အပိုင်း ၂၆ unicode

201 21 6
                                    


ခိုင်မာနှောင်ကြိုး အပိုင်း ၂၆

အခန်းထဲသို့ ဝင်သည်နှင့် လက်ထဲမှာ ပါလာသည့် ကားသော့နှင့် ပိုက်ဆံအိတ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ဒီနေ့ သွားလာရတာ၊ နေရထိုင်ရတာ အဆင်တော့ မပြေပါ။ဒီနေ့ မိတ်ဆွေ တဦး၏ အလှူသို့ သွားခဲ့သည်။တယောက်တည်းတော့ မဟုတ်။စိမ်းနှင့် ဖြစ်သည်။စိမ်း ဆိုသည်မှာ သူ၏ သူငယ်ချင်းမလေး။နာမည်က စိမ်းမြမြဝေ တဲ့။ပိုက်ဆံရှိ၊ လူချမ်းသာ မိသားစု ထဲက တယောက်ဖြစ်သည်။ငွေကြေးလည်း ချမ်းသာ၊ အလှဂုဏ် ကလည်း ရှိလေတော့ မာနကြီးသည်။စကားပြောရင် တခါတရံ ရင့်သီးတတ်သည်။နေတာ၊ထိုင်တာ ပြောတာ ဆိုတာ မောက်မာလွန်းသည်။သူ့အပေါ် မောက်မောက်မာမာ ဆက်ဆံတတ်တာကို သူ သည်းခံနိုင်ပေမယ့် ဘာမဆိုင်၊ညာမဆိုင် လူတွေကို မောက်မောက်မာမာ ဆက်ဆံတာကိုတော့ သူလက်မခံနိုင်ပေ။အလှူကနေ ပြန်လာတော့ သူနှင့်စိမ်း စကားများကြသေးသည်။တခါမှ အဲ့လို မဖြစ်ဖူးတော့ စိမ်း လည်း သူ့ကို အံ့ဩနေသည်။အံ့ဩစရာ အကြောင်းတော့ မရှိပါ။သူနှင့်စိမ်း အခုချိန်ထိ စကားပြောနေရတာ အဆင်ပြေနေခြင်းဟာ သူ၏ သည်းခံနိုင်မှုကြောင့်ပင် ဖြစ်လေသည်။

စိမ်း ကို သူ အခုလို ပြေပြေလည်လည် ဆက်ဆံနေတာကလည်း အဘွား၏ ဆန္ဒကြောင့်ပင် ဖြစ်လေသည်။အဘွား က စိမ်း ကို သဘောကျသည်။စိမ်း ကို သူနှင့် လက်ဆက်ပေးချင်သည်။လူကြီးချင်း စေ့စပ်စကား ပြောထားကြသည်မှာလည်း ကြာပြီ။လက်ထပ်ဖို့ ကိစ္စကို တိုက်တွန်းပေမယ့် အခုထိတော့ လက်မခံသေးဘဲ အချိန်ဆွဲထားမိသည်။အရွယ်အားဖြင့် ကြည့်လျှင်လည်း သူ့အရွယ်ဟာ သားသမီးတွေနှင့် သိုက်သိုက်ဝန်းဝန်း မိသားစု ဘဝကို လျှောက်လှမ်းရတော့မည့် အရွယ်လည်း ရောက်နေပြီလေ။စိမ်း၏ ပညာအရည်အချင်း၊ ငွေကြေးတိုင်းတာမှု၊ ထက်မြက်မှုတွေဟာ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖို့ အတွက် သင့်တော်သူ တယောက်ပါ။နှစ်ဖက်မိဘတွေက သဘောတူထားသူ ဖြစ်သည့်အတွက်လည်း သူ့မှာ လိုက်လျောညီထွေ နေရသည်။သွားချင်တာ ရှိသည့် အခါလည်း ပို့ပေးရသည်။လိုချင်တာ ရှိရင်လည်း ဝယ်ပေးရသည်။အများအမြင်မှာတော့ သူတို့နှစ်ယောက်ကို ချစ်သူ အဖြစ် မြင်ကြလေသည်။

"ခိုင်မာနှောင်ကြိုး"Hikayelerin yaşadığı yer. Şimdi keşfedin