အပိုင်း ၃၆ zawgyi

66 2 1
                                    

ခိုင်မာနှောင်ကြိုး အပိုင်း ၃၆စားပွဲပေါ်မှာ တင်ထားသည့် ဖုန်းသံကြောင့် လန့်သွားသည်မှာ သူ့ဘဝမှာ ဒါဟာ ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။ထင်သည့်အတိုင်း ဇင့် ထံမှ ဖုန်းဖြစ်လေသည်။ဖုန်းကို ကိုင်ဖို့ရန် သူလက်မရဲပေ။မျှော်နေသည့် ဖုန်းဆိုပေမယ့် စကားပြောဖို့ သတ္တိနည်းနေလေသည်။ ဇင်နှင့် တွေ့ပြီး သူ့ကို ဖုန်းခေါ်မည်ဟု ပြောကတည်းက ဇင့် ဖုန်းကို သူမျှော်နေခဲ့တာပါ။သူ မကိုင်မချင်း တချိန်လုံး မြည်နေသည့် ဖုန်းကို သေချာကြည့်နေမိသည်။ဇင့် ဘက်ကလည်း ဇွဲကောင်းလှသည်။သူ မကိုင်မချင်းကို ခေါ်နေတာပါ။"ဟဲလို""ကျွန်တော် ဖုန်းခေါ်နေတာ ကြာလှပြီ။""အင်း...ကျွန်တော် မအားတာနဲ့။""ဪ...အကို မအားဘူးလား။ ကျွန်တော် မသိလို့ ဆက်မိတာ ခွင့်လွှတ်နော်။""ရပါတယ်။အခု ကျွန်တော် အားပါပြီ။""ဒါဆို စကားပြောလို့ ရပြီပေါ့နော်။""ဟုတ်ကဲ့"ဇင့် ဘက်မှ စကားရပ်သွားပြီးမှ ပြန်ပြောလေသည်။"ကျွန်တော်လေ အကို့ကို ဖြစ်ရပ်လေးတခုကို ပြောပြချင်တယ် သိလား။နားထောင်ပေးမလား။အချိန်အများကြီး မယူပါဘူး။"သူထင်ထားသည့် စကားမျိုး မဟုတ်သော ဖြစ်ရပ်လေးတခုဟု ပြောလေသည်။ ဇင်နှင့် ပတ်သတ်သော ဘာကိစ္စမဆို သူနားထောင်ပေးချင်ပါသည်။"ဟုတ်ကဲ့။ပြောပါ။"ဇင် ပြောပြနေသည့် အကြောင်းအရာတွေကို နားထောင်ရင်း သူဘာမှပြန်မပြောနိုင်ဘဲ အသံတိတ်နေမိသည်။"အကို ဘယ်လိုမြင်လဲဟင်။""ဘာကိုလဲဗျ။""ကျွန်တော် ပြောပြတဲ့ ဖြစ်ရပ်ထဲက ကောင်လေးရဲ့ မျက်ရည်တွေကို ပြောတာလေ။ ယောက်ျားလေးတယောက် မျက်ရည်တွေကို အကို အထင်သေးလားဟင်။""ကျွန်တော် မပြောတတ်ပါဘူး။""ဘာဖြစ်လို့ မပြောတတ်တာလဲ အကို။ အထင်သေးလား။ မသေးလားလို့ တခုခု အဖြေပေးလိုက်ရင် ပြီးတာပဲလေ။ ""ကျွန်တော် အဲ့လိုမျိုး အဖြေကို မပေးတတ်တာပါ။""ဒါဆို အကို တခုမေးမယ်နော်။ အကိုကော မျက်ရည်ကျဖူးသလား။""အင်း။""ဘယ်အချိန်တုန်းကလဲ။""အမေ ဆုံးတုန်းကပါ။"""ဪ"သူ့ဘက်မှလည်း စကားသံရပ်သွားသလို ဇင့်ဘက်မှလည်း စကားသံ ရပ်သွားသည်။ ဇင့်ထံမှ သက်ပြင်းချသံ သဲ့သဲ့ကိုလည်း ကြားရလေသည်။"ကျွန်တော် တောင်းပန်ပါတယ်။""ဘာအတွက်လဲ အကို။""ကျွန်တော် နေမကောင်းတုန်းက လာပြုစုပေးတာကို အိမ်ကနေ နှင်ထုတ်လိုက်မိတဲ့ အတွက်ပါ။""ဟုတ်ကဲ့ပါ။ အကို့ရဲ့ တောင်းပန်စကားအတွက်လည်း ကျေးဇူးတင်ပါတယ်။အဲ့ဒီ့နေ့က တကယ် စိတ်မကောင်း ဖြစ်သွားမိတာ။ ကျောင်းမှာလည်း အမှားတွေ လုပ်မိလို့ ဆရာတွေ ဆူခံထိတာလည်း ခဏခဏပဲ။အကို မလိုချင်တော့တဲ့ ကျွန်တော့်ဘဝကိုလည်း အတော်လေး စိတ်ပျက်သွားမိတယ်။ကျွန်တော့် အကို့အပေါ်မှာ အမှားတွေ အများကြီး လုပ်ခဲ့ဖူးတယ် ဆိုတာ ဝန်ခံပါတယ် အကို။ ကျွန်တော့် အမှားတွေ အတွက်လည်း ဝန်ခံပြီး တောင်းပန်စကား ထပ်ပြောပါရစေ အကို။""ကျွန်တော် ဇင့် ကို ဘယ်တုန်းကမှ အပြစ်မယူခဲ့ပါဘူး။""ဇင် ဟုတ်လား။ ဟား...အကိုရာ။ အကို့ဆီကနေ ဇင် ဆိုတဲ့ စကားသံ ပြန်ကြားရတော့ ကျွန်တော် ဝမ်းသာလိုက်တာဗျာ။"ပါးစပ်မှ လွှတ်ခနဲ ထွက်သွားမိသည့် အမည်လေး တခုကို ကြားရစဉ် ဇင် ဝမ်းသာသွားတော့ သူလည်း ပျော်မိလေသည်။ဇင် နှင့် သူ စကားမပြောဖြစ်ကြတဲ့ အချိန်တုန်းက သူကိုယ်တိုင်လည်း နေမထိ၊ ထိုင်မသာ ဖြစ်မိသည်။ ရင်ထဲမကောင်းလို့ အိပ်မပျော်သည့် ရက်တွေတောင် ရှိခဲ့ဖူးသည်။ ဇင် က သူ့ကို မေးဖော်မရဘူး ဆိုတာ သိတော့ ရင်ထဲမှာ ခံစားခဲ့ရတာ သူသာ သိလေသည်။"အကိုနဲ့ ကျွန်တော် စကားမပြောဖြစ်တဲ့ နေ့ရက်တွေတုန်းက ဆိုရင်လေ ကျွန်တော် နေမထိ၊ထိုင်မသာ ဖြစ်မိတယ်။ အလုပ်လည်း ကောင်းကောင်း လုပ်လို့မရသလို စာလည်း ကျက်မရဘူး။ ကျွန်တော့်မှာ အပြစ်ရှိရင် ပွင့်ပွင့်လင်းလင်း ပြောဆိုဆုံးမလို့ ရပါတယ် အကို။ ကျွန်တော့်ကို စကားမပြောဘဲနဲ့တော့ စိမ်းကားတာမျိုး မလုပ်ပါနဲ့နော် အကို။""အဲ့တုန်းကလည်း ကျွန်တော့်ဘက်က မှားတာပါ။နောက်တခါ မဖြစ်စေရပါဘူး။""အကို့စကားကြားရတာ ကျွန်တော် ဝမ်းသာပါတယ်။ကျွန်တော်တို့ ပြန်လည်သင့်မြတ်တဲ့ အနေနဲ့ သီချင်းတပုဒ်လောက် ဆိုပြမယ်လေ။ အကို နားထောင်မလားဟင်။""ဟင်...ဇင် က သီချင်းဆိုတတ်တယ်လား။""အကောင်းကြီးတော့ မဟုတ်ပါဘူး။ အကို့ကို ဆိုပြချင်လို့ပါ။ နားထောင်နော်။ခဏနော် ကျွန်တော် ဂစ်တာ သွားယူလိုက်ဦးမယ်။""ဇင် က ဂစ်တာလည်း တီးတတ်တာပဲလား။""နည်းနည်းပါးပါးပါ။ အသိအကို တယောက် သင်ပေးထားတာလေ။"ဖုန်းပြောသံရပ်ပြီး သိပ်မကြာခင်မှာ ဇင့်အသံပြန်ကြားရပြီး ဂစ်တာကြိုးညှိသံကိုပါ ကြားရလေသည်။ မကြာခင်မှာ ပျံ့လွင့်လာသည့် သီချင်းဆိုသံ သဲ့သဲ့လေး။ အဆိုတော် တယောက်လို ကျွမ်းကျင်မှု ပြည့်ဝနေတာမျိုး မဟုတ်ပေမယ့် နားထဲသို့ ချိုမြိန်စွာ ဝင်ရောက်လာသည့် အသံလေးကို သူအာရုံစိုက်ကာ နားထောင်နေမိပါသည်။ ဒီသီချင်းကို သူသိသည်။ အဆိုတော်ဘိုဘိုရဲ့ တခေတ်တခါ အောင်မြင်ခဲ့သော သီချင်းပင် ဖြစ်သည်။ သီချင်းကို ကြားပြီး တခုခုကို သတိရသွားသလို ခံစားရလေသည်။ ဘာဆိုတာတော့ သူသေသေချာချာ မသိ။ သီချင်းသံလေး တိတ်တဆိတ် သွားပြီး ဇင်၏ စကားပြောသံကို ပြန်ကြားရလေသည်။"အကို ဘယ်လိုလဲဟင်။ နားထောင်လို့ ကောင်းရဲ့လား။'"အင်း...ကောင်းပါတယ်။ ဇင့်အသံက သေချာနားထောင်ကြည့်မှ ကရုဏာသံလေးပဲနော်။ ဇင် အဆိုတော် လုပ်ရင်တောင် ရတယ်။ သေချာလေ့ကျင့်လိုက်ရင် ဒီ့ထက်အသံပိုကောင်းမှာ။""မလုပ်ပါနဲ့ အကိုရယ်။ ကျွန်တော့်ကြောင့် အဆိုတော်တွေ ဒုက္ခရောက်ကုန်ပါ့မယ်။ ကျွန်တော်က သီချင်းဆိုရတာလည်း ဝါသနာမပါပါဘူး။ အကို့ကိုပဲ ဆိုပြတာပါ။""ဟင်...ဟုတ်လို့လား။ ကောင်မလေးတွေ အိမ်ရှေ့မှာကော သီချင်းသွားဆိုဖူးတယ် မဟုတ်လား။""ဗျာ...."