အပိုင်း ၃၀ unicode

222 26 10
                                    


ခိုင်မာနှောင်ကြိုး အပိုင်း ၃၀

အကို သူ့ဆီမှ ဖုန်းနံပါတ် တောင်းသွားသည့် အချိန်မှစပြီး တပတ်အတွင်း သူ့စိတ်တွေ မရိုးမရွ ဖြစ်နေသည်။တပတ်ရှိနေပြီ။ဖုန်းဆက်သင့်ပြီ မဟုတ်လား။သူပါးစပ်နှင့် ရွတ်ပြလိုက်သော ဖုန်းနံပါတ်ကို ဦးဏှောက်နှင့် မှတ်သွားသော အကို သူ့ဖုန်းနံပါတ်ကို မေ့သွားပြီလား။အကိုက ဉာဏ်ကောင်းသူပဲလေ။မမေ့ဘူးဟု ထင်သည်။ဒါပေမဲ့ အကို သူ့ကို မေ့သွားပြီ။ဖုန်းကို ကြည့်နေရင်းမှ အလိုလို ဝေ့ဝဲလာသည့် မျက်ရည်များ။

ညရောက်တော့လည်း စာကျက်ပေမယ့် စာထဲမှာ စိတ်ကမပါ။နံဘေးမှာ ချထားသည့် ဖုန်းကိုသာ စိတ်ကရောက်နေသည်။ရက်တွေလည်း ကြာနေပြီ။အကို သူ့ကို ဖုန်းခေါ်သင့်ပြီ မဟုတ်လား။ဖုန်း screen ဘယ်အချိန် လင်းလာမလဲ။ဖုန်းအသံ ဘယ်အချိန် မြည်လာမလဲ ဆိုတာကို စောင့်မျှော်ရင်း စာကျက်လို့လည်း မရသောကြောင့် အိပ်ရာထဲမှာ လူးလိမ့်နေလိုက်သည်။ပုံမှန်ဆို ဖုန်းနှင့် ဝေးဝေးနေတတ်သူက အခုဆို ဖုန်းကို ခေါင်းအုံးဘေးမှာ ထားအိပ်လိုက်သည့် အဖြစ်ပါ။အကို့ဆီမှ ဖုန်းလာရင် မကြားမှာ စိုး၍ဖြစ်သည်။

"ကလင်...ကလင်။"

ရိုးရှင်းလွန်းသော အသံနှင့် မြည်လာသော သူ့ဖုန်းသံကြောင့် မှေးခနဲ အိပ်ပျော်သွားသောသူ ဆတ်ခနဲ နိုးလာသည်။သူ့အသိစိတ်၏ နှိုးဆော်မှုကြောင့် သူ၏လက်တွေဟာ အလိုလို ဖုန်းဆီသို့ ရောက်သွားပြီး ဖုန်း screen ကိုတောင် ‌သေချာ မကြည့်ဘဲ ဖုန်းဖြေလိုက်သည်။

"အကို ဘာလို့အခုမှ ကျွန်တော့်ဆီ ဖုန်းဆက်တာလဲဟင်။ကျွန်တော် က အကို့ဖုန်းကို မျှော်နေတာ။"

"ဘယ်က အကိုလဲ ကိုကြီး။"

တဖက်မှ အသံကြားမှ သူထိတ်လန့်စွာ နားမှာကပ်ထားသည့် ဖုန်းကို ခွာပြီး ဖုန်း screen ကို ကြည့်လိုက်တော့ ဧပရယ် ဆက်တာ ဖြစ်နေသည်။

"ဪ...ဟို...ကိုကြီး ကို ဖုန်းဆက်တာ ဘာကိစ္စ ရှိလို့လဲ ဧပရယ်။"

"မနက်ဖြန် သား ကျူရှင် အစောကြီး သွားရမယ်။ကျူရှင်က ပြန်ရင် အာနီ တို့အိမ် ဝင်မယ် ကိုကြီး။မနက်ဖြန် သားနဲ့အာနီ ဆေးခန်းပြန်ပြရမှာမလို့။"

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now