ခိုင်မာနှောင်ကြိုး အပိုင်း ၂၄
"ဟေ့ ကိုလင်းလက် လာလေဗျာ။ကျွန်တော်တို့ ကားနဲ့ လိုက်ခဲ့။"
"ရတယ်ဗျ။ကျွန်တော် မလိုက်တော့ပါဘူး။တော်ကြာနေ bus လာတော့မှာပါ။"
သူ ကားမှတ်တိုင်မှာ ကားစောင့်နေစဉ် သူ့ရှေ့သို့ ကားလေးတစီး ထိုးရပ်လာသည်။ကားမှန်ကို ဖွင့်ပြီး ခေါင်းပြူကာ သူ့ကို စကားလာ ပြောနေသူတွေကို သူသိသည်။ကားမောင်းသူ အပါအဝင် စုစုပေါင်း လေးယောက်။အားလုံးသည် တကျောင်းတည်း။အတန်းလည်း အတူတက်ကြသူများ ဖြစ်ကြလေသည်။ကားမောင်းသူက ကားပိုင်ရှင် ဖြစ်သည်။အားလုံးက ကားပိုင်ရှိကြပေမယ့် တခါတလေ သူငယ်ချင်း လေး၊ငါးယောက် စုပြီး ကျောင်းလာတဲ့အခါလည်း ရှိသည်။အခုတော့ လေးယောက် စုပြီး လာကြတာ ဖြစ်သည်။ပုံမှန်ဆိုရင်တော့ သူနှင့် မတွေ့တတ်ပေ။တခါတလေ ထိုအုပ်စု သူတို့ ရပ်ကွက်ဖက်ကနေ ပတ်ပြီး လာတဲ့အချိန်မှသာ ကားဂိတ်မှာ ဆုံကြခြင်း ဖြစ်သည်။သူနှင့် ကားဂိတ်မှာ ဆုံတိုင်းလည်း သူတို့ကားနှင့် လိုက်ဖို့ ခေါ်လေသည်။များသောအားဖြင့်တော့ သူငြင်းလေသည်။ဒါ့ကြောင့် သူ့ကို အားလုံးက မာနကြီးသူဟု သတ်မှတ်ကြလေသည်။ထိုလူအားလုံး သူနှင့် အတန်းတူတူ ဖြစ်ပေမယ့် အားလုံးကတော့ သူ့ထက် အသက်ငယ်ကြသူတွေ ဖြစ်သည်။ပထမနှစ်ကတည်းက ခင်မင်ရင်းနှီးလာသူတွေ ဖြစ်သောကြောင့် အတန်အသင့် ရင်းနှီးသင့် သလောက်တော့ ရှိကြပါသည်။
"လိုက်ခဲ့ပါ ကိုလင်းလက် က လက်ထဲမှာလည်း ချိုင့်ကြီးနဲ့ ဘာတွေထည့်လာတာလဲ။"
ကားကို ရပ်လိုက်ပြီး အားလုံး ကားပေါ်မှ ဆင်းလာကာ သူ့ဆီသို့ ရောက်လာကြသည်။သူ့လက်ထဲမှ ချိုင့်ကို ဆွဲသူက ဆွဲ။သူ့လက်ကို ဆွဲသူဆွဲ။လွယ်ထားသည့် အိတ်ကို ဆွဲသူဆွဲနှင့် ။ကားမှတ်တိုင်မှာ သူတို့ အုပ်စုနှင့် ရှုပ်ရှက်ခတ်နေပါသည်။ဆူညံဆူညံနှင့် သူတို့ အုပ်စုကို လူတွေလည်း ဝိုင်းကြည့်လိုက်နေသည်။
"ဒီနေ့ မနက်က အစောကြီး ထချက်ဖြစ်တယ်။ချိုင့်ထဲ မုန့်ဟင်းခါးတွေ ထည့်လာတာ။အားလုံးစားဖို့လေ။"
YOU ARE READING
"ခိုင်မာနှောင်ကြိုး"
Romanceအားလုံးပဲ မင်္ဂလာပါရှင့် BL Fic အသစ်လေးနဲ့ ထပ်မံ တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ BL Fic အသစ်လေးကိုတော့ "ခိုင်မာနှောင်ကြိုး" လို့ အမည်ပေးထားပါတယ်။ ကိုယ်တိုင်ရေးသားထားသော own creation ဖြစ်ပါတယ်။Boy Love Fiction ဖြစ်ပါတယ်။ ဖတ်ရှု၊ဝေဖန်၊သုံးသပ် ပေးပါ...