ဗျာ ဆိုသော အသံနှင့်အတူ ဇင့် ထံမှ တိတ်ဆိတ်မှုကို ခံစားလိုက်ရသည်။ သူသိလိုက်သည်မှာ ဇင် ဟာ ကောင်မလေးတွေ အိမ်ရှေ့သွားပြီး သီချင်းဆိုဖူးသူ တယောက်ပဲ။"အကို ဘယ်လိုသိလဲဟင်။""တကယ်ဟုတ်နေတာပဲ။"ဇင် က ကောင်မလေးတွေ အိမ်ရှေ့ဂစ်တာတီး လူပျိုလှည့်ပြီး ချစ်သူများများ ထားဖူးသူ ထင်ပါရဲ့။ တွေးလိုက်မိတော့လည်း စိတ်မကောင်း ဖြစ်မိသား။"အသိမိတ်ဆွေ အကိုတယောက်က ခေါ်လို့ အဖော်အဖြစ် လိုက်သွားတာပါ။တကယ်ပါ။ အဖော်လိုက်ပေးရုံတင်ပါဗျာ။""ဒါက ဇင့်သဘောပါ။ ဇင့်ရဲ့ ကိုယ်ပိုင်အခွင့်အရေးလေ။ ကိုယ်တိုင်စိတ်ပါလည်း သွားလို့ ရတာပဲ မဟုတ်လား။""မဟုတ်ပါဘူးဆို အကိုရာ။အသိမိတ်ဆွေ အကိုနဲ့ပဲ အဖော်လိုက်ပေးဖူးတာပါ။""ဟုတ်ပါပြီ။ဒါဆို ဒါပဲနော်။ကျွန်တော် အိပ်ချင်လာလို့။"ဇင့် ထံမှ ဟဲလို ဆိုသော အသံကို ကြားနေရပေမယ့် သူစကားပြန် မပြောဘဲ ဖုန်းချလိုက်သည်။ သူ့ဘက်က ရိုင်းသွားမှန်း သိပေမယ့် ရင်ထဲမှ ဝေဒနာလောက်တော့ မဆိုးလောက်ပါ။***************ပြဿနာတွေ ဖြစ်ပြီး နားလည်မှု ယူပြီးကြတဲ့ နောက်ပိုင်း အကိုနှင့်သူ အတော်လေး အဆင်ပြေလာသည်ဟု ပြော၍ ရလေသည်။ ပြန်လည် သင့်မြတ်ပြီးတဲ့ နောက်ပိုင်း သူ၏ နေ့စဉ်တိုင်းမှာ အကိုနှင့် ဖြတ်သန်းသည့် အချိန်တွေ များစွာ ရှိလာခဲ့လေသည်။လူချင်းမတွေ့ဖြစ် ရင်တောင် ဖုန်းနှင့် စကားပြော ဖြစ်လေသည်။အကိုနှင့် ပြန်လည် အဆင်ပြေပြီး နောက်ပိုင်း အကို့အိမ်သို့ ပထမဦးဆုံး အကြိမ် လာလည်ခြင်း ဖြစ်သည်။ အဓိကကတော့ အကို့ကို ဟင်းကောင်းကောင်း လေးနှင့် ထမင်းလေး တနပ်လောက် ချက်ကျွေးချင်လို့ပါ။ချက်မကျွေးဖို့ အကိုက ငြင်းဆန်ပေမယ့် သူလက်မခံခဲ့။ အကိုလည်း အားသည့် အချိန် သူလည်း ကျောင်းမှ အပြန် ညနေပိုင်းလေး ချက်ပြုတ်ကျွေးဖြစ်သည်။ ကျောင်းမှ အပြန် ဈေးဝင်သည်။ မြန်မြန်ဆန်ဆန် ကျက်ပြီး လွယ်လွယ်ကူကူ ချက်လို့ရမည့် အစားအစာများကိုသာ ရွေးချယ်ခဲ့လေသည်။"ဈေးတောင် ဝင်ခဲ့သေးတာလား။ဘာတွေဝယ်ခဲ့တာလဲ။""အသား၊ငါး ဟင်းသီးဟင်းရွက် အစုံပဲ။""အများကြီးပဲ။ အားနာစရာကြီးဗျာ။ ဘာလို့ အများကြီး ဝယ်လာတာလဲ။"သူလုပ်လက်စကို ရပ်ပြီး အကို့ဘက်သို့ မျက်နှာလှည့်ကာ မျက်နှာခပ်တည်တည်နှင့် ကြည့်လိုက်သည်။ သူ့မျက်နှာ ချက်ချင်း တည်သွားဟန်ကို အကိုလည်း ရိပ်မိပုံရပြီး စိုးရိမ်သွားဟန် ပြလေသည်။"အကိုနဲ့ ကျွန်တော့် ကြားမှာ စည်းတွေ အထပ်ထပ် ခြားနေတယ် ဆိုတာ ကျွန်တော် သိပါတယ်။ အချို့ စည်းတွေက ကျွန်တော် ဖြိုခွင်းလို့ မရဘူး ဆိုတာလည်း နားလည်ပါတယ်။ရှိပြီးသား များပြားလွန်းတဲ့ စည်းတွေနဲ့တင် တော်ပါပြီ အကို။ ထပ်ပြီးတော့ စည်း အသစ်တွေ ထပ်မတိုးပါနဲ့လား အကို။""ကျွန်တော် ဘာများလုပ်မိလို့လဲ။ ဘာပြောမိလို့လဲဟင်။"သူပြောသည့် စကားကို နားမလည်ဟန်ဖြင့် မေးခွန်းထုတ်လေသည်။ ပြောလိုက်သည့် စကားကိုလည်း မှတ်မိဟန် မတူ။"အကို အခုလေးတင် ပြောလိုက်တဲ့ စကားကို အကို မမှတ်မိတော့ ဘူးလား။""ဗျာ...ကျွန်တော် ဘာများပြောလိုက်မိလို့လဲ။"တကယ်မသိဟန်နှင့် ပြောနေသောကြောင့် သူပြောမပြလျှင် သိဟန်မရှိပါ။"အကို စောနက ပြောလိုက်တယ်လေ။ အားနာစရာကြီး ဆိုတဲ့ စကား။ အားနာတယ် ဆိုတဲ့ စကားဟာ ခင်မင်မှုကို ဖျက်စီးတဲ့ စကားမျိုး မဟုတ်ဘူးလား အကို။""အဲ့လို မဟုတ်ပါဘူး။ ဝယ်လာတာက အများကြီး ဆိုတော့ ပိုက်ဆံတွေ အများကြီး ကုန်မှာလေ။ကျွန်တော့် အတွက် ပိုက်ဆံတွေ ကုန်တော့ အားနာတာပေါ့။ ဇင်က အားနာတယ် ပြောတာ မကြိုက်ဘူး ဆိုရင် ဈေးဝယ်လာတာ ကုန်ကျစရိတ်အတွက် ပိုက်ဆံ ပြန်ပေးပါ့မယ်။""အားနာတယ် ဆိုတဲ့ စကားကိုတောင် မကြိုက်တာ ပိုက်ဆံပြန်ပေးမယ် ဆိုတဲ့ စကားက ပိုဆိုးသွားတာပေါ့ အကို။ ဝယ်လာတဲ့ ပစ္စည်းတန်ဖိုးက ဘယ်လောက်မှ မရှိပါဘူး။ အကို့ကို ထမင်းပူပူလေး တနပ် ချက်ကျွေးလိုက်ရလို့ ဖြစ်သွားမယ့် ကျွန်တော့် ရင်ထဲက ပီတိကတော့ ဘယ်အရာနဲ့မှ တန်ဖိုးဖြတ်လို့ မရပါဘူး။"အကို ငိုင်ကျသွားသည်ကို သူသတိထားမိသည်ပေါ့။"ဒီလောကမှာ ငွေကြေးနဲ့ တိုင်းတာလို့ မရတဲ့ တန်ဖိုးတွေ အများကြီး ရှိတယ် အကို။""ဆောရီးပါ။ ကျွန်တော် နားလည်ပါပြီ။"သူပြောသင့်တာလည်း ပြောပြီးပြီ အကို့ကိုလည်း ထပ်ပြီး နှိပ်မစက်ချင်သောကြောင့် ဟင်းချက်ဖို့သာ ပြင်လိုက်သည်။ အကိုကလည်း အနားကနေ ဝိုင်းကူလုပ်ပေးလေသည်။ဝယ်လာသည့် အသား၊ငါးတွေကို အနေတော်လေးတွေ ခုတ်ပြီး ယခုချက်မည့် အသားတွေကို ဇလုံထဲသို့ ထည့်ပြီး အရသာနယ်ကာ နှပ်ထားသည်။ကျန်တာတွေကိုတော့ ရေခဲသေတ္တာအအေးခန်းထဲမှာ ဗူးတွေနှင့် ထည့်ထားပြီး ထားပေးမည်။ အကို ချက်စားချင်တဲ့ အချိန်ကျ အဆင်သင့် ဖြစ်အောင်ပါ။အအေးခန်းထဲမှာ ခဲထားဖို့အတွက် ရေခဲသေတ္တာအပေါ်ထပ်ကို ဖွင့်လိုက်ချိန်မှာတော့ သူမထင်မှတ်ထားသည့် အရာ ဖြစ်လာလေသည်။"အား""ဘာ...ဘာဖြစ်လို့လဲဟင်။"သူ့အော်သံကြောင့် အကို အနားသို့ ရောက်လာသည်။ထိုင်လျက်ဖြစ်နေသည့် သူ့အနားမှာ လာရောက်ထိုင်လျက် မေးလေသည်။"ရေခဲသေတ္တာ ဖွင့်လိုက်တာ ပစ္စည်းပြုတ်ကျလာလို့ ""ဟုတ်လား။ဘယ်နားထိသွားလဲ။ ပြပါဦး။"သူ့လက်ကို ဆွဲယူကာ လက်ဖဝါးနှင့် လက်ဖမိုးကို တဖက်ဆီ လှန်ကြည့်လေသည်။ ဘယ်ကော၊ ညာပါ နှစ်ဖက်စလုံးကိုကြည့်ပြီး ဒဏ်ရာမတွေ့သောကြောင့် သူ့ကို မော့ကြည့်ကာ မေးလေသည်။ အကို့မျက်ဝန်းတွေဟာ သူ့အပေါ် စိုးရိမ်စိတ်အပြည့် ရှိနေသည်ကို သူမြင်လိုက်ရလေသည်။လှိုက်ခနဲ ဝမ်းသာသွားပြီး ပြုံးလိုက်မိသည့် အထိပါ။ သူ့အပြုံးကို အကိုလည်း မြင်လိုက်ပြီး "ဘယ်နားလဲ။""ခြေထောက်ပေါ်ကျတာ။""ဪ။ ကျွန်တော် ကြည့်မယ်နော်။"ရုတ်တရက် သူ့ခြေထောက်ကို လာကိုင်သောကြောင့် အားနာသွားပြီး လက်ထဲမှ လွတ်သွားရန် နောက်သို့ ဆုတ်လိုက်သည်။"ဘာလို့လဲ။ကျွန်တော် ကြည့်ပေးမယ်လေ။ဘယ်လောက်တောင် နာသွားလဲ။""ကျွန်တော့် ခြေထောက်ကို မကိုင်ပါနဲ့။ အကိုက ကျွန်တော့်ထက်ကြီးတာ အားနာဖို့ ကောင်းပါတယ်။""ဘာများလဲလို့။ပြပါ။ အားမနာပါနဲ့။"အကိုက သူ့ခြေထောက်ကို အတင်းဆွဲယူကာ ကြည့်လေသည်။ အရှိန်နှင့် ပြုတ်ကျလာသော ရေသန့်ဗူးကြောင့် ခြေထောက်ကတော့ အနည်းငယ် ယောင်သလို ရှိလာသည်။"ခြေထောက်ယောင်လာပြီပဲ။ဆေးလိမ်းရအောင်။""ရတယ် အကို။ ဘာမှမဖြစ်ဘူး။ ကျွန်တော့် ခြေထောက်က နဂိုကတည်းက နည်းနည်း ဖောင်းနေတာမို့ပါ။"သူ့ခြေထောက်က အနည်းငယ် အသားပြည့်ဖောင်းသော အမျိုးအစားထဲမှာ ပါလေသည်။ မသိသောသူတွေ ဆိုလျှင် ခြေထောက် ယောင်နေသလားဟုတောင် ထင်ကြသေးသည်။"ဇင့် ခြေထောက် ပြည့်တယ် ဆိုတာ ကျွန်တော် သိပါတယ်။ ရေခဲသေတ္တာ အမြင့်ကနေ ရေသန့်ဗူး ပြုတ်ကျထားတဲ့ အရှိန်က နည်းတာမှ မဟုတ်တာ။ အခန့်မသင့်ရင် အရိုးထိသွားနိုင်တယ် မဟုတ်လား။ ဆေးလိမ်းထားလိုက်တာ အကောင်းဆုံးပါ။ ဓာတ်မှန် ရိုက်ကြည့်မလား။ ""အာ...