ခိုင်မာနှောင်ကြိုး အပိုင်း ၃၁
လည်ဂတုံး အင်္ကျီအဖြူ လက်ရှည်လေးကို ဝတ်ဆင်ထားသည့် သူ့ရှေ့မှာ ထိုင်နေသော ကောင်လေး။ဆံပင်တွေကို အနောက်သို့ အပြောင်ရှင်းထားပြီး မဟာနဖူးကို ရှင်းလင်းစွာ မြင်နေရလေသည်။ဆံပင်တွေက အနည်းငယ် ရှည်သယောင် ရှိပြီး ဆံပင်ကို အပြောင် သိမ်းထားသောကြောင့် ရှိရင်းစွဲ အသက်ထက် ကြီးနေသည်ဟု ထင်ရလေသည်။အသက်ကို ထည့်ပြောနေပေမယ့် ကောင်လေး၏ အသက် ဘယ်လောက်ဆိုတာ သူမသိ။ဝတ်စားဆင်ယင်ပုံ ၊ အနေအထိုင်ကြောင့် အသက်ကြီးသည်ဟု ထင်ရပေမယ့် အနီးကပ် ကြည့်လိုက်တော့ မျက်နှာလေးကတော့ နုဖတ်လို့ နေလေသည်။ရင့်ရော်ဟန်ဆောင်ထားပေမယ့် တတိယနှစ် ဆေးကျောင်းသား တယောက်၏ အသက်ကတော့ သူ့ထက်အများကြီး ငယ်လောက်ပါသည်။သူအကဲခတ်ကြည့်နေသည်ကို သိဟန်တူပြီး သူ့ကို ပြန်လည်ကြည့်ရှုနေသော ကောင်လေး၏ မျက်ဝန်းတွေဟာလည်း စူးရှတောက်ပလွန်းပါသည်။
"ဖုန်းမဆက်ဖြစ်တာက ပြောပြီးသားစကားကို မတည်တာ မဟုတ်ပါဘူး။ဖုန်းဆက်ပါတယ်။ဖုန်းက တပ်ဆင်ထားခြင်း မရှိလို့ပဲ ပြောနေလို့ပါ။ဖုန်းနံပါတ် အမှတ်မှားသွားတယ် ထင်ပါတယ်။"
ကျောင်းမှာတွေ့ဖြစ်ကြတုန်းက ပြောပြီးသားစကားကို ဘာလို့မတည်တာလဲဟု သူ့လက်ကို ဆွဲခေါ်ကာ မေးခြင်းခံရသောကြောင့် မဟုတ်ကြောင်းကို ပြန်လည်ရှင်းပြ ဖြစ်လေသည်။သူရှင်းပြချင်လေသည်။ဒီကောင်လေး အထင်လွဲသွားမှာကိုတော့ သူမလိုလားပေ။ဘာ့ကြောင့်မှန်း မသိပေမယ့် ကမ်တင်းမှာ မျက်နှာငယ်လေးနဲ့ တွေ့လိုက်ရသည့် ကောင်လေးကို ညအိပ်ယာဝင်တဲ့အထိ အတွေးထဲမှာ စိုးမိုးဆဲဖြစ်သည်။ သူ ဖုန်းမဆက်လို့ စိတ်မကောင်း ဖြစ်နေသည့် ဝမ်းနည်းသော ပုံစံကို မမြင်ချင်၍ ချက်ချင်းရှင်းပြဖို့ ကြိုးစားသော်လည်း ကောင်လေး သူငယ်ချင်းများက အနားသို့ ရောက်လာပြီး ကောင်လေးကို ဆွဲခေါ်သွားကြသည်။မြင့်မိုရ်ရွှေ နှင့် တွဲထိုင်နေသောကြောင့် ကောင်လေးသူငယ်ချင်းတွေ၏ အမြင်မှာ သူတို့ ဆရာမကို နှောင့်ယှက်နေသည်ဟု ထင်၍ ထင်ပါသည်။ သူတို့ ဆရာမကို တောင်းပန်စကားတွေလည်း အထပ်ထပ် ဆိုနေလေသည်။ကောင်လေးတို့ အုပ်စု ထွက်သွားတော့ သူ့လက်ဖျံကို ဆုပ်ကိုင်သွား သည့် နေရာကို အသာကိုင်မိလေသည်။ခပ်နွေးနွေးလေး ကျန်ခဲ့ပြီး ကောင်လေး၏ အငွေ့အသက်တွေ ရှိနေသည်ဟု ခံစားရလေသည်။
ESTÁS LEYENDO
"ခိုင်မာနှောင်ကြိုး"
Romanceအားလုံးပဲ မင်္ဂလာပါရှင့် BL Fic အသစ်လေးနဲ့ ထပ်မံ တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ BL Fic အသစ်လေးကိုတော့ "ခိုင်မာနှောင်ကြိုး" လို့ အမည်ပေးထားပါတယ်။ ကိုယ်တိုင်ရေးသားထားသော own creation ဖြစ်ပါတယ်။Boy Love Fiction ဖြစ်ပါတယ်။ ဖတ်ရှု၊ဝေဖန်၊သုံးသပ် ပေးပါ...