အပိုင်း ၃၆ unicode

168 17 1
                                    


ခိုင်မာနှောင်ကြိုး အပိုင်း ၃၆

စားပွဲပေါ်မှာ တင်ထားသည့် ဖုန်းသံကြောင့် လန့်သွားသည်မှာ သူ့ဘဝမှာ ဒါဟာ ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။ထင်သည့်အတိုင်း ဇင့် ထံမှ ဖုန်းဖြစ်လေသည်။ဖုန်းကို ကိုင်ဖို့ရန် သူလက်မရဲပေ။မျှော်နေသည့် ဖုန်းဆိုပေမယ့် စကားပြောဖို့ သတ္တိနည်းနေလေသည်။ ဇင်နှင့် တွေ့ပြီး သူ့ကို ဖုန်းခေါ်မည်ဟု ပြောကတည်းက ဇင့် ဖုန်းကို သူမျှော်နေခဲ့တာပါ။

သူ မကိုင်မချင်း တချိန်လုံး မြည်နေသည့် ဖုန်းကို သေချာကြည့်နေမိသည်။ဇင့် ဘက်ကလည်း ဇွဲကောင်းလှသည်။သူ မကိုင်မချင်းကို ခေါ်နေတာပါ။

"ဟဲလို"

"ကျွန်တော် ဖုန်းခေါ်နေတာ ကြာလှပြီ။"

"အင်း...ကျွန်တော် မအားတာနဲ့။"

"ဪ...အကို မအားဘူးလား။ ကျွန်တော် မသိလို့ ဆက်မိတာ ခွင့်လွှတ်နော်။"

"ရပါတယ်။အခု ကျွန်တော် အားပါပြီ။"

"ဒါဆို စကားပြောလို့ ရပြီပေါ့နော်။"

"ဟုတ်ကဲ့"

ဇင့် ဘက်မှ စကားရပ်သွားပြီးမှ ပြန်ပြောလေသည်။

"ကျွန်တော်လေ အကို့ကို ဖြစ်ရပ်လေးတခုကို ပြောပြချင်တယ် သိလား။နားထောင်ပေးမလား။အချိန်အများကြီး မယူပါဘူး။"

သူထင်ထားသည့် စကားမျိုး မဟုတ်သော ဖြစ်ရပ်လေးတခုဟု ပြောလေသည်။ ဇင်နှင့် ပတ်သတ်သော ဘာကိစ္စမဆို သူနားထောင်ပေးချင်ပါသည်။

"ဟုတ်ကဲ့။ပြောပါ။"

ဇင် ပြောပြနေသည့် အကြောင်းအရာတွေကို နားထောင်ရင်း သူဘာမှပြန်မပြောနိုင်ဘဲ အသံတိတ်နေမိသည်။

"အကို ဘယ်လိုမြင်လဲဟင်။"

"ဘာကိုလဲဗျ။"

"ကျွန်တော် ပြောပြတဲ့ ဖြစ်ရပ်ထဲက ကောင်လေးရဲ့ မျက်ရည်တွေကို ပြောတာလေ။ ယောက်ျားလေးတယောက် မျက်ရည်တွေကို အကို အထင်သေးလားဟင်။"

"ကျွန်တော် မပြောတတ်ပါဘူး။"

"ဘာဖြစ်လို့ မပြောတတ်တာလဲ အကို။ အထင်သေးလား။ မသေးလားလို့ တခုခု အဖြေပေးလိုက်ရင် ပြီးတာပဲလေ။ "

"ခိုင်မာနှောင်ကြိုး"Tempat cerita menjadi hidup. Temukan sekarang