အကိုကလဲ။အဲ့လောက် မလိုပါဘူး။ ဆေးလိမ်းရင်ပဲ ရပါပြီ။""အိုကေ..ဒါဆို ခဏလေးနော်။"အကို သူ့နားကနေ ထွက်သွားသည်။ အကို ထွက်သွားတော့ သူထိုင်ရာမှ ထကာ လုပ်စရာ ရှိတာ ဆက်လုပ်နေလိုက်သည်။ ခြေထောက်က ဆိုးဆိုးဝါးဝါးကြီး နာကျင်တာမျိုး မဟုတ်ပေမယ့် နာတော့နာလေသည်။"ခြေထောက်နာနေတာကို ဘာလို့ထိုင်မနေတာလဲ။""ရပါတယ်။ ဒီလောက်လေးက ဘာမှမဖြစ်ပါဘူး။""ဘယ်ဟုတ်ပါ့မလဲ။ လာ....ဒီမှာ ထိုင်။"ခုံပုလေး တလုံးကို ယူပြီး သူ့ကို ထိုင်စေသည်။သူလည်း အကို ထိုင်ခိုင်းသည့် အတိုင်း ထိုင်လိုက်ရပါသည်။ အကို့လက်ထဲမှ ဆေးဗူးကို ပေးဖို့ လက်လှမ်းတော့ အကိုက မပေးပါ။ ဆေးဗူးကို ဖွင့်ပြီး အထဲမှ ဆေးကို သူ့လက်နှင့် ကလော်ကာ လိမ်းပေးဖို့ ဟန်ပြင်လေတော့သည်။"အကို မလုပ်ပါနဲ့။ ကျွန်တော့် ဖာသာ လိမ်းပါ့မယ်။ ပေးပါ။"သူခြေထောက်ကို ရုတ်လိုက်ပေမယ့် အကို့လက်က သူ့ထက် ပိုပြီး မြန်လေသည်။ခြေထောက်ကို ဆွဲပြီး ဆေးကို ရအောင် လိမ်းပေးလေသည်။ စိတ်ထဲမှာ အားနာပြီး ပါးစပ်က မလုပ်ပါနဲ့ လို့ ပြောနေပေမယ့်လည်း မျက်လုံးတွေကတော့ အကို့မျက်နှာပေါ်မှာ ဝေ့ဝဲလို့ နေလေသည်။အပေါ်စီးက မြင်နေရသည့် မျက်နှာအနေအထားကို တခုချင်းစီ ခွဲခြမ်းစိတ်ဖြာကြည့်နေမိသည်။သူ အမြဲငေးမော ခဲ့ရသော မျက်ဝန်းညိုလေးကို ကာကွယ်ထားသည့် မျက်တောင်ရှည်လေးတွေဟာ ကဗျာဆန်စွာ လှပလွန်းနေသည်။ ချွန်ထက်သည့် နှာတံစင်းစင်းလေးကလည်း ငေးချင်စရာ။ နှဖူးပေါ် ဝေ့ဝဲကျနေသည့် ဆံနွယ်လေးတွေ ယိမ်းနွဲ့ပုံကလည်း လှပသော မိန်းမပျို တယောက် ကနေဟန်လေးပါ။စိုက်ကြည့်နေရင်း စိတ်မထိန်းနိုင်စွာ ခေါင်းကို ငုံချလိုက်ပြီး ဆံပင်တွေကြား နှာခေါင်းလေးကို နစ်မြုတ်ဖို့ ကြိုးစားလိုက်ချိန်မှာပဲ......"အ""အိုး...ဟာ ...ဆောရီး....ဇင် ခေါင်းငုံနေမှန်း ကျွန်တော် မသိလို့ ။ နာသွားလားဟင်။""နည်းနည်းပါ။""ဆောရီးပါဗျာ။ဒီနေ့ ဇင့်ကို ကျွန်တော် ဒုက္ခပေးပေါင်းများနေပြီ။"တကယ်တမ်းကျတော့ သူအကို့အပေါ် နှာဗူးထလို့ ဖြစ်ရတဲ့ ကိစ္စ အကိုမှာ မသိရှာပါလား။ သိရင်ကော ဘာပြောလေမလဲ။"မတော်တဆ ဖြစ်တာပဲ အကိုရယ်။ စိတ်ထဲထားမနေပါနဲ့။ကျွန်တော် မနာပါဘူး။"အကို့မျက်နှာမှာ စိတ်မကောင်း ဖြစ်ဟန်တွေ အများကြီး တွေ့နေရ၍ သူလည်း ရင်ထဲတော့ မကောင်းပြန်။ အကို့ သူ့အပေါ် ခင်တွယ်မှုတွေ များလာပြီ ဆိုတာကို သိရတော့ ဝမ်းသာမိပြန်သည်။ သူနှင့်အကို၏ ကြားထဲမှ ဖြစ်ခဲ့ဖူးသည့် အကြောင်းအရာတွေကို အကို အမြန်ဆုံး သတိရလာဖို့သာ သူအမျှော်လင့်ဆုံး ဖြစ်လေသည်။"အကို""ဗျာ""ဒါ အကို့အတွက် လက်ဆောင်။"သူ့အိတ်ထဲမှာ အမြဲဆောင်ထားတတ်သော စပယ်ပန်းကုံးလေးကို ယူကာ အကို့ဆီသို့ ကမ်းပေးလိုက်လေသည်။ အကို လှမ်းယူလေသည်။ စပယ်ပန်းကုံးလေးကို အသာလေး စိုက်ကြည့်ပြီး မွှေးကြူကြည့်လေသည်။ပြီးမှ သက်ပြင်းချလေသည်။"တကယ်တမ်းကျတော့ ကျွန်တော် စပယ်ပန်းအနံ့ကို မခံနိုင်ဘူး ဇင်။ ဒါပေမဲ့ ဇင် ပေးတဲ့ စပယ်ပန်းလေးတွေကတော့ မွှေးတယ်။""ဒါက ကျွန်တော့် ချစ်ခြင်းမေတ္တာတွေကို စပယ်ပန်းထဲမှာ ပါနေလို့ အကို့ဆီ ရောင်ပြန်ဟပ်တာပေါ့ အကို။"သူ့အပြောတွေကြောင့် အကို့ မျက်လွှာချသွားတာကို သူသတိထားမိလိုက်လေသည်။"အကို""ဗျာ""ကျွန်တော် အရဲစွန့်ပြီး တခုလောက် ပြောပါရစေ။ ကျွန်တော်....."သူ့ပါးစပ်ကို လက်ဖဝါးနုနုလေးနှင့် လာရောက် ပိတ်ဆို့ခြင်းကို ခံလိုက်ရပါသည်။"ကျွန်တော်တို့ ပြောနေတဲ့ စကားတွေကို ဒီနားတင်ပဲ ရပ်လိုက်ကြရအောင်လား ဇင်။ ရှေ့ဆက်ပြီး ဘာမှမပြောတာ ကျွန်တော်တို့ အတွက် အကောင်းဆုံး ဖြစ်မှာပါ။"ဒါဟာ သူ့ကို သွယ်ဝိုက်တဲ့ နည်းနဲ့ သူ့ကို ငြင်းဆန်လိုက်သည် ဆိုတာ သူနားလည်ပါသည်။ တခုခုကို ဇွတ်တရွတ် လိုက်ချင်မိသည်။ အကို့ကို ငဲ့ညှာနေ၍ ဒီအချိန်ထိ ရောက်လာသည် ဆိုတာ အကို သိစေချင်သည်။သူဘယ်လောက်ထိ ချုပ်တီးထားရလဲ ဆိုတာ အကို မသိပါလားလေ။************ကိုသား ပြောသော စကားများ နားထဲတွင် ကြားယောင် နေမိသည်။ဒါကို အခု အကောင်အထည် ဖော်ရပေမည်။ အကိုနှင့် ဒီ့ထက်ပိုပြီး နီးစပ်အောင် ကြိုးစားဖို့ အခွင့်အရေး ရှာရမည်ဟု ကိုသားက ပြောလေသည်။ သူကိုယ်တိုင်ကလည်း အကိုနှင့် ဒီ့ထက်ပိုပြီး နီးစပ်ချင်သောကြောင့် အကြံထုတ်ရလေသည်။"ကျောင်းစာလိုက်နိုင်တယ်မလား။"အကို မေးလာတော့ သူ့အတွက် အခွင့်အရေးတခု ရလေသည်။"လိုက်နိုင်တဲ့ ဘာသာလည်း ရှိသလို အားနည်းတဲ့ ဘာသာလည်း ရှိတယ် အကို။""အားနည်းတဲ့ ဘာသာကို ကျူရှင်မယူဘူးလား။""ကျူရှင်က ဘာသာအများကြီးတော့ မယူနိုင်ဘူးလေ။ ကျူရှင်ခတွေက ဈေးကြီးတယ်မလား။ ကျွန်တော် မတတ်နိုင်ဘူး အကို။""ဒါဆို ဘယ်ဘာသာက အားနည်းတာလဲ။"သူအားနည်းသော ဘာသာရပ်ကို ပြောပြလိုက်သည်။ သူအားနည်းသော ဘာသာရပ်ဟာ အကို တော်ခဲ့သော ဘာသာရပ် ဖြစ်မှန်း သူသိသည်။အကို ဘာပြန်ပြောမလဲ ဟု အကို့၏ စကားအသွားအလာကို ကြားရဖို့ နားစွင့်နေမိသည်။ ချက်ချင်း အဖြေပြန်မလာပါ။ အကို တခုခုကို စဉ်းစားနေပုံရသည်။ သူလိုချင်သော အဖြေကို ရဖို့အတွက် အကို့ စိတ်ကို ယိုင်နဲ့အောင် သူထပ်လုပ်ရပေဦးမည်။"အခုနှစ်က အရင်နှစ်ထက် စာတွေ ပိုများတယ်။ ရှင်းရှင်း ပြောရရင် ကျွန်တော် လက်လျှော့လိုက်ချင်တဲ့ အချိန်တွေ ရှိတယ်။""ဘယ်လို""ဟုတ်တယ် အကို။ ကျွန်တော် ဒီဆေးကျောင်းကို တက်တာ အခက်အခဲ များစွာကို ကျော်ဖြတ်ရတယ်။ ကျွန်တော့် အဒေါ်တယောက်ရဲ့ အထောက်အပံ့တွေလည်း ပါတာပေါ့။ ကျွန်တော့်မှာ ကျောင်းတက်နေတဲ့ ညီနှစ်ယောက် ရှိသေးတယ်လေ။ သူတို့အတွက် ကျောင်းစရိတ်နဲ့ အိမ်ရဲ့ စားဝတ်နေရေး။ ကျွန်တော့်ရဲ့ ကျောင်းစရိတ်ကလည်း တဖြည်းဖြည်းနဲ့ များလာတော့ ဝင်ငွေနဲ့ထွက်ငွေက မမျှချင်တော့ဘူးလေ။"သူပြောသမျှကို နားထောင်နေသည့် အကို့ စိတ်ထဲ ဘယ်လိုဖြစ်နေလိမ့်မလဲ သူသိချင်မိလေသည်။ ညှိုးငယ်နေသော မျက်ဝန်းညိုလေးတွေသည် သူ့အပေါ်ထားသည့် သနားစိတ်ကို ထင်ပေါ်နေတာ တွေ့ရသည်။ အကို သူ့ကို သနားတာမျိုးကိုတော့ သူတကယ် မလိုလားပါ။ဒါပေမဲ့လည်း အခြေအနေအရ အကို သူ့ကို သနားဖို့လည်း လိုအပ်နေသည် မဟုတ်လား။"ဒီနှစ် စာဆက်မလိုက်နိုင်ဘူး ဆိုရင်တော့ တကယ် ကျောင်းနားလိုက်တော့မယ်။ ဆရာဝန် တယောက် ဖြစ်ဖို့ ဆိုတာ လက်တွေ့မှာ မလွယ်ကူမှန်း ကျွန်တော် သိလိုက်ပါပြီ။ ကျွန်တော်က ကိုယ့်ဘဝနဲ့ မမှီတဲ့ ဘဝကို အတင်းယူသလို ဖြစ်နေတယ်။ ကိုယ်နဲ့တန်တဲ့ ဘဝမှာပဲ နေတာ အကောင်းဆုံးဆိုတာ ကျွန်တော် နားလည်လိုက်ပါပြီ။"သူ့စကား အဆုံးမှာ အကို့မျက်ခွံတွေ ပုတ်ခတ်သွားတာကို သူမြင်လိုက်သည်။ နှုတ်ဖျားကတော့ ဘာစကားမှ ထွက်မလာသေးပေ။ စိုက်ကြည့်နေသော သူ့မျက်ဝန်းတွေကို လွှဲဖယ်ပြီး ထိုင်ရာမှ ထကာ အခန်းထဲသို့ ဝင်သွားလေသည်။ တခါတလေ အကို့ပုံစံက ခန့်မှန်းရခက် သည်။ စကားပြောလက်စနှင့် အနားမှ ထွက်သွားလောက်အောင် အကို ဟာ ရိုင်းစိုင်းသူမှ မဟုတ်တာလေ။အခန်းထဲ ဝင်သွားပြီး သိပ်မကြာပါ။ အကို သူ့အနားသို့ ပြန်ရောက်လာလေသည်။ လက်ထဲမှာ ကျွတ်အိတ်အမည်းနှင့် ထုပ်ထားသော အထုပ်တထုပ် ပါလာသည်ကိုတော့ သူသတိထားမိလိုက်သည်။ အကို သူ့ရှေ့ ခုံမှာ ပြန်ထိုင်လေသည်။ လက်ထဲမှ အိတ်ကို ရှေ့စားပွဲပေါ်မှ ချသည်။ သူ့ကို တချက်ဝေ့ကြည့်ပြီး အထုပ်ကို သူ့ရှေ့ရောက်အောင် တွန်းပို့ပေးလေသည်။ သူလည်း ဘာမှန်း မသိသောကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားသည်။"ဒါလေး လက်ခံလိုက်ပေးပါ။""ဒါဘာလဲ...အကို။""ဖွင့်ကြည့်လိုက်ပါ။ ဒါဟာ ကျွန်တော့် စေတနာပါ။"အကို ပေးသော ပစ္စည်းကို ဘာမှန်းသူမသိပေ။တွက်ဆလို့လည်း မရသေးသောကြောင့် အိတ်ကို ယူကြည့်လိုက်သည်။ ဖွင့်ကြည့်လိုက်တော့ မထင်မှတ်ထားသည့် အရာကို သူမြင်လိုက်ရလေသည်။ အရာအားလုံး ပျောက်ဆုံးသွားသလို ခံစားရလေသည်။ "ဒါ ဘာသဘောလဲ အကို။""ကျွန်တော် စေတနာနဲ့ ကူညီပေးတာပါ။ ဆေးကျောင်းကို ဆက်တက်စေချင်လို့ပါ။""ကျွန်တော်ကတော့ စေတနာလို့ သဘောမထားဘူး။ ဒါဟာ အကို ကျွန်တော့်ကို နှိမ်ချဆက်ဆံလိုက်တာပဲ။""ဟာ...အဲ့လိုသဘောမျိုးတော့ မဟုတ်ရပါဘူး။ ကျွန်တော်က ဇင့်ကို အဆင်ပြေစေချင်လို့ ကူညီတာပါ။ ဆေးကျောင်းကို အပြီးထိ တက်စေချင်လို့ပါ။""ကျွန်တော့်အတွက် အဆင်မပြေဘူး။ ကျွန်တော်ဟာ ဆင်းရဲသား တယောက် ဆိုတာ မှန်ပါတယ်။ ငွေကြေးဆင်းရဲပေမယ့် ကိုယ့်ခွန်ကိုယ့်အားနဲ့ ရတဲ့ ငွေကြေးနဲ့ပဲ ကျွန်တော့်ဘဝ၊ ကျွန်တော့် မိသားစု ဘဝကို ဖန်တီးပါတယ်။ အကို့ကို ပြောပြတဲ့ အကြောင်းအရာတွေဟာ အကို့ဆီက ငွေလိုချင်လို့ ၊ ထောက်ပံ့မှု လိုချင်လို့ ပြောပြနေတာ မဟုတ်ပါဘူး။အသနားခံနေတာလည်း မဟုတ်ဘူး။ ကျွန်တော့် ဘဝ တစိတ်တပိုင်းကို အကို သိစေချင်လို့ ရင်ဖွင့်ပြတဲ့ သဘောပါ။""ဟို ကျွန်တော် ဒီငွေကို ပေးတယ် ဆိုတာကလည်း ဇင့် ကို ကျောင်းမထွက်စေချင်လို့ပါ။ ခက်ခဲနေတဲ့ ပြဿနာကို ဖြေရှင်းလို့ ရအောင်ပါ။"သူတွက်ဆထားတာနှင့် တခြားစီ ဖြစ်လေသည်။"အဟင်း....အကိုတို့လို ပိုက်ဆံရှိတဲ့ လူတွေကနော်.... အရာရာတိုင်းကို ငွေကြေးနဲ့ ပစ်ပေါက်ပလိုက်တာပဲ။""ဟို..အဲ့လို သဘောမျိုးနဲ့ မဟုတ်ပါဘူး။ ကျွန်တော်က တကယ် စေတနာနဲ့ပါ။"အကို့ စကားကြောင့် နှုတ်ခမ်းကို တွန့်ရုံလေးသာ ပြုံးလိုက်မိသည်။ ရှေ့မှာ ရှိနေသော အထုပ်ကို အကို့ရှေ့သို့ ပြန်လည် ထိုးပေးလိုက်သည်။"ကျွန်တော့်ကို ရိုင်းတယ်ပဲ ဆိုဆို အကို ပြောတဲ့ စေတနာ ဆိုတာကို လက်မခံပါရစေနဲ့။ဒီငွေတွေကို လက်ခံလိုက်တာထက် စာရင် ကျောင်းထွက်လိုက်တာကမှ စိတ်သန့်နေဦးမှာပါ။"သူ ပြောပြီးတာနှင့် ထိုင်ရမှ ထလိုက်သည်။ ခြေလှမ်းတွေကလည်း တံခါးဝဆီသို့ ဦးတည်လိုက်ပါသည်။တံခါးလက်ကိုင်ဖုကို လှမ်းဆွဲလိုက်ချိန်မှာပဲ သူ့လက်ကို လှမ်းဆွဲလိုက်သည့် လက်တဖက်ကြောင့် စောင်းငဲ့ကြည့်လိုက်ပါသည်။"ကျွန်တော် တောင်းပန်ပါတယ်။""ရပါတယ်။"အကို့ လက်ထဲမှာ သူ့လက်ကို ရုန်းဖယ်လိုက်ပြီး ထွက်ဖို့ ဟန်ပြင်လိုက်ပါသည်။ ဖယ်လိုက်သော လက်ကို နောက်လက်တဖက်ဖြင့် ပြန်ဖမ်းထားခြင်းကို ခံလိုက်ရသည်။"ကျွန်တော် တောင်းပန်ပါတယ်။ မပြန်ပါနဲ့ဦး။ ""စိတ်မဆိုးပါနဲ့နော်။ လာပါ"တောင်းပန်စကားဆိုရင်း သူ့လက်ကို ဆွဲကာ ဧည့်ခန်းထိုင်ခုံဆီသို့ ခေါ်ဆောင်လာလေသည်။ သူလည်း အလိုက်သင့်လေး ပြန်လည် လိုက်ပါလာလိုက်ရပါသည်။ဒီတခါတော့ သူ့အနားမှာ လာထိုင်လေသည်။သူကတော့ အနားမှ အကိုကို မော့မကြည့်ဘဲ ခေါင်းကိုသာ ငုံထားနေမိသည်။အကို သူ့ကို တောင်းပန်စကား ဆိုလိုက်ကတည်းက သူ စိတ်မဆိုးတော့ပါ။တကယ်တော့ သူစိတ်ဆိုးနေခြင်း မဟုတ်ပါ။ စိတ်မကောင်း ဖြစ်သွားခြင်းနှင့် သူမျှော်လင့်ထားသည့် စကားမျိုးကို မကြားရသည့် အတွက် ဖြစ်သည်။"ကျွန်တော် မှားသွားပါတယ်။ ဇင့် ကို စော်ကားချင်တဲ့ စိတ်နဲ့ ပေးတာမျိုးလည်း မဟုတ်ရပါဘူး။ ကျွန်တော့် အတွေးမှားသွားတာပါ။ ဆေးကျောင်းသား တယောက်ဟာ ငွေဘယ်လောက်ကုန်မှ ဘွဲ့ရသလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဇင့် ကို ကူညီပေးချင်ရုံ သက်သက်ပါ။ အခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ စိတ်မဆိုးပါနဲ့တော့နော်။"အကို့၏ လေသံ သဲ့သဲ့လေးတွေဟာ သူ့နားတွင်းသို့ သံစဉ်ချိုလေးတွေလို ဝင်ရောက်လာသည်။ တဖက်မှ တွေးရင်း အကို သူ့ကို ချော့နေသည်ပေါ့။ တယောက်မှ တယောက်ကို ချော့သည် ဆိုတာ ချစ်သူတွေမှ လုပ်ဆောင်သည့် အလုပ်မျိုး မဟုတ်လား။ ဒါဆို သူနှင့်အကို သည်...