အပိုင်း ၃ unicode

300 18 6
                                    

ခိုင်မာနှောင်ကြိုး အပိုင်း ၃

Unicode

ဒီဇင်ဘာ ဈေးလှည့်ရောင်းလို့ ကုန်ခါနီးအချိန်မှာ ဧပရယ် ဖုန်းဆက်သည်။ကိုဧည့်သည် အဖျားတွေ တက်နေသည်တဲ့လေ။ကြားကြားချင်း သူလည်း စိတ်ပူသွားသည်။ဘယ်လိုဖြစ်ရတာလဲ။မနက်က အဖျားနည်းနည်း ရှိသည် ဆိုပေမယ့် အကောင်းချည်းပါ။

မုန့်ကို အမြန်ကုန်အောင် ရောင်းကာ အိမ်ကို အမြန်ပြန်လာရပါသည်။

"ဘယ်လိုဖြစ်ရတာလဲဟင် အန်တီစိုး။"

"အန်တီစိုး မနက်က တခေါက်လာကြည့်တော့ အကောင်းပဲ။ဇူလိုင်တို့ ကျောင်းက ပြန်လာတော့မှ တအင်းအင်း ညည်းနေတယ်။ခေါ်လို့မရဘူး ဆိုပြီး ကလေးတွေ လာပြောလို့ အန်တီစိုး လည်း လိုက်လာကြည့်တော့ ဒီကလေး အတော်လေး အဖျားတက်နေပြီ။အဲ့ဒါနဲ့ အန်တီစိုး လည်း သူ့ကို ရေတပတ်တိုက်ပေးပြီး အဝတ်အစားလဲပေးထားတာ။အဖျားတော့ နည်းနည်းရှိနေသေးတယ်။"

"ဟုတ်ကဲ့ အန်တီစိုး။လာကြည့်ပေးတာ ကျေးဇူးတင်ပါတယ်။"

ထိုလူ့ကို ကြည့်လိုက်တော့ အဖျားတက်နေပုံ ရပါသည်။

"ဆရာဝန် ခေါ်မှ ဖြစ်မယ်ထင်တယ်နော် အန်တီစိုး။"

"အင်း ပြလိုက်တာ ကောင်းတာပေါ့။ညဘက်ကြီး အဖျားတက်နေရင် ကလေးတွေချည်း ဘာမှမလုပ်မကိုင်တတ်နဲ့ ခက်နေဦးမယ်။"

"ဟုတ်ကဲ့။ဟုတ်ကဲ့။ကျွန်တော် အခု ဆရာဝန် သွားပင့်လိုက်မယ်နော်။"

"အေး.....အေး"

"ကိုကြီး သားလည်းလိုက်မယ်။"

ခြေလှမ်းကျဲဖြင့် အိမ်ပေါ်မှ အဆင်း ဧပရယ်၏ အသံကြားတာနှင့် ခြေလှမ်းတွေရပ်ပြီး စောင့်နေလိုက်သည်။ဧပရယ် အနားရောက်လာသည်နှင့်
ညီအကို နှစ်ယောက် ဆရာဝန်ဆေးခန်းသို့ သုတ်ခြေတင်ရပါသည်။

ဆေးခန်းရောက်တော့ ဆေးခန်းမှာ လူနာတွေ ရှိနေတာနှင့် စောင့်နေရပါသည်။လူရှင်းသွားပြီနှင့် ဆရာဝန်ကို အိမ်သို့ ပင့်လာသည်။ဆေးအိတ်ကိုတော့ သူပဲကိုင်လာပေးရပါသည်။

"အန်တီစိုး...ကျွန်တော် ဆရာဝန် ပင့်လာပြီ။"

ဆရာဝန်ကို အခန်းထဲသို့ ‌ဝင်ရောက်လာတော့ အနားမှာ ထိုင်နေပြီး ထိုလူ့နဖူးပေါ်သို့ ရေဝတ်တင်နေပေးသည့် အန်တီစိုး ကို ဆရာဝန် ပင့်လာကြောင်း သတိပေးရသည်။ဆရာဝန် ထိုင်ပြီး ဆေးကုလို့ ရအောင် ဖြစ်သည်။

"ခိုင်မာနှောင်ကြိုး"حيث تعيش القصص. اكتشف الآن