အပိုင်း ၃၄ unicode

192 19 4
                                    

ခိုင်မာနှောင်ကြိုး အပိုင်း ၃၄

"ဒီဇင်ဘာလင်းလက် မင်းအခု ဘယ်မှာလဲ"

"ကျွန်တော် အခု ကျောင်းကအပြန်လမ်းမှာပါ။"

"အတော်ပဲ မင်းလမ်းမှာ ဆိုရင် ဆရာ့အိမ်ကို ခဏဝင်လိုက်ပါလား။ဆရာ စားဖို့ အစားပျော့ပျော့လေးတွေပါ ဝယ်သွား။ဆေးပါဝယ်သွား။"

"ဆေးပါဝယ်သွား ဟုတ်လား။ဆရာ ဘာဖြစ်လို့လဲ။"

"ဆရာ ဖျားနေတယ်။ပန်းဖျားပေါ့ကွာ။ night duty ကျတဲ့နေ့ကို ဂျူတီမထွက်ရဘဲ အခြားသူအတွက်ပါ ဂျူတီအစားဝင်ပေးရလို့ ပိုပြီး ပင်ပန်းသွားတာ။အရင်ရက်တွေကလည်း ပင်ပန်းထားတဲ့ ဒဏ်လည်း ပါတာပေါ့။ငါလည်း အလုပ်ကိစ္စနဲ့ နယ်ရောက်နေတော့ အလုပ်ကို ဆရာ့ကို မကူညီနိုင်ဘူး။ရုံးအလုပ်တွေနဲ့ ဆေးရုံကိစ္စတွေနဲ့ ဆိုတော့ ပင်ပန်းတာ နှစ်ဆ ဖြစ်သွားတာပေါ့ကွာ။ငါက နယ်ရောက်နေတော့ ဆရာ့အခြေအနေကို သွားကြည့်လို့ မရဘူး။ဆရာ့ကို သွားကြည့်ပေးဖို့ မင်းကို အကူအညီ တောင်းတာပါ။"

"ကျွန်တော် သွားပေးပါ့မယ်။ဒါပေမဲ့ ကျွန်တော့်မှာ အိမ်သော့မှ မရှိတာ။ဆရာက နေမကောင်းတော့ အိမ်တံခါး ထဖွင့်ပေးနိုင်မှာ မဟုတ်ဘူး ထင်တယ်။"

မြတ်မောင်က တံခါး password နံပါတ်ကို ပေးလေသည်။သူခေါင်းထဲမှာ အလွတ်ကျက်လိုက်လေသည်။အကို ဖျားနေသည် ဆိုတာ သိသောကြောင့် သူစိတ်ပူသွားတာတော့ အမှန်။အကို က တယောက်တည်း နေရသူ ဆိုတော့ နေမကောင်း ဖြစ်တဲ့အချိန်ဆို ပြုစု၊ဂရုစိုက်ပေးမယ့်သူလည်း မရှိ။

ဟိုတလောက အကို့ဆီ လာတော့ အကို့အိမ်နားက ရပ်ကွက်ဈေးလေး တခုကို တွေ့လိုက်သည်။ရပ်ကွက်ဈေးလေးထဲ ပတ်ပြီး အကို ကြိုက်တတ်သော ဟင်းစားလေးတွေ၊ မုန့်ပဲ သားရေစာတွေကို ဝယ်ခဲ့လိုက်သည်။ဝယ်ယူလာသည်မှာ များသွားသောကြောင့် လက်ထဲမှာ အိတ်နှစ်လုံးနှင့် ဖြစ်လေသည်။အကို့၏ တိုက်ခန်းကို ၅ကြိမ်လောက် ရောက်ဖူးသောကြောင့် သွားလာတတ်နေပါပြီ။ ပတ်ဝန်းကျင် နှင့်လည်း သိပ်ပြီး မစိမ်းတော့ပေ။အကို တယောက်တည်း ဟူသော အသိကြောင့် ခပ်သွက်သွက် ခြေလှမ်းဖြင့် တိုက်ပေါ်သို့ တက်လိုက် သည်။မြတ်မောင် ပြောသည့်အတိုင်း နံပါတ်ဖြင့် တံခါးဖွင့်လိုက်သည်။မှောင်မိုက်နေသော အခန်းက သူ့ကို ဆီးကြိုလျက် ရှိလေသည်။ မီးခလုတ်နေရာကို သွားလိုက်ပြီး မီးချောင်းတချောင်းကို ဖွင့်လိုက်သည်။လက်က ပစ္စည်းတွေကိုလည်း ဧည့်ခန်းက စားပွဲပေါ်မှာ ခဏထားခဲ့လိုက်ပြီး အကို့ကို လိုက်ရှာလိုက်သည်။သူသိသလောက် အကို့အိမ်မှာ အခန်းနှစ်ခန်း ရှိသည်။တခန်းက အကို နေသည်။ တခန်းကတော့ မလိုတဲ့ ပစ္စည်းလေးတွေ ထည့်ထားသည့် အခန်း ဖြစ်သည်။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now