။ အတွေးများဖြင့် သူ ခပ်သဲ့သဲ့ ပြုံးလိုက်မိလေသည်။" ဇင် ပြုံးပြီပေါ့။ ဒါဆို ကျွန်တော့်ကို စိတ်မဆိုးတော့ဘူးပေါ့နော်။"အကို့ အသံကြားမှ ခေါင်းငုံနေရာမှ မော့ကြည့်မိသည်။ သူ့ကို ငေးကြည့်နေသည့် မျက်ဝန်းညိုလေးကို တွေ့ရလေသည်။ ကြည့်နေသည့် သူ့ကို ပြုံးပြသည့် အပြုံးတချက်ဟာ အရာရာ ပြီးပြည့်စုံသွားသလိုပါပဲ။ သူနှင့် အနီးကပ် ထိုင်နေသည့် အကို့ကို သေချာစိုက်ကြည့်မိသည်။ အရင်ကတည်းက ဖြူဝင်းသော အသားအရည်ဟာ ယခုလည်း ဒီအတိုင်းပင်။ မျက်နှာမှာ အနာအဆာ မတွေ့ရဘဲ ချောမွတ်နေခြင်းဟာ လည်း သူ့အတွက် ဆွဲဆောင်မှု တခုပင်။ မျက်ဝန်းညိုလေးတွေနှင့် လိုက်ဖက်ညီစွာ ရှည်လျားသော မျက်တောင်လေးတွေဟာ ကလူကျီစယ်ချင်စရာ ကောင်းလှပေသည်။ ယောက်ျားလေး ဖြစ်ပြီး တင်းတင်းပြည့်ပြည့် ဖြစ်နေသော ပါးပြင်လေးတွေဟာ လက်ညှိုးလေးနှင့် တို့ထိချင်စရာ။ အင်း...နီထွေးထွေး နှုတ်ခမ်းတွေကတော့ ....။ သူကြည့်နေရင်းမှ မြန်ဆန်လာသော ရင်ခုန်သံကြောင့် မျက်နှာလွှဲလိုက်ရပါသည်။ "ကျွန်တော့်ကို စိတ်ဆိုးမပြေသေးဘူးလားဟင်။ ကျွန်တော် ဘာလုပ်ပေးရမလဲ။"သူ မျက်နှာလွှဲလိုက်ပြီး သိပ်မကြာ။ အကို့ထံမှ စကားသံ ခပ်သဲ့သဲ့ကို ကြားရလေသည်။ သူလည်း အကိုနှင့် မျက်နှာချင်းပြန်ဆိုင်ရပါလေ သည်။"ကျွန်တော့်ဘက်က အကို့အပေါ် ခင်မင်မှုထက် ပိုတဲ့ ခံစားချက်မျိုး ရှိတယ် ဆိုတာ အကို သိပါတယ်နော်။""ဟုတ်ကဲ့။ သိပါတယ်။""အကို့အနေနဲ့ ဘယ်လို သဘောထားလဲ မသိပေမယ့် ကျွန်တော့် အနေနဲ့ ကတော့ အကိုဟာ ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်း အချို့မှာ အကို ပါဝင်နေတယ်။ ဒါ့ကြောင့် အကို ကျွန်တော့်ကို ပြောလိုက်တဲ့ စကားတိုင်းဟာ အလွန်အရေးပါတယ်။ အကို ပြောလိုက်တဲ့ စကားတိုင်းဟာ ကျွန်တော့်ဘဝအတွက် သက်ရောက်မှု ရှိတယ် အကို။အကို က ရယ်စရာ ပြောရင် ကျွန်တော် ဝမ်းသာရတယ်။ အကို က ဝမ်းနည်းစရာ စကားတွေ ပြောလိုက်ရင် ကျွန်တော် မျက်ရည်ကျရတဲ့ အထိပဲ အကို။ စကားနဲ့တောင် သက်ရောက်မှု ကြီးမားနေတာ။ ရှင်းရှင်းပြောရရင် အကို့ဆီက ကျွန်တော် လိုချင်တာ ချစ်ခြင်းမေတ္တာတခုပဲ ရှိပါတယ်။ အရာရာကို ငွေကြေးနဲ့ တိုင်းတာခံရတဲ့ အတွက်လည်း ကျွန်တော် စိတ်မကောင်းဘူး။""ဟို...ကျွန်တော်က အဲ့လို သဘောမျိုး မဟုတ်ရပါဘူး။""အကို့ဆီက ငွေကြေးနဲ့ ပတ်သတ်လို့ ဘာအကူအညီမှ ကျွန်တော် မလိုချင်ဘူး။ထောက်ပံ့တာမျိုးလည်း မလိုလားဘူး။ ချူစားနေတယ် လို့ အပြောမခံနိုင်ဘူး အကို။""ဟာ...ကျွန်တော် ဆိုလိုတာလည်း အဲ့လို မဟုတ်ပါဘူး။ ဇင့် ကို ကျောင်းမထွက်စေချင်ရုံပါ။ ဒီငွေကြေးဟာ ဇင့် အတွက် အထောက်အပံ့လေး ဖြစ်စေချင်ရုံပါ။""မရှိခိုးနိုး ဆိုတဲ့ စကားက အလကား ပေါ်လာတာမှ မဟုတ်ဘဲ။ ခင်မင်ချင်လို့ ဆိုရင်တောင် မျှော်လင့်ချက်နဲ့ ခင်မင်ကြတဲ့ ထင်တာမျိုး။ အဆင်မပြေတာလေး ပြောမိရင်တောင် ငွေချေးမလား ဆိုတဲ့ သံသယ ဝင်ခံရတာမျိုး။""မဟုတ်သေးပါဘူး ဇင်ရယ်။ ဇင် ပြောနေတာကလေ...။ တကယ်ပါ။ ကျွန်တော်မှာလေ အဲ့လောက်ထိလည်း မတွေးခဲ့ဖူးပါဘူး။ အဝေးကြီးလည်း မစဉ်းစားခဲ့ဖူးပါဘူး။ ဇင့် ကို ကူညီချင်တာလေး တခုနဲ့ လုပ်မိတဲ့ အမှားတခုမို့ ခွင့်လွှတ်ပေးပါ။ နောင်မဖြစ်စေရပါဘူး။ တောင်းပန်ပါတယ်ဗျာ။"သူလိုချင်တာ လိုရင်းပါ။ တောင်းပန်စကား မဟုတ်ဘူးလေ။ စကားလမ်းကြောင်း ဘယ်လောက်ပေးပေး အကို့ဘက်က စကားစမလာသောကြောင့် သူသက်ပြင်းချမိသည် အထိ စိတ်ပျက်မိလေသည်။"ကျွန်တော် ပြန်တော့မယ်။""နေ..နေပါဦး။"အကို သူ့လက်ကို ဆွဲလိုက်ပေမယ့် မတ်တပ်ရပ်နေသည့် အတိုင်းသာ နေဖြစ်သည်။"ကျောင်းတော့ မထွက်ပါနဲ့နော်။""မသေချာဘူး အကို။""အဲ့လို မလုပ်ပါနဲ့။ဆရာဝန် တယောက် ဖြစ်ဖို့ မလွယ်မှန်း ကျွန်တော် သိပါတယ်။ ဇင့် ဘက်က အခက်အခဲ ရှိတယ် ဆိုပေမယ့် ဇင့် ကို ဆရာဝန် တယောက် အဖြစ် ကျွန်တော် မြင်ချင်လို့ပါ။"အကို သူ့ကို ဒီအချိန်မှာ သေချာမသိပေမယ့် သူ့ကို ပညာတတ်တယောက် ဖြစ်စေချင်တဲ့ အကို့ စိတ်ကတော့ အရင်လိုပါပဲ။အကို့ အတွင်းစိတ်လေးဟာ အရင်အတိုင်းပဲ ဖြစ်သောကြောင့် သူဝမ်းသာသွားပါသည်။"အကို့ စကားကြားရတာ ဝမ်းသာပါတယ် အကို။ ဒါပေမဲ့ လက်တွေ့က ခက်ခဲတယ်လေ အကို။""နည်းလမ်းတခုခုတော့ ရှိမှာပါ။ အလျင်စလိုတော့ မဆုံးဖြတ်စေချင်ဘူး။"သူ့ဘက်မှ တိကျသော အဖြေတခု မပေးနိုင်သောကြောင့် နှုတ်ဆိတ်၍သာ နေရလေသည်။ သူ့ထံမှ စကားသံ မကြားရသဖြင့် အကိုလည်း မျက်နှာပျက်ယွင်း နေမှန်း သူသတိထားမိပါသည်။"ကျွန်တော့်ကြောင့် အကို စိတ်မကောင်း ဖြစ်သွားတယ် ဆိုရင် ကျွန်တော်ကပဲ ပြန်တောင်းပန်တယ်နော်။ စိတ်မကောင်း မဖြစ်ပါနဲ့။ ဒါဟာ ကျွန်တော့်ဘဝပါ။ ကျွန်တော့်ဘဝမှာ အခက်အခဲများစွာ ကြုံဖူးပါတယ်။ မဆန်းတော့ပါဘူး။သူ့စကားတွေကြောင့် အကို စိတ်မကောင်း ဖြစ်သွားမည် ဆိုတာ သိသိကြီးနှင့် သူပြောနေမိသည်။ဒီနေ့အတွက်တော့ သူတို့နှစ်ယောက်အတွက် ပျော်စရာတွေ သိပ်မရှိခဲ့။ သူလည်း လိုချင်တာ မရသလို အကိုလည်း စိတ်ရှုပ်သွားလောက်လေသည်။ သူ အိမ်သို့ ပြန်လာသည့်တိုင် စိတ်ထဲမှာတော့ ဘဝင်မကျသေးပေ။**************"စာကျက်နေတာလား လင်းလက်။""ဟုတ်ကဲ့ ကိုကို။ ကိုကို ပြောစရာ ရှိလို့လား။""အင်း...