အပိုင်း ၁၉ unicode

224 21 8
                                    

ခိုင်မာနှောင်ကြိုး အပိုင်း ၁၉

"နင့် ပုံစံက ရိုးမှရိုးရဲ့လား ကြွေ။"

"ဘာလဲ ချိုတေး။နင့်စကားက အဆုံးမရှိ အစမရှိ။"

ထည့်လာသည့် ထမင်းချိုင့်ဗူးထဲမှ လက်ဖက်သုပ်ကို ဇွန်းနှင့် ခပ်စားရင်း ပြောလေသည်။ကြွေရုပ်ကမ္ဘာနှင့် ချိုတေးသံသာ သည် သင်တန်းအတူ တက်ဖြစ်နေသော သူငယ်ချင်းတွေ ဖြစ်သည်။ခင်မင်တာကတော့ အခုမှ မဟုတ်ဘဲ ရှစ်တန်းကျောင်းသူဘဝ ကတည်းက ခင်မင်ရင်းနှီးစွာ ပေါင်းလာသည့် သူငယ်ချင်းတွေ ဖြစ်သည်။အရင်ကတော့ ရပ်ကွက်ချင်း သိပ်မဝေးစွာ နေကြသူများ ဖြစ်သည်။အခုတော့ ကြွေရုပ်ကမ္ဘာ တို့ မိသားစု အိမ်ပြောင်းလာတော့ ချိုတေးသံသာ ကလည်း သူ့အိမ်ကို ရံဖန်ရံခါ လာလည်တတ်သေးသည်။အိမ်လာမလည် လည်း ကျောင်းမှာကော၊သင်တန်းမှာပါ တွေ့နေကျ ဖြစ်သည်။သူတို့နှစ်ယောက်သည် ဆေးဝါးကျွမ်းကျင်မှုသင်တန်း တက်နေခြင်းပင် ဖြစ်သည်။ တနေ့မှာ ဆေးဆိုင်ဖွင့်လှစ်ဖို့ ရည်ရွယ်ချက်ရှိသူများလည်း ဖြစ်သည်။ ချိုတေးသံသာနှင့် သူ့မိဘတွေဟာ ငွေကြေးအားဖြင့် တက်နိုင်သူများ ဖြစ်သဖြင့် ဆေးဆိုင် ဖွင့်ပေးဖို့ လက်တွန့်ကြမည်သူများတော့ မဟုတ်ပေ။သူတို့ ရည်မှန်းချက်များကို ဖြည့်ဆည်းပေးမည့် သူများ ဖြစ်လေသည်။ဒီနေ့ သင်တန်းမှာ ထမင်းစားချိန် ခဏနားစဉ် ချိုတေးမှ သူ့ကို ပြောသော စကားဖြစ်သည်။

"ဟို စက်ချုပ်တဲ့ အကိုကြီးလေ။နင်ခေါ်တဲ့ အကို ဆိုတဲ့သူပေါ့။နင် သူ့ကို စိတ်ဝင်စားနေတာလား။"

ချိုတေး က သူ့ကို တိုက်ရိုက်မေးလာတော့လည်း သူ့အနေနဲ့ ခေါင်းညိတ်ပြရုံသာ ရှိသည်။

"ဘယ်လိုများ ဖြစ်ရတာလဲ ကြွေ။ကျောင်းမှာ နင့်နောက်က တန်းစီပြီး လိုက်နေတဲ့ သူတွေကိုတောင် နင်ခါချနေပြီးတော့။အခုလို ရပ်ကွက်ထဲ စက်ချုပ်တဲ့သူကိုမှ ဘယ်လိုဖြစ်လို့ စိတ်ဝင်စားသွားရတာလဲ။"

"အဲ့လို မပြောပါနဲ့ဟာ။သူက သူတတ်တဲ့ ပညာနဲ့ ရိုးရိုးသားသား စီးပွားရှာနေသူပါ။ဘာလို့ စိတ်ဝင်စားသွားရတာလဲ ပြောရင် အကို့ကို ငါ သနားသွားတာက စတာပဲ။"

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now