အပိုင်း ၂၁ unicode

323 23 8
                                    


ခိုင်မာနှောင်ကြိုး အပိုင်း ၂၁

"ဘယ်လိုဖြစ်ရတာလဲကွာ မင်းကလဲ။"

"အုန်းနို့ရည်အိုး မ လိုက်မိလို့ ခါးနာသွားတာပါ။အခန့်မသင့်လို့ပါ ကိုသားရာ။ဘာမှမဖြစ်ဘူး။"

ခပ်ကိုင်းကိုင်းလေး ခါးလေးကို ပွတ်ကာ အိမ်ရောက်လာသူ ရွှေရင်အေး ကို ကြည့်ပြီး စိတ်မသက်သာစွာဖြင့် မေးမိလေသည်။ဒီနေ့တော့ ကိုဧည့်သည် က အမသီတာ ဆီ မလာပါ။ရွှေရင်အေး တယောက်သာ လာပြီး မုန့်လက်ဆောင်းဖတ်ဖိုး ပိုက်ဆံလာပေးခြင်း ဖြစ်သည်။ ခါးနာနေသည့်အတွက် မျက်နှာလေးလည်း ရှုံ့မဲ့လို့။ရွှေရင်အေး က နေမကောင်း ဖြစ်ရင်လည်း တော်ရုံတန်ရုံ ညည်းတွားတတ်သူ မဟုတ်။ ဖြစ်လည်း ခဏ။ ပြီးရင် ပြန်ပြီး နေကောင်းသွားတတ်သည်။

"ဘာမှမဖြစ်ဘူး ဆိုပေမယ့် ဆေးတော့ လိမ်းထားပါကွာ။ဒီအတိုင်းကြီး မနေပါနဲ့။ငါဆေးလိမ်းပေးလိုက်မယ်။"

ကလေးသာသာ ရှိသေးသူက လူကြီး လုပ်နေရသောကြောင့် တခုခု ဖြစ်မှာ ကိုသား စိုးရိမ်မိသည်။

"ရတယ် ကိုသား။အိမ်ကျမှပဲ ဧပရယ့်ကို လိမ်းခိုင်းလိုက်ပါ့မယ်။"

"အေး...လိမ်းဖြစ်အောင်တော့ လိမ်းဦးနော်။မပေါ့နဲ့။"

"ဟုတ်ကဲ့"

"ကိုဧည့်သည် နဲ့ ကောင်မလေး အခြေအနေကော ဘယ်လိုရှိလဲ။"

"အကိုကတော့ သူအလုပ်သူ လုပ်နေတာပါပဲ။ကောင်မလေးနဲ့အကို့ အခြေအနေကိုတော့ ကျွန်တော်လည်း မသိဘူး။တခါတလေ ကျရင်လေ ကျွန်တော် ဈေးရောင်းတောင် မထွက်ချင်ဘူး။"

"ဘာဖြစ်လို့လဲကွ။စားဝတ်နေရေး အတွက် မင်း ဈေးမထွက်လို့ ရမလား။"

"အကို့ကို အိမ်မှာ တယောက်တည်း ထားထားခဲ့ရတာ စိတ်မချလို့။"

"မင်းကတော့ ပိုပြီ။"

ကိုသား က ရယ်မောကာ ပြောလိုက်သည့် စကားဆိုပေမယ့် သူ့ရင်ထဲမှာ တကယ် ခံစားချက်တွေဟာ တခါတလေ အံ့ဩဖို့ကောင်းလောက်အောင် အတက်အကျလည်း မြန်သည်။

"တကယ်ပြောတာ။အကို့ကို အိမ်မှာ ထားခဲ့ရတာ စိတ်မချဘူး။ဖြစ်နိုင်ရင်လေ ကျွန်တော် သွားလေရာ အကို့ကို ခေါ်သွားချင်မိတာပါ။"

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now