လင်းလက်နဲ့ စကားလေး နည်းနည်းပြောချင်လို့။""ဟုတ်ကဲ့ ကိုကို ပြောပါ။"ဇင် ပြန်သွားပြီးတာနှင့် ဇင် ပြောခဲ့သည့် စကားတွေကို သေချာစဉ်းစားကြည့်ရင်း ရင်ထဲမှာ မကောင်းဖြစ်လွန်းသည့် အတွက် သူ နေမထိ၊ ထိုင်မသာ ဖြစ်မိလေသည်။ဇင့်ကို ဆေးကျောင်းတက်နေသည့် ကောင်လေးတယောက် အပြင် သူ့ဘဝ၏ ရုန်းကန် ဖြတ်သန်းမှုတွေကိုပါ သိလိုက်ရတော့ ပိုပြီး နားလည်မိသွားသည်။ အရွယ်နှင့် မလိုက်အောင် ရုန်းကန်နေရသူလေး။ ဆေးကျောင်းသား တယောက်၏ ဘဝဟာ ခက်ခဲမှန်း သူသိလေသည်။ငွေကြေးကုန်ကျမှု များပြားတာလည်း သူနားလည်ပါသည်။ ဒါပေမဲ့ ဇင့် ကို ဆရာဝန် တယောက် ဖြစ်စေချင်တာ သူ့၏ တကယ့် ဆန္ဒအမှန်ပါပဲ။ ဒါ့ကြောင့်လည်း ဇင် ဆေးကျောင်းဆက်စေချင်သည့် စိတ်ဆန္ဒဖြင့် ငွေကြေး ထောက်ပံ့ပေးခဲ့မိသည်။ ဇင် စိတ်ဆိုးသွားလိမ့်မည်ကိုတော့ သူမထင်ထားခဲ့ပါ။ သူပေးလိုက်သည့် ငွေကြေးဟာ ဇင့်၏ မာနကို ထိခိုက်သွားစေလိမ့်မည်ဟုလည်း မတွေးမိလိုက်။ ဇင် စိတ်ဆိုးသွားတော့ သူမနေတတ်အောင် ဖြစ်မိလေသည်။ ဇင့် အတွက် အထောက်အပံ့ ဖြစ်စေချင်သည့် စိတ်ဖြင့်သာ သူလုပ်လိုက်ခြင်း ဖြစ်ပါသည်။ ကျန်တာကို သူမစဉ်းစားမိသည်မှာ အမှန်ပါ။ ဇင် စိတ်မကောင်း ဖြစ်သွားတော့ သူလည်း ဇင့် အပေါ် အမှားကြီးကြီး လုပ်မိသည်ဟု ခံစားလိုက်ရလေသည်။ဇင့်ကို ကျောင်းမထွက်စေချင်သည့်အတွက် ငွေကြေးမဟုတ်သော အကူအညီ မဟုတ်သည့် အခြားအကူအညီကို သူလုပ်ပေးချင်သည်။သူ့ခေါင်းထဲမှာ မျိုးစုံစဉ်းစားသည်။နောက်တော့ ဇင်နှင့် အတန်းတူ ဖြစ်သော သူ့ညီကို သတိရသွားပြီး အကူအညီ တစုံတရာ ရလိုရငြား ဖုန်းဆက်ကြည့်လိုက်ပါသည်။"ဒီဇင်ဘာလင်းလက်နဲ့ ကျောင်းမှာ တွေ့ဖြစ်ကြသေးလား။""တိုက်ရိုက်ကြီးတော့ စကားမပြောဖြစ်ပါဘူး ကိုကို။ တကျောင်းတည်း ဆိုတော့လည်း တွေ့တော့ တွေ့ဖြစ်ပါတယ်။""တွေ့ရင် သူငယ်ချင်းကို စကားလေး နည်းနည်း ပြောကြည့်ပါဦး။ဇင် က ကျောင်းထွက်တော့မယ်လို့ အကို့ကို ပြောနေလို့။""ဗျာ....ဘယ်လိုဖြစ်လို့လဲ။""ဘာသာစုံ ကျူရှင် မယူနိုင်တော့ အချို့ဘာသာတွေ မလိုက်နိုင်ဘူး ပြောတယ်။မလိုက်နိုင်တဲ့ ဘာသာတွေ အတွက် ခက်ခဲနေပုံ ရတယ်။အဲ့ဒါကြောင့် ဒီဇင်ဘာ ကျောင်းမထွက်ရအောင် လင်းလက် ကူညီပေးနိုင်တာတွေကို ကူညီပေးဖို့ ကိုကို တောင်းဆိုပါတယ်။""သားက ဘယ်လိုကူညီပေးရမလဲ ကိုကို။""ဒီဇင်ဘာ မရတဲ့ ဘာသာကို လင်းလက် ကူညီပြီး ပြပေးလိုက်ပါ။""သားက ဒီဇင်ဘာ့ ကို စာပြပေးရမယ် ဟုတ်လား ကိုကို။""ကိုကို အကူအညီ တောင်းတာပါ။""ဖြစ်ပါ့မလား ကိုကို။ ဒီဇင်ဘာနဲ့ သားက ခင်မင်လွန်းတာ မဟုတ်ဘူးလေ။ ဒီဇင်ဘာ က ကြိုက်ပါ့မလား။""ဒီဇင်ဘာ လက်ခံလာအောင် စကားနည်းနည်းလောက် ပြောကြည့်ပြီး ကူညီပေးလိုက်ပါ။ ကိုကို တောင်းဆိုတာပါ။"ကိုကို့ ဘက်က တောင်းဆိုလာတော့လည်း သူ့ဘက်က ငြင်း၍မရ။ ကိုကိုက တော်ရုံ သူ့ကို အကူအညီ တောင်းတတ်သူ မဟုတ်ပေ။ကိုကို ပြောလို့သာ ဒီဇင်ဘာနှင့် စကားသွားပြောရမှာ။ဒီဇင်ဘာ့ မျက်နှာက အမြဲတည်နေသည်။ ဟိုတလောက သူပြဿနာ ဖြစ်တာကို ကူညီပြီးကတည်းက နောက်ပိုင်းလည်း တယောက်နှင့် တယောက် စကားမပြောဖြစ်ကြ။ ကျောင်းမှာ မျက်နှာချင်းဆိုင် တွေ့ရင် သူက အရင် ပြုံးပြနှုတ်ဆက်ပေမယ့် ဒီဇင်ဘာ ကတော့ သူ့ကို သိပ်ပြီး အသိအမှတ်မပြုချင်ပေ။ ဝတ္တရားအရ ပြုံးပြတာမျိုးကိုသာ ပြုလုပ်သည်။ ဒါဟာလည်း ကိုကို့ညီ ဆိုတာကို သိထား၍သာ ဖြစ်သည်။ သူလည်း ဒီဇင်ဘာနှင့် ရင်းရင်းနှီးနှီး နေခွင့်ရချင်တာပေါ့။ ဒါပေမဲ့လည်း မီးနီ အမြဲပြနေသည့် ဒီဇင်ဘာကြောင့် ရှေ့ဆက်မတိုးရဲသေး။ကိုကိုနှင့် ဖုန်းပြောပြီးကတည်းက မနက်ဖြန် ကျောင်းရောက်ရင် ဒီဇင်ဘာနှင့် ဘယ်လိုစကားပြောရမည်ကို သူတွေးရခက်နေသည်။ တိုက်ရိုက်စကားသွားပြောရင်လည်း သူ့ကို တမျိုးတမည် ထင်သွားနိုင်သည်။ ဒီ့ထက် အဆင့်တိုးပြီး စာကူပြပေးမယ်လို့သာ ပြောလိုက်ရင် သူ့ကို ရိုက်သွားမလားတောင်မသိ။ သူခေါင်းတွေကိုသာ ကုတ်နေမိသည်။ အကြံလည်း ထွက်မလာပေ။ကိုကို က ပြောသည်။ဒီဇင်ဘာ ကျောင်းထွက်မည်တဲ့လေ။ ကိုကိုလည်း ဒီဇင်ဘာ့ကို ကျောင်းမထွက်စေချင်သလို သူလည်း မဖြစ်စေချင်ပါ။ ဒီဇင်ဘာ သူ့လောက် စာမတော်ဘူး ဆိုတာ သူသိပါသည်။ ဒါပေမဲ့လည်း စာမညံ့ပါဘူး။ ကြိုးစားအားထုတ်မှု ကောင်းသည်။ ကူညီမှုတွေ ရပြီး ကျောင်းစာကို အနည်းငယ် အားစိုက်လိုက်မည် ဆိုလျှင် ဒီ့ထက်ပိုမို တော်လာနိုင်သည်။ ဒီဇင်ဘာ့ အတွက် ဘာသာစုံ ကျူရှင်ယူရန် အတွက် ဆိုသည်မှာ စိန်ခေါ်မှု တခုသာ ဖြစ်ပါလိမ့်မည်။စာကြည့်စားပွဲ အံဆွဲကို ဖွင့်လိုက်သည်။ အံဆွဲအတွင်းမှ သေတ္တာဗူးလေး တခုကို သူထုတ်ယူလိုက်သည်။ သေတ္တာဗူးလေးကို ကြည့်ရင်း သူ့ရင်တွေ တဒိတ်ဒိတ်ခုန်လာလေသည်။သေတ္တာဗူးလေးကို လက်နှင့် အသာမယူပြီး သူ့ရင်ဘတ်မှာ ကပ်ထားလိုက်သည်။ နှလုံးခုန်သံနှင့် အနီးဆုံးမှာ သေတ္တာဗူးလေးကို ထားလိုက်သည်။မျက်လုံးလေး မှိတ်ထားရင်း ရင်ထဲမှာ တင်းတင်းကျပ်ကျပ်လေး ပွေ့ဖက်ထားလိုက်လေ သည်။ ပိုင်ရှင်မသိပေမယ့် သူ့နှလုံးသား တခုလုံးကို နေရာယူထားသည့် အရာလေး။ ရင်ခွင်ထဲမှ ခွာကာ သေတ္တာဗူးလေးကို ဖွင့်ကြည့်လိုက် လေသည်။အခြားသူအတွက် ဘာမှမဟုတ်ပေမယ့် သူ့အတွက်တော့ တန်ဖိုးရှိသော အရာလေး ဖြစ်လေသည်။ ဒါလေးကို ခွန်အားယူပြီး ဒီဇင်ဘာ့ဆီ အရဲစွန့်ကာ ဖုန်းခေါ်လိုက်မိပါတော့သည်။"ဟဲလို။ဟုတ်ကဲ့ပြောပါခင်ဗျ။"အပြင်မှ အသံနှင့် ကွဲပြားစွာ ဒီဇင်ဘာ့ အသံဟာ ချိုသာလွန်းပေသည်။ သူမှန်း သေချာမသိလို့ ဒီလိုလေသံကြားရသလားပဲလေ။"ကျွန်တော် လင်းလက်ထက်မြတ် ပါခင်ဗျ။""ဪ။ဘာကိစ္စ ကျွန်တော့်ဆီ ဖုန်းဆက်တာလဲ။"သူ့နာမည် ကြားသည်နှင့် ချက်ချင်း ပြောင်းလဲသွားသော လေသံကို ခံစားသိရှိလိုက်လေသည်။တခုတော့ ဝမ်းသာစရာ ရှိသည်။ လင်းလက်ထက်မြတ် ဆိုသော နာမည်ကို ဒီဇင်ဘာ မှတ်မိနေခြင်းပါ။"စကားနည်းနည်း ပြောချင်လို့ပါ။""ဘာကိစ္စလဲ။ ပြီးတော့ ကျွန်တော့် ဖုန်းနံပါတ်ကို ဘယ်ကနေ ရတာလဲ။""ကိုကို့ဆီကပါ။""ကိုကို ဆိုတာ...""