ခိုင်မာနှောင်ကြိုး အပိုင်း ၃၈

94 6 10
                                    

အပိုင်း ၃၈

"မင်း အဖြစ်ကလဲကွာ။"

အကို့၏ အရှက်သိက္ခာတရားနှင့် ဆိုင်သည့် ချန်လှပ်ထားပြီး သူနှင့်အကို ရေချိုးခန်းထဲမှာ ဖြစ်ပျက်ခဲ့သည့် ကိစ္စကို ကိုသား ကို ပြောပြလိုက်ပါသည်။ ပထမတော့ ကိုသား က ရယ်လေသည်။သူ နှုတ်ခမ်းစူ ပြလိုက်တော့မှ ကိုသားက အရယ်ရပ်လေသည်။ အကိုနှင့်သူ၏ ဖြစ်ရပ်ဟာ အခြားသူအတွက် ရယ်စရာ ဖြစ်ပေမယ့် သူ့အတွက်ကတော့ မျက်နှာပူစရာ၊ အားနာစရာ ဖြစ်သည်။ ရေချိုးခန်းထဲကနေ အကိုက ရေလဲပုဆိုးပေးဖို့ တောင်းတော့ အခန်းထဲမှာ ရှာဖွေယူလာပေးပြီး တံခါးခေါက်တဲ့ အချိန်အထိ အကောင်း။‌ရေချိုးခန်းတံခါးဖွင့်လာတော့မှ ပြဿနာက စတာဖြစ်သည်။ရေချိုးခန်း တံခါးလေး ပွင့်လာပြီး ရေစက်လက် ဆံနွယ်စနှင့် မျက်နှာရေစိုလက်လက်ကို တဒင်္ဂ မြင်တွေ့ရချိန် သူ့စိတ်တွေဟာ ဂယောက်ဂယက် ဖြစ်ကုန်လေသည်။သူ့မျက်လုံးတွေ ခွာမရတော့တာ အကို့၏ မျက်ဝန်းဆီမှာ။အကို့၏ ညှို့ငင်အားက ဘယ်လောက်ပြင်းသလဲ ဆိုရင် သူမျက်လုံးမခွာနိုင်တော့တဲ့အထိပါ။သူ့လက်ထဲမှ ရေလဲကို အကိုလှမ်းယူနေတာကိုတောင် မသိလိုက်သည့် အဖြစ်မျိုးပါ။သူတကယ်အားနာမိသည်။ သူ့ကြောင့် အကို ဘယ်လောက်တောင် ရှက်သွားလိုက်မလဲ။ ဒါဆို သူရော။ အဝတ်အစားပြင်ပမှာ ရှိနေတဲ့ မျက်ဝန်း၊ နှုတ်ခမ်း၊ မျက်တောင်လေးတွေ၊ လက်ချောင်းလေးတွေပါ မကျန် မြင်ရရင် သူရင်ခုန်နေတာလေ။ အဝတ်အစား အပါတဲ့ အကို့၏ ခန္ဓာကိုယ် တခုလုံးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတော့ သူ့ရင်တွေ ဘယ်လောက်တောင် ဗြောင်းဆန်သွားသလဲ စဉ်းစားသာ ကြည့်ပါတော့။အကို့ကိုယ် ပေါ်မှာ အဝတ်စလေး လွှမ်းပေးပြီး လဲကျနေတဲ့ အကို့ကို ထူပေးရမည့်အစား ခဏတာ ငေးကြည့်နေမိပြီးမှ သတိဝင်ကာ အကို ထနိုင်အောင် လက်ကမ်းပေးမိလေသည်။ အကို့ ခန္ဓာကိုယ်ကို ဆွဲထူပေးဖို့ရာ သူသတ္တိမရှိလို့ပါ။ အကိုက သူကမ်းပေးသည့်လက်ကို လက်မခံဘဲ မျက်နှာတဖက်သို့ လှည့်နေလေသည်။ ကိုယ်တိုင်လည်း ထနိုင်မည့်ပုံ ရှိပေမယ့် သူ့အထင် သူ့ကို အကို ရှက်လို့ မထတာလည်း ဖြစ်နိုင်သည်။ မရှက်ဘဲတော့ ဘယ်နေပါ့မလဲ။ အကို အသားအရည် ခပ်ရဲရဲ ဖြစ်နေတာကိုလည်း သူသတိထားမိသည်။သူဒီနားမှာ ရှိနေသရွေ့ အကို ဒုက္ခဆက်ရောက်နိုင် သောကြောင့် တောင်းပန်စကား ဆိုပြီးသာ အကို့ အနားမှ ထွက်လာခဲ့လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Sep 01 ⏰

Add this story to your Library to get notified about new parts!

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now