အပိုင်း ၁၀ unicode

285 21 16
                                    


ခိုင်မာနှောင်ကြိုး အပိုင်း ၁၀

သူ အိပ်ရာက နိုးလာချိန် မျက်လုံးနှစ်လုံး ဖွင့်မိချိန်မှာပဲ ညက ဖြစ်ရပ်တွေဟာ အတွေးထဲမှာ ချက်ချင်း ဆိုသလို ရောက်လာပါသည်။ညက....ညက ဇင် ငိုသည်။ပြီးတော့...သူ့ကို ရင်ဖွင့်သည်။ပြီးတော့.....။သူတွေးနေစဉ်မှာပဲ တကိုယ်လုံး ပူနွေးလာစေသော ခံစားချက်ကို သူ ရသည်။

"ကျွန်တော်တို့ မိဘတွေ သေဆုံးသွားရတာ၊ ကျွန်တော်တို့မှာ မိဘတွေ မရှိတော့တာ ဘာများအပြစ်ရှိလို့လဲဗျာ။ဘာများမှားလို့လဲဟင်။"

"မမှားပါဘူး။ဘာမှမမှားပါဘူး။အချို့လူတွေကသာ ....လူတဖက်သားကို.... ပြောချင်နေကြတာပါ။စိတ်ထဲမထားပါနဲ့နော်။"

"ဒါပေမဲ့....ကျွန်တော်..ကျွန်တော်လေ..."

စကားပြောရင်းမှ သူ့ခန္ဓာကိုယ်ပေါ်သို့ ပြိုလဲကျလာသော ဇင့် ခန္ဓာကိုယ်ကို ထိန်းထားပေးလို့မရသလို သူ ကိုယ်တိုင်လည်း ယိုင်နဲ့သွားကာ နောက်ပြန်ကျလေသည်။ဇင့် ဟာ သူ့ပေါ်မှာ ထပ်လျက် အနေအထားနှင့်ပါ။သူ့ ခန္ဓာကိုယ်ပေါ်မှာ အုပ်မိုးသွားသော မျက်ရည်စတွေနှင့် မျက်ဝန်းစူးစူးကို ရင်ဆိုင်လိုက်ရလေသည်။ယောင်ယမ်းကာ ပါးစပ်မှ ထွက်သွားသည့် အမည်တခုကိုတော့ ဇင် လည်း သတိထားမိပုံ မရ။

"ကျွန်တော် ဘာများ.....ဘာများ...မှားသလဲဗျာ"

"မ...မမှားပါ..ဘူး"

"ကျွန်တော် ဘာများ.....ဘာများ...မှားသလဲဗျာ"

"ကျွန်တော် ဘာများ.....ဘာများ...မှားသလဲဗျာ"

"ကျွန်တော် ဘာများ.....ဘာများ...မှားသလဲဗျာ" ဟူသော စကားကို ဇင့်၏ နှုတ်ဖျားမှ အထပ်ထပ်ပြောနေသည်။ဇင့် စိတ်ဟာ ဦးတည်ရာ မရှိဘဲ လွင့်မျောနေသည်ဟု ခံစားရသည်။သူ့အပေါ်မှ အုပ်မိုးနေသော ဇင် ဟာ သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး မျက်ရည်ကျရင်း စကားတခွန်းကို အထပ်ထပ် ပြောလိုက် ဖြစ်နေသည်။ဇင့်၏ မျက်ရည်စတွေဟာလည်း သူ့မျက်နှာပေါ်သို့ တစက်ချင်း ကျလာလေသည်။ သူ့လက်တဖက်နှင့် ဇင့် ပါးပြင်မှ မျက်ရည်စတွေကို သုတ်ပေးမိသည်။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now