ဒေါက်တာမြူအေးသွင် ကို ပြောတာပါ။""ဪ"ဒီဇင်ဘာ လည်း အံ့ဩသွားဟန် ရှိပြီး နှစ်ယောက်သား စကားသံတွေ ခေတ္တ တိတ်ဆိတ်သွားလေသည်။"ပြောလေ။ ကျွန်တော့်ကို ဘာပြောချင်လို့လဲ။""ကိုကို က ပြောလို့ပါ။ ဒီဇင်ဘာ ကျောင်းထွက်တော့မယ်ဆိုလို့။ ဘာဖြစ်လို့လဲဟင်။ ဘာများအခက်အခဲ ရှိလို့လဲ။ ကျောင်းစာနဲ့ ပတ်သတ်လို့ အခက်အခဲ ရှိရင်တော့ ကျွန်တော် ကူညီပါရစေ။""အကိုက ဘာများထပ်ပြောလိုက်လို့ ကျွန်တော့်ကို ဒီစကားတွေ လာပြောနေတာလဲ။ ကျွန်တော် ကျောင်းထွက်ခြင်း မထွက်ခြင်းက လင်းလက်ထက်မြတ်နဲ့ မဆိုင်ဘူး ထင်ပါတယ်။ ပြီးတော့ ကျွန်တော့် အနေနဲ့ ဘာအကူအညီမှ မလိုအပ်ဘူး။""မဆိုင်ဘူးလို့တော့ မပြောပါနဲ့ဗျာ။ တကျောင်းတည်း တက်နေသူ အချင်းချင်း မဆိုင်သလို နေဖို့ ဆိုတာ ခက်ခဲပါတယ်။ ဒီဇင်ဘာ့ ကို ကျောင်းမထွက်စေချင်ဘူး။ တကယ်လို့ စာနဲ့ပတ်သတ်ပြီး အခက်အခဲ ဖြစ်နေရင် ကျွန်တော် ကူညီပေးနိုင်ပါတယ်။ စာနဲ့ပတ်သတ်လို့ မေးစရာ ရှိရင် အားမနာပါနဲ့။ မေးပါနော်။ ကျွန်တော် ကူညီပေးပါရစေ။""မလိုပါဘူး။ ဘယ်သူ့အကူအညီမှ မလိုပါဘူး။ ပြောစရာ စကား မရှိတော့ဘူး ဆိုရင် ကျွန်တော် ဖုန်းချလိုက်ပါတော့မယ်။"ဖုန်းချလိုက်တော့မည် ဆိုသော စကားသံနှင့်အတူ ဖုန်းလိုင်းက ပြတ်တောက် သွားပါတော့သည်။ နောက်တကြိမ် ပြန်ခေါ်ဖို့ အင်အားလည်း သူ့မှာ မရှိတော့ပါ။ကိုကို့ အပေါ်ကို ဆက်ဆံပုံနှင့် သူ့ကို ဆက်ဆံပုံက အကွာကြီး ကွာနေပါသည်။ သူ့ဘက်မှ ခင်မင်ရင်းနှီးအောင် ဘယ်လိုပင် ပေါင်းသင်းပါစေ။ ဒီဇင်ဘာ့ ဘက်မှ လှုပ်ရှားမှု မရှိပါ။ ဒီဇင်ဘာ့ ကို ကျောင်းမထွက်စေချင်တာ သူ၏ တကယ့် စေတနာပါ။ ဒီနေ့ ကြိုးစားလို့ မရပေမယ့် နောက်နေ့ကြိုးစား ကြည့်ဖို့ သူဆုံးဖြတ်လိုက်ပါသည်။မနက်ကျောင်းရောက်တော့ သူအရင်ဆုံး ရှာမိသူက ဒီဇင်ဘာ ပင် ဖြစ်သည်။ကျောင်းရောက်တာနှင့် သူ ကမ်တင်းမှာ အရင် ထိုင်နေမိသည်။ ဒီဇင်ဘာ များ ကမ်တင်း ရောက်လာမလား ဆိုသော မျှော်လင့်ချက်နှင့် ဖြစ်သည်။ သူငယ်ချင်းတွေ အသီးသီး ရောက်လာကြသည်။ ဒီဇင်ဘာ့ ကို မတွေ့သေးပေ။ သိပ်မကြာခင် အချိန်မှာပဲ ဒီဇင်ဘာ့နှင့် တတွဲတွဲ ရှိနေတတ်သော သူငယ်ချင်းတွေ ရောက်လာကြပါသည်။ ဒီဇင်ဘာ ပါလာလိမ့်မည်ဟု မျှော်လင့်ပေမယ့် သူမျှော်လင့်သလို ဖြစ်မလာပါ။ ကျောင်းတက်ချိန် ရောက်တဲ့အထိ ဒီဇင်ဘာ ရောက်မလာခဲ့ပေ။ ဒီဇင်ဘာ ဒီနေ့ ကျောင်းမလာဘူး ဆိုတာ သူသတိထားမိသွားလေသည်။ ကျောင်းဆက်မတက်တော့ဘူးလား ဟူသော စိုးရိမ်စိတ်ဖြင့် သူပူလောင်နေမိပါသည်။အတန်းချိန် ခဏနားချိန်မှာတော့ ဒီဇင်ဘာ့ ဆီ ဖုန်းခေါ်ကြည့်မိပေမယ့် ဖုန်းမကိုင်ပါ။ သူ့ဖုန်းနံပါတ်မှန်း သိသွားလို့ ဖုန်းမကိုင်တာလားဟု သံသယ ဝင်မိလေသည်။ကိုကို့ကို ဖုန်းခေါ်ကြည့်တော့ ကိုကိုလည်း ဖုန်းမကိုင်ပါ။ ကိုကို ဂျူတီဝင်နေပြီ ထင်ပါသည်။သူလုပ်ရမည့် အလုပ် တခုသာ ရှိတော့သည်။အဲ့ဒါကတော့ ဒီဇင်ဘာ့ သူငယ်ချင်းတွေကို မေးမြန်းကြည့်ဖို့သာ ဖြစ်လေသည်။ တခါမှ စကားသေချာ မပြောဖူးတဲ့ သူတွေ ဖြစ်သောကြောင့် သူအတော်လေး အရဲစွန့်ရလေသည်။ သူ စကားသွားပြောချိန် အားလုံးသည် သူ့ကို ထူးဆန်းသလို ဝိုင်းကြည့်နေတော့ အနည်းငယ်လည်း ရှက်မိလေသည်။အံ့ဩစွာ ကြည့်နေသူတွေလည်း ရှိသည်။ သူတို့ အုပ်စုနှင့် စကားပြောဖို့ ဆိုတာ တခါမှတောင် မတွေးကြည့်ဘူး။ ဒီဇင်ဘာ့ ကြောင့်သာ အရဲစွန့်ပြီး ပြောရခြင်းပင် ဖြစ်လေသည်။ မေးကြည့်ပြန်တော့လည်း တယောက်မှ ရေရေရာရာ မသိပေ။ သူ့အတွက် လမ်းဆုံးလေပြီ။ဒီဇင်ဘာ့ ဖုန်းကို ဆက်ခေါ်ကြည့်ပြန်တော့လည်း ဒီတခါ စက်ပိတ်ထားသည်ဟု ပြောလေသည်။သူစိတ်ပူလာသည်။ပြီးတော့ စိုးရိမ်လာလေသည်။ ဒီဇင်ဘာ တကယ်ပဲ ကျောင်းထွက်သွားပြီလား။ ဒါမှမဟုတ် နေမကောင်းလို့များလား။ ဘာမှရေရေရာရာ မသိရသည့် စိတ်ကြီးဟာ သူ့ရင်ကို ဗြောင်းဆန်စေသည်။နောက်ဆုံးတော့ သူဆုံးဖြတ်လိုက်သည်မှာ ဒီဇင်ဘာ့ အိမ်သို့ လိုက်သွားရန်သာ ဖြစ်သည်။အိမ်လိုက်သွားမည် ဆိုပေမယ့် အိမ်ကိုလည်း သူသေသေချာချာ မသိပေ။ဒီဇင်ဘာ နေသည့် ရပ်ကွက်ကိုသာ သူရောက်ဖူးခြင်း ဖြစ်သည်။ ပါးစပ်ပါရင် ရွာရောက်သည် ဆိုသော စကားအတိုင်း စုံစမ်းရင်း ရောက်အောင် သွားရမှာပဲ ဖြစ်လေသည်။အိမ်ပြန်နောက်ကျမည်ဟု အမေ့ကိုလည်း ဖုန်းဆက်ရပါသေးသည်။ သွားရမည့် နေရာသည့် အနည်းငယ် ဝေးသောကြောင့် ကားကိုလည်း ဂရုစိုက်မောင်းရပါသည်။ ကားအသွားအလာ များချိန်ဖြစ်သောကြောင့် ခရီးက လိုရာ ရောက်ဖို့ ကြန့်ကြာနေလေသည်။အချိန်အတော်ကြာ မောင်းပြီးမှ ဒီဇင်ဘာ နေသည့် ရပ်ကွက်ကို ရောက်လေသည်။ ကားကို သူနှင့်ဒီဇင်ဘာ တွေ့ခဲ့ဖူးသည့် နေရာမှာ ရပ်ထားလိုက်ပြီး ဘယ်သူ့ကို မေးရင် ကောင်းမလဲ ဟု စဉ်းစားလိုက်သည်။မလှမ်းမကမ်းမှာ မြင်နေရသည့် လမ်းတလမ်းအတွင်းသို့ သူဝင်လိုက်သည်။ ဘယ်လမ်းလဲ ဆိုတာ သေချာမသိပေ မယ့် ခန့်မှန်းကြည့်ချက်အရ ဒီလမ်း ဖြစ်နိုင်လေသည်။ လမ်းအတွင်း ဝင်လိုက်သည်နှင့် လမ်းခွဲတွေ များပြားစွာ တွေ့ရပြန်သည်။ ဘယ်လမ်းမှန်း သေချာမသိတာကို ကားလျှောက်မောင်းနေလို့ မဖြစ်။ မေးကြည့်မှသာ ဖြစ်လေသည်။ တွေ့သည့် ဆိုင်တဆိုင် ရှေ့မှာ ကားကို ရပ်လိုက်ပြီး အောက်သို့ ဆင်းကာ ဆိုင်ထဲဝင်၍ သိချင်တာကို မေးလိုက်လေသည်။"အဒေါ် ကျွန်တော် တခုလောက် မေးပါရစေခင်ဗျ။ ဒီလမ်းထဲမှာ ဒီဇင်ဘာလင်းလက် ဆိုတဲ့ ကောင်လေး တယောက်များ နေသလားခင်ဗျ။""ဒီဇင်ဘာလင်းလက် ဘယ်သူပါလိမ့်။ သူက ဘာအလုပ်လုပ်သလဲ။""သူက ကျောင်းသားတယောက်ပါပဲ။ ဆေးကျောင်းတက်နေတယ် အဒေါ်။""ဆေးကျောင်းတက်နေတယ်။ ဟဲ့...ငါတို့ ရပ်ကွက်ထဲမှာ ဆေးကျောင်းတက်နေတဲ့သူ ဘယ်သူရှိလဲ။"ထိုအဒေါ်မှ ခပ်လှမ်းလှမ်းတွင် ကလေး ထမင်းကျွေးနေသော အမကြီး တယောက်ကို လှမ်းမေးလေသည်။"ဆေးကျောင်းတက်နေတဲ့သူကတော့ ရွှေရင်အေး ပဲ ရှိတာပဲလေ အမေ။""အေး..ဟုတ်သားပဲ။ ရွှေရင်အေး ရှိတာပဲ။ဒီမှာ သူငယ်..မင်းပြောတဲ့ နာမည်နဲ့တော့ ဒီရပ်ကွက်ထဲမှာ ဆေးကျောင်းတက်နေသူ မရှိဘူး။ အခြားမှာ သွားမေးကြည့်။"ဒီရပ်ကွက် ထဲမှာ ဒီဇင်ဘာ နေသည် ဆိုတာ သူသေချာပေါက် သိသည်။ "သေချာစဉ်းစားပါဦး အဒေါ်။ နှစ်ယောက် ရှိရင်လည်း ရှိမှာပေါ့။""နှစ်ယောက်မရှိပါဘူး။ ရွှေရင်အေး တယောက်ပဲ ရှိပါတယ်ဆို။ ဒီကလေးနှယ် ခက်လိုက်တာ။"ဘယ်လိုမေးမေး အဖြေက တခုထဲသာ ထွက်သောကြောင့် သူခေါင်းကုတ်ကာ စိတ်ညစ်ရလေပြီ။ သူသိတာကလည်း ဒီတနေရာသာ ရှိလေသည်။ ဒီဇင်ဘာနှင့် ပတ်သတ်သည့် သူသိသည့် အရာတွေ များများစားစား မရှိပေ။"ဟော....ဟိုမှာ ရွှေရင်အေးညီ လာနေပြီ။ ဟေ့သူငယ် သူ့ကိုမေးကြည့်။ ဟေး...ဧပရယ်..."သူစိတ်ညစ်ညစ်ဖြင့် လှည့်ထွက်လာချိန် ထိုအဒေါ်မှ အနောက်ကနေ အော်သံကို ကြားရလေသည်။ သူရှေ့မှ ဖြတ်လျှောက်နေသော ကောင်လေးတယောက်ကို လှမ်းခေါ်လေသည်။ ခေါ်သံကြားတော့ ကောင်လေးက လှည့်ကြည့်သည်။ ပြီးတော့ ဆိုင်သို့ လှမ်းလျှောက်လာသည်။"ဒီသူငယ်က ဆေးကျောင်းတက်နေတဲ့ ကောင်လေးကို လာမေးနေတယ်။ နင့်အကိုလည်း ဆေးကျောင်းတက်နေတာပဲမလား။ "ထိုအဒေါ်၏ ပြောပြချက်အရ ကောင်လေးက သူ့ကို သေချာကြည့်လေသည်။ "ဒီရပ်ကွက်ထဲက ဘယ်သူနဲ့ တွေ့ချင်လို့လဲ။"ကောင်လေး အသက်မှာ သူနှင့် အရွယ်တူလောက် ရှိပေလိမ့်မည် ထင်သည်။ ကျောင်းဝတ်စုံကြောင့် သူဘယ်တက္ကသိုလ် တက်နေသလဲ သူသိလိုက်သည်။ ကောင်လေးလည်း ကျောင်းက ပြန်လာတာ ဖြစ်မည်။"ကျွန်တော် ဒီဇင်ဘာလင်းလက်နဲ့ တွေ့ချင်လို့ပါခင်ဗျာ။ သူက ဆေးကျောင်းတက်နေတယ်လေ။"ဒီဇင်ဘာ့ နာမည်ကို ကြားပြီး ကောင်လေးက သူ့ကို ထပ်မံစိုက်ကြည့်သည်။ တကိုယ်လုံးကို ခြုံငုံပြီး ကြည့်သောကြောင့် သူတောင် ကျောချမ်းသွားသည်။ ဒီဇင်ဘာ့နာမည် ပြောလိုက်တာနှင့် ဘာ့ကြောင့် ဒီလိုပုံစံ ဖြစ်သွားသလဲ သူနားမလည်။ ကောင်လေးပုံစံက ဖြူဖြူချောချောလေးနှင့် မျက်လုံးအကြည့်တွေကတော့ ကြောက်ဖို့ကောင်းလှလေသည်။ စစတွေ့ချင်း သူ့ကို ရန်လိုနေသလို ခံစားရလေသည်။"ဒီဇင်ဘာလင်းလက် ကို ဘာကိစ္စတွေ့ချင်ရတာလဲ။ မင်းက ဘယ်သူလဲ။"ခပ်ကျယ်ကျယ် ထွက်လာသည့် အသံကအစ သူ့ကို ကြောက်ရွံ့အောင် ခြောက်လှန့်နေသလိုပါပဲ။ ဒီဇင်ဘာ့ လို လူမျိုး နောက်တယောက်နဲ့များ ထပ်တွေ့နေရသလား။"ဒီဇင်ဘာလင်းလက် က ကျွန်တော့်သူငယ်ချင်းပါ။""သူငယ်ချင်း ဟုတ်လား။ ကိုကြီး သူငယ်ချင်းတွေ ထဲမှာ မင်းကို ငါတခါမှ မမြင်ဖူးပါဘူး။""ကိုကြီး ဆိုတာ....""ငါက ဒီဇင်ဘာလင်းလက် ရဲ့ ညီပဲ။""ဟာ...ဟုတ်လား။ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ကျွန်တော် ဒီဇင်ဘာနဲ့ တွေ့လို့ရမလား။ဒီဇင်ဘာ့အိမ်ကို ခေါ်သွားပေးလို့ ရမလား။""ဘာကိစ္စ တွေ့ချင်တာလဲ။""ဒီနေ့ ဒီဇင်ဘာ ကျောင်းမလာလို့ပါ။အဲ့ဒါ ဘာများဖြစ်လို့လဲ။ သိချင်လို့ပါ။ဖုန်းဆက်လို့လည်း မရတော့ အိမ်ထိလိုက်လာတာပါ။""ဒီနေ့ ကိုကြီး ကျောင်းမတက်ဘူးလား။"ကောင်လေးက သူလည်း မသိသည့် ပုံစံဖြင့် ပြောနေလေသည်။ တအိမ်တည်း နေသည့် အကိုဖြစ်သူ ကျောင်းတက်သလား။မတက်သလား သူမသိဘူး ဆိုတော့ ဒီဇင်ဘာ့ ညီ ဆိုတာ ဟုတ်ပါ့မလားဟု သူသံသယ ဝင်မိလေသည်။"ဟိုလေ...ဒီဇင်ဘာ့ညီ ဆိုတာတော့ ဟုတ်ပါတယ်နော်။""ဟုတ်ပါတယ်ဆိုဗျာ။ ဘာလို့ သံသယ ဝင်နေတာလဲ။"သူ့အတွေးကို သိသလိုလိုနှင့် ပြောနေတော့ လန့်သွားသည်။"ဟို...အကို ကျောင်းသွား၊ မသွားကို ညီက မသိဘူး ဆိုလို့ပါဗျာ။""ကျွန်တော်က မနက်က အိမ်ကနေ အစောကြီး ထွက်လာရလို့ မသိတာပါ။နေဦး ကိုကြီးဆီ ဖုန်းဆက်ကြည့်ဦးမယ်။"ကောင်လေးက ဖုန်းဆက်ပေမယ့် တဖက်မှ ဖုန်းမကိုင်ဘူးဆိုတာ ကောင်လေး မျက်နှာအနေအထားကို ကြည့်ပြီး သူသိလိုက်သည်။"စက်ပိတ်ထားတယ်တဲ့။ ကိုကြီးက ဖုန်းကို စက်ပိတ်လေ့ မရှိပါဘူး။"ကောင်လေးက သူ့ဖာသာ တယောက်တည်း ရေရွတ်ရင်း ပြောနေလေသည်။"ကျွန်တော်လည်း ဆက်နေတာ မရဘူး။ စက်ပိတ်ထားတယ် ဆိုလို့ အိမ်အထိ လိုက်လာခဲ့ရတာပါ။""မင်းက ကိုကြီး သူငယ်ချင်း ဆိုတာ သေချာပါတယ်နော်။""သေချာပါတယ်ဗျာ။ ကျွန်တော်လည်း ဆေးကျောင်းတက်နေတာပါ။ ဒီဇင်ဘာနဲ့ ကျွန်တော် တကျောင်းတည်းပါ။"သူ့ကို စူးစမ်းသလို သေချာကြည့်နေပြန်ပါသည်။သူ့အကိုကြီး သူငယ်ချင်း ဆိုတာ ယုံကြည်ပုံ မရသေးပေ။"သေချာတယ် ဆိုရင် ကိုကြီးနဲ့ တွေ့ဖို့ အိမ်ကို လိုက်ခဲ့လေ။အဲ...တခုတော့ ရှိတယ်။ ကိုကြီး က မင်းကို အိမ်ခေါ်လာတာ မကြိုက်ရင်တော့ မင်းပဲ အဆူခံနော်။ ငါအဆူမခံနိုင်ဘူး။""ဟုတ်ကဲ့ပါ။"ကောင်လေးက ဆိုင်ထဲမှ အဒေါ်ကို နှုတ်ဆက်စကား ဆိုပြီး ရှေ့မှ ဦးဆောင်သွားသည်။"ကျွန်တော့်မှာ ကားပါတယ်ဗျ။ အိမ်က ဝေးသေးလား။ ကားနဲ့ပဲ သွားမယ်လေ။"မလှမ်းမကမ်းမှာ ရပ်ထားသည့် သူ့ကားကို လက်ညှိုးထိုးကာ ပြောလေသည်။ကောင်လေးကလည်း သူ့ကားကို သေချာကြည့်လေသည်။"အိမ်က သိပ်မဝေးတော့ပါဘူး။ မင်းကားပါတယ် ဆိုတော့ မင်းကားနဲ့ပဲ သွားကြတာပေါ့။"ကောင်လေးက သူ့ကားပေါ်ရောက်တော့ ကားကို စူးစမ်းစွာ ကြည့်နေလေသည်။ကောင်လေး လမ်းညွှန်ပြသည့် အတိုင်း ကားကို ဂရုတစိုက် မောင်းရလေသည်။ လမ်းမပေါ်မှာ ဆော့ကစားနေသည့် ကလေးတွေလည်း ရှိလေသည်။"မင်းက ကိုကြီးနဲ့ အတန်းတူတူပဲလား။""ဟုတ်ကဲ့ အတူတူပါပဲ။""အတန်းထဲမှာ မင်းက Roll No ဘယ်လောက်လဲ။"သူချက်ချင်း ဖြေဖို့ စဉ်းစားနေမိသည်။သူ့အကိုကြီး Roll No ချင်း ယှဉ်ပြီး နှိမ်ချသလိုများ ထင်နေမလား။ "မေးနေတယ်လေကွာ။""ဟို....Roll 1 ပါ။""Roll 1 ပါ။မင်းက အလာကြီးပဲ။ဟေ့...ဟေ့ ဟိုရှေ့က ဆိုင်ရှေ့မှာ ရပ်။"ကောင်လေး ပြောတဲ့အတိုင်း ရပ်လိုက်သည်။ဆိုင်ကို အနည်းငယ်တော့ ကျော်သွားပါသည်။"ဆင်း....ဒါ ငါတို့အိမ်ပဲ။"ကောင်လေး ပြောသည့် ငါတို့ အိမ်ဆိုတာကို လှမ်းကြည့်လိုက်တော့ တိုက်ခန်း၏ မြေညီထပ်မှာ ဖွင့်ထားသည့် ကုန်ခြောက်ဆိုင် ဖြစ်နေပါသည်။ကောင်လေး က အရှေ့မှ ဆင်းသွားသည်။ သူလည်း နောက်မှ အသာလိုက်ရပါသည်။ဆိုင်မှာက ဝယ်သူတွေနှင့် ပြည့်နေလေသည်။ဝယ်သူတွေကို ကျော်ပြီး အထဲမှ ရောင်းသူကို ကြည့်လိုက်တော့ ဒီဇင်ဘာ ဖြစ်နေသည်။ ဒီဇင်ဘာ ကလည်း သူတို့ကို လှမ်းကြည့်သည်။ အံ့ဩသည့် ပုံစံကို ပြပေမယ့် သူ့အလုပ်ကို သူဆက်လုပ်နေသည်။"ကိုကြီး.... ကိုကြီး ဧည့်သည် ပါတယ်။ ကိုကြီးနဲ့ တွေ့ချင်လို့တဲ့။ ကိုကြီးတို့ ကျောင်းကလို့ ပြောတယ်။လမ်းထိပ်မှာ တွေ့လို့ ခေါ်လာတာ။""ဪ...ဘာကိစ္စရှိလို့ အိမ်ထိတောင် လိုက်လာတာလဲ။""ကိုကြီး ကျောင်းမတက်လို့တဲ့ ကိုကြီး။"သူပြောရမည့် စကားတွေကို ကောင်လေးကပဲ ဝင်ရောက်ဖြေကြားပေးလေသည်။"အိမ်ကို ဘယ်လိုသိလဲ။""အိမ်ကိုတော့ မသိပါဘူး။ ဟိုတခါ ပြဿနာ ဖြစ်တုန်းက ဒီဇင်ဘာ့ကို ဒီနားမှာတွေ့တော့ ဒီနားဆိုပြီး လိုက်လာတာပါ။အိမ်မသိလို့ ဟိုမေးဒီမေးနဲ့ ပြီးတော့ သူနဲ့ တွေ့တာ။""သား သူ့ကို သေချာမေးတယ်။ ကိုကြီး သူငယ်ချင်း ဆိုလို့ သားသူ့ကို အိမ်ခေါ်လာတာနော် ကိုကြီး။"ကောင်လေးက သူအကိုကြီး သူ့ကို ဆူမှာလည်း ကြောက်နေပုံရလေသည်။"ဒါဆိုလည်း လာလေ..အထဲဝင်ခဲ့။"အဝင်ပေါက် ဆန်ပုံးတွေနှင့် အနