးမလို့လဲ။"

"ဟို...ရွှေရင်အေး လက်ဆောင် ပေးချင်လို့ပါ။"

"ဪ.....ကောင်းသားပဲ။ကိုဧည့်သည် က ဘယ်လောက်တန်ပေးချင်လို့လဲ။"

"ကျွန်တော့်မှာ ပိုက်ဆံအများကြီးတော့ မရှိပါဘူး။"

"နင့်မှာ ဘယ်လောက်ရှိလို့လဲ။"

"အခုလောလောဆယ် ကျွန်တော့်မှာ ရှစ်သောင်းလောက်တော့ ရှိတယ် အမသီတာ။အပ်ထည်တွေ လက်ခံထားတာတော့ ရှိတယ်။အဲ့တာကလည်း ပိုက်ဆံ ရဦးမှာပါ။ "

"အင်း...ဖုန်းကလည်း သုံးသိန်းလောက်မှ ကောင်းတာ။တကယ်လို့ ရွှေရင်အေး နင် လက်ဆောင်ပေးတဲ့ အချိန်ထိ နင့်ပိုက်ဆံ မပြည့်သေးရင်လည်း လိုတဲ့ ပိုက်ဆံ ငါစိုက်ပေးပါ့မယ်။"

"ဟာ..တကယ်လား။အမသီတာ ကျွန်တော် ဝမ်းသာလိုက်တာ။ကျွန်တော် ပိုက်ဆံရတာနဲ့ ချက်ချင်း ပြန်ဆပ်မှာပါ။ရွှေရင်အေး ကို ဖုန်းကောင်းကောင်းလေး တလုံးလောက် ပေးကိုင်ချင်လို့ပါ။သူလည်း လူငယ်ဆိုတော့ ကိုင်ချင်ရှာမှာ။"

ပိုက်ဆံစိုက်ပေးမယ် ပြောလို့ ဝမ်းသာအားရနှင့် ကျေနပ်အပြုံးလေး ပျော်ရွှင်မိပေမယ့် စိတ်မကောင်းစရာ စကားတွေကို ရပ်ကွက်အတွင်းမှာ ကြားထားပြန်တော့ ကိုဧည့်သည်ကို ကြည့်ရင်း အမသီတာ တယောက် စိတ်မကောင်း ဖြစ်မိလေသည်။မနက်က ဈေးထဲကို သွားတော့ ဈေးသည်တွေဆီမှ ....

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now