အပိုင်း ၂၈ unicode

180 22 5
                                    


ခိုင်မာနှောင်ကြိုး အပိုင်း ၂၈

"ကံသီပေလို့ပေါ့ ဧပရယ်။စက်ဘီးကို ဘယ်လိုများ စီးကြတာလဲ။"

"သား သူငယ်ချင်းနဲ့ စနောက်ရင်း စက်ဘီးစီးလိုက်မိတာ ကိုကြီး။အဲ့ဒါ ကားတစီးနဲ့ တိုးမိတာ။"

"သတိထားမှပေါ့ ဧပရယ်။ဧပရယ် လည်း ငယ်တော့တဲ့ အရွယ်မှ မဟုတ်တာ။တခုခုသာ ဖြစ်ရင် ကိုကြီး ရင်ကျိုးရမှာ။အခုလည်း အများကြီး ဖြစ်တာ မဟုတ်လို့ တော်သေးတာပေါ့။ခြေထောက်ကကော နာနေသေးလား။"

"နည်းနည်းပဲ နာတော့တာပါ။"

ဧပရယ် ဖြေပုံကြောင့် သူသက်ပြင်းချလိုက်မိသည်။တက္ကသိုလ်ကျောင်းသား ဖြစ်နေတာတောင် ကိုယ်ကိုယ်ကိုယ် မစောင့်ရှောက်တတ် သေးဘူး။အခုချိန်ထိ သူ စိတ်ပူနေရသေးသည်။ဧပရယ် ဟာ သိတတ်လိမ္မာတဲ့ ကလေးပါ။ဧပရယ် အရွယ်နည်းနည်း ရောက်လာတော့ ဧပရယ့် စိတ်ကို မှန်းရခက်လာလေသည်။ပုံမှန် စာကြိုးစားသည်။ကျန်းမာရေး လိုက်စားသည့် အနေဖြင့် အခုဆို ဧပရယ် က ကျောင်းက သူငယ်ချင်းတွေနဲ့ အတူ gym ဆော့သည်။အရပ်ကလည်း ရှည်ထွက်လာတော့ သူ့ကိုတောင် မှီတော့မည်။ကိုယ်လုံးကိုယ်ထည် ကလည်း ယောက်ျားလေးတယောက်တွင် ရှိသင့်ရှိထိုက်သည့် အလုံးအထည် ရှိလေသည်။

ဧပရယ့်မှာ ရှိသော ကောင်းသော အကျင့်လေး ကတော့ ပိုက်ဆံစုတတ်ခြင်းပင် ဖြစ်သည်။တက္ကသိုလ် စတက်တော့ သူ စုထားသော ပိုက်ဆံလေးနှင့် ဖုန်းဝယ်သည်။လိုအပ်သော ပိုက်ဆံ အနည်းငယ် ကိုပဲ စိုက်ပေးရလေသည်။ဖုန်းကိုလည်း နာမည်ကြီး Brand မျိုး နီးနီး ကောင်းသော ဖုန်းကိုသာ ဝယ်ပေးခဲ့သည်။တက္ကသိုလ်ကျောင်းသား ဖြစ်သွားတော့ သူငယ်ချင်း အပေါင်းအသင်း ကြားမှာ ဧပရယ့် ကို မျက်နှာမငယ်စေချင်ပါ။လိုအပ်တာ အားလုံးကို ဖြည့်ဆည်းပေးသည်။

"တိုက်မိသွားတဲ့ ကားကကော ထွက်ပြေးသွားတာလား။"

"ထွက်မပြေးပါဘူး ကိုကြီး။သားတို့ကို ဆေးခန်းခေါ်သွားပြီး ဆေးကုပေးပါတယ်။"

"ပါလာတဲ့ သူငယ်ချင်း ကကော ဘယ်ကိုထိမိသွားတာလဲ။"

"သူက လက်ထိသွားတယ်။"

"ခိုင်မာနှောင်ကြိုး"Onde histórias criam vida. Descubra agora