အပိုင်း ၁၅ unicode

230 23 4
                                    


ခိုင်မာနှောင်ကြိုး

အပိုင်း ၁၅

ဈေးရောင်းနေရပေမယ့် စိတ်ကတော့ အိမ်မှာပဲ ရှိနေပါသည်။ဒီနေ့ ထိုလူ ဟိုကောင်မလေး၏ အလှူကို သွားမသွား သူသိချင်နေမိသည်။ မနက်ကတော့ သူအိမ်က မထွက်ခင် အချိန်ထိတော့ ဘယ်မှသွားတာမတွေ့သေး။သူ အိမ်က မထွက်သေးလို့များ ထိုလူ မသွားတာလည်း ဖြစ်နိုင်တာပဲလေ။သူ အိမ်က ထွက်လာချိန်မှာတော့ ထိုလူ အိမ်မှာ ရှိနေသေးသည်။သူ မနေနိုင်တော့ဘဲ အိမ်သို့ ဖုန်းဆက်လိုက်ပါသည်။

"ဟဲလို"

"ငယ်လေး လား။ကိုကြီး ပါ။"

"ဟုတ်ကဲ့ ကိုကြီး။ငယ်လေး ပါ။"

"ငယ်လေး အခု အိမ်မှာ ကိုဧည့်သည် ရှိလား။"

"ကိုကြီးဧည့်သည် မရှိဘူး ကိုကြီး။"

"မရှိဘူး ဟုတ်လား။မရှိတော့ ဘယ်သွားလဲ ငယ်လေး။"

"ကုန်စုံဆိုင် သွားပြီး ကြက်ဥ သွားဝယ်တယ် ကိုကြီး။"

"ကြက်ဥ က ဘာလုပ်ဖို့တဲ့လဲ။"

"အိမ်မှာ ပေါင်မုန့်တွေ ကျန်နေလို့တဲ့။သားတို့ကို ပေါင်မုန့်ကြက်ဥကြော် ကျွေးမလို့တဲ့။အိမ်မှာ ကြက်ဥ မရှိလို့ သွားဝယ်တယ် ကိုကြီး။"

မနက် ဈေးသွားတုန်းက ကြက်ဥ ဝယ်ဖို့ရန် မေ့လာသော ကိုယ့်ကိုယ်ကိုယ်သာ ပိတ်ရိုက်ပစ်ချင်တော့သည်။

"ဘယ် ကုန်စုံဆိုင်ကို သွားဝယ်တာလဲ၊"

"ဒေါ်ကြီးပုမ ဆိုင် ကိုကြီး။"

ဟာ..အဲ့ဒါမှ ပြဿနာပဲ။ဒေါ်ပုမ မှာ သမီးနှစ်ယောက် ရှိသည်။တယောက်က အိမ်ထောင်မကျသေးသူ၊ တယောက်က အိမ်ထောင်ကွဲ နေသူ။အိမ်ကိုလည်း အဝတ်လာအပ်ရင်း ထိုလူနှင့် ရင်းနှီးအောင် နေသောသူတွေ။သမီးနှစ်ယောက်က အကြောင်းမဟုတ်။သူ့အမေ ခိုင်းလို့ အိမ်ကို အဝတ်အစား လာအပ်ရသည် ဆိုတာ အသိသာကြီး။အဆိုးဆုံးက ဒေါ်ပုမ ဖြစ်သည်။နာမည်ကသာ ဒေါ်ပုမ ဖြစ်ပြီး စကားကြောက ရှည်လိုက်တာ ပြောမနေနဲ့။တခါတလေ သူ့ဆိုင်ကို ဈေးသွားဝယ်မိရင် ထိုလူ့အကြောင်း မေးလိုက်တာမှ ထိုလူ တနေ့ အိမ်သာ ဘယ်နှစ်ခါတက်လဲဟု မမေးရုံတမယ်။ဒေါ်ပုမ ဆိုင်ကို ထိုလူ သွားပြီဆိုရင်တော့ တော်တော်နှင့် ပြန်ထွက်လို့ ရမည် မဟုတ်ပေ။ထိုလူ့ကို သူ့ဆိုင်ထဲမှ ထွက်မရအောင် ခေါ်ထားမည်။သူ့သမီးတွေနှင့် အတင်းစကားပြောခိုင်းလိမ့်မည်။မဖြစ်ချေဘူး။ငယ်လေး ကို ဆိုင်လိုက်သွားခိုင်းမှ ဖြစ်ပေမည်။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now