ခိုင်မာနှောင်ကြိုး အပိုင်း ၃၂
"ဟဲလို...အကို..ဒီနေ့ အားလား မသိဘူးခင်ဗျ။"
"ကျွန်တော် ခဏနေရင် ဂျူတီထွက်မယ်။ပြီးရင် အိမ်ပြန်မယ်။ဒီနေ့ အိမ်မှာ လုပ်စရာလေး ရှိလို့။"
"ဟုတ်ကဲ့။ဒါဆို အခု ကျွန်တော် ဆေးရုံကို လာခဲ့လို့ ရမလား အကို။"
"အင်း...လာခဲ့လေ။ဒါနဲ့ ကိစ္စရှိလို့လား။"
"ဒီနေ့ အိမ်မှာ မုန့်လုပ်စားဖြစ်လို့ အဲ့ဒါ အကို့ကိုလည်း ကျွေးချင်တာနဲ့ လာပေးချင်လို့ပါ။"
"ဪ...ရပါတယ်။အားနာစရာ။"
အကို့ဆီမှ အားနာသည် ဆိုသော စကားကို ကြားလိုက်ရတော့ သူ စိတ်မကောင်း ဖြစ်သွားလေသည်။အကို က သူ့ကို သူစိမ်းတယောက်လိုပဲ သတ်မှတ်သေးပုံ ရပါသည်။အခုဆိုရင် အကိုနဲ့သူ အတော်အသင့်လေး ရင်းနှီးစပြုလာပါပြီ။အကို့အကြောင်းလည်း သိလာသင့်သလောက် သိလာပြီ။အကိုက ဆရာဝန် ဆိုပေမယ့် အခြား စီးပွားရေးလုပ်ငန်းလည်း လုပ်ကိုင်နေသည်ဟု သိရသည်။ဘာလုပ်ငန်းလုပ်ကိုင်သလဲတော့ သူသေချာစွာ မသိပေ။ဘာလုပ်သလဲ ဆိုတာကိုတော့ သူစပ်စုပြီး မမေးပါ။အကိုနှင့် စကားပြောခွင့်၊တွေ့ခွင့် ရနေတာနဲ့တင် သူကျေနပ်နေပါပြီ။
ကောင်းတာ တခုခု စားရရင် ချစ်တဲ့သူကို သတိရသည် ဆိုသော စကားအတိုင်း ဒီနေ့ အိမ်မှာ ခေါက်ဆွဲကြော် စားတော့ အကို့ကို သတိရ သွားသည်။ဒီနေ့ တနင်္ဂနွေလည်း ဖြစ်သောကြောင့် ရွှေရင်အေး အော်ဒါလည်း လုပ်ရသည်။အော်ဒါကို မှာတာကို နည်းနည်းပိုလုပ်ပြီး ကျန်တာကို ဗူးနဲ့ထုတ်ပြီး အကို့ကို ကျွေးဖို့ ယူသွားမည်။အကို့ကို ဖုန်းဆက်တော့ ဆေးရုံကို လာခဲ့ဖို့ ပြောတာကြောင့် ရွှေရင်အေး ကို ပိုမိုထုတ်ပိုးယူခဲ့သည်။ဆေးရုံမှ အကို့လုပ်ဖော်ကိုင်ဖက်တွေကို ကျွေးချင်၍ ဖြစ်သည်။
ရွှေရင်အေး order ကိုတော့ ကိုသားက သွားပို့ပေးမည်ဟု ပြောသောကြောင့် သူ့အတွက် တာဝန်တခုလျော့သွားလေသည်။ညနေတော့ ကျူရှင်သွားရမည်။အိမ်မှာလည်း တနင်္ဂနွေ ဆိုပေမယ့် ညီအကိုသုံးယောက်လုံး ကျောင်းသားတွေ ဖြစ်သောကြောင့် ကျူရှင်တက်တာနှင့် တနင်္ဂနွေပေမယ့် လူစုံအိမ်မှာ မရှိ။ထုံးစံအတိုင်း အန်တီစိုး က ဆိုင်စောင့်ပေးသည်။
DU LIEST GERADE
"ခိုင်မာနှောင်ကြိုး"
Romantikအားလုံးပဲ မင်္ဂလာပါရှင့် BL Fic အသစ်လေးနဲ့ ထပ်မံ တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ BL Fic အသစ်လေးကိုတော့ "ခိုင်မာနှောင်ကြိုး" လို့ အမည်ပေးထားပါတယ်။ ကိုယ်တိုင်ရေးသားထားသော own creation ဖြစ်ပါတယ်။Boy Love Fiction ဖြစ်ပါတယ်။ ဖတ်ရှု၊ဝေဖန်၊သုံးသပ် ပေးပါ...