အပိုင်း ၉ Unicode

236 19 11
                                    


ခိုင်မာနှောင်ကြိုး အပိုင်း ၉

''ရွှေရင်အေးရေ.....ရွှေရင်အေး...."

''ဟုတ်ကဲ့...ကိုသား။လာလေဗျ။ကျွန်တော် အိမ်ပေါ်မှာ ရှိတယ်။တက်ခဲ့လေ ကိုသား"

"အေး...အေး"

အသံနှင့်အတူ အိမ်ပေါ်သို့ ကိုသား တက်လာပါသည်။သူလည်း မီးဖိုချောင်ထဲမှ အလုပ်တွေကို လက်စသတ်သည်။

အိမ်ရှေ့ခန်းမှာ အင်္ကျီတထည်ကို လက်ချုပ်လိုက်နေသူ ကိုသား အိမ်ပေါ်တက်လာသည်နှင့် အလုပ်လုပ်ရင်း ပြုံးပြနှုတ်ဆက်လေသည်။

"ကိုသား ...လာ...ထိုင်''

"ထမင်းစားပြီးကြပြီလား။"

"ဟုတ်ကဲ့။စောနကပဲ စားပြီးကြတယ်။"

"ဧပရယ်နဲ့ငယ်လေးကော"

"အန်တီစိုး အိမ်သွားပြီး TV သွားကြည့်ကြတယ်။"

"ဪ"

"ဂစ်တာတလက်နဲ့ ဘယ်သွားမလို့လဲ ကိုသား။"

"ဂစ်တာနဲ့ ဘယ်သွားရမှာလဲ ကိုဧည့်သည် ရာ။ကောင်မလေး သွားရှိတ်မလို့။ကောင်မလေး အိမ်ရှေ့မှာ ဂစ်တာသွားတီးပြီး လူပျိုလှည့်မလို့လေ။ကိုဧည့်သည်ကော အတူလိုက်ခဲ့ပါလား။"

ကိုသား သည် လက်ထဲမှ ဂစ်တာကို ကြမ်းပြင်ပေါ်မှာချပြီး လူကလည်း ကြမ်းပြင်ပေါ်မှာ ထိုင်ချရင်း ပြောလေသည်။

''ဟုတ်လား။ဘယ်နားသွားဆိုကြမှာလဲ။"

"ဟိုဘက်လမ်းက တိုက်အိမ်ကို လူသစ်တွေ ပြောင်းလာကြပြီ။အဲ့မှာ ကောင်မလေး တယောက်ပါတယ်။ဖြူဖြူချောချောလေး ငယ်တော့ငယ်သေးတယ်။ကိုဧည့်သည် တို့ အရွယ်လောက်ပဲ ရှိမယ်။"

"ဟုတ်လား။"

"ဘာလဲ...ကိုဧည့်သည် စိတ်ဝင်စားသွားပြီမလား။လာ...ကိုသားတို့ အတူသွားရအောင်"

"ဟာ...ကိုသားကလဲ။သူ့ကို ဘာလို့ခေါ်ရမှာလဲ။သူနဲ့ ဘာဆိုင်လို့လဲ။"

အလုပ်တွေ လက်စသတ်ပြီးသည်နှင့် အိမ်ရှေ့မှ ထွက်လာလိုက်သည်။လမ်းလျှောက်လာရင်းနှင့်ပင် သူ ဝင်ပြောလိုက်ခြင်း ဖြစ်သည်။ဝင်မပြောလို့လည်း မဖြစ်။နို့မဟုတ်ရင် သူတို့နှစ်ယောက်ကြား ကန့်လန့်ကန့်လန့် ပါလာဦးမည်။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now