အပိုင်း ၁၆ unicode

221 23 6
                                    

ခိုင်မာနှောင်ကြိုး အပိုင်း ၁၆

မနက် မိုးလင်းပြီဆိုတာနှင့် သူထသည်။ထိုလူ့ ကို လိုက်ရှာရပြန်ပါသည်။အခုဆို သုံးရက်ရှိပြီ။ထိုလူ့ကို ဘယ်မှာမှ ရှာမတွေ့ပေ။သူလည်း ဒီနေ့နဲ့ဆို ဈေးမထွက်တာ သုံးရက် ရှိလေပြီ။အဝတ်တထည် ကိုယ်တခုနှင့် ထွက်သွားသူကို စိတ်ပူသလို ရှာလို့မတွေ့တာကိုလည်း စိတ်ဓာတ်ကျမိသည်။

"ကျွန်တော် ဘာဆက်လုပ်ရမလဲ ကိုသား။အခုထိလည်း သူ့ကို ရှာမတွေ့သေးဘူး။သူဘယ်မှာများ ရောက်နေသလဲ။ရောက်တဲ့နေရာမှာ ဒုက္ခနဲ့များ တွေ့နေပြီလား။ကျွန်တော် သူ့ကို အရမ်း စိတ်ပူတယ် ကိုသား။"

စကားပြောရင်း မျက်ရည်ဝဲလာသူ ရွှေရင်အေး ကို ကြည့်ပြီး ကိုသား တယောက် စိတ်မကောင်း ဖြစ်နေပါသည်။သူ့ပယောဂ မကင်းဘဲ ကိုဧည့်သည် ထွက်သွားခြင်းဟု ခံယူထားသူ ဖြစ်သောကြောင့် ခံစားနေရသည် ခံစားချက်ဟာ အဆပေါင်းများစွာ သာလွန်နေပါပြီ။ ကူညီချင်ပေမယ့် သူတို့လည်း ဘာမှ မတတ်နိုင်ပါ။လာမှာပေါ့ကွာ ဟုလည်း နှစ်သိမ့်ပေးလို့ မရ။ပြန်မလာတော့ပါဘူး ပြောရင်လည်း စိတ်မကောင်း ဖြစ်လိမ့်မည်။ဘာပြောရမှန်း မသိသည့်အတွက် ခေါင်းငိုက်စိုက်ကျနေသူ ရွှေရင်အေး ၏ ခေါင်းလေးကို အသာအယာ ပုတ်ပေးပြီး ဆံနွယ်လေးတွေကို ပွတ်သပ်ပေးပြီး နှစ်သိမ့်ပေးမိပါသည်။

"မောင်ရွှေရင်အေးရေ....မောင်ရွှေရင်အေး"

အိမ်ရှေ့မှ အသံကြားသောကြောင့် ကျဆင်းနေသော မျက်ရည်တွေကို သုတ်လိုက်သည်။

"ဟုတ်ကဲ့...လာပါပြီခင်ဗျ။"

ခြံထိပ်မှာ မြင်ရသူက ငါးအိမ်ကျော်မှ အန်တီမွှေး ဖြစ်သည်။လက်မှာလည်း ငါးဆင့်ချိုင့်ကြီးနှင့်ပါ။အိမ်ကိုများ စားစရာ တခုခု လာပေးသည် ထင်ပါသည်။ကိုသား ကလည်း သူ့နောက်ကနေ ပါလာလေသည်။

"အန်တီမွှေး အိမ်ပေါ်တက်ဦးလေ။"

"မတက်တော့ဘူး။အရေးကြီးတဲ့ စကား နင့်ကို ပြောစရာရှိလို့ လာတာ။ကိုဧည့်သည် အိမ်ပြန်ရောက်ပြီလား။"

"မရောက်သေးဘူး။ကျွန်တော်လည်း ရှာတာနှံ့နေတာပဲ။ဘယ်မှာမှ မတွေ့ဘူး အန်တီမွှေး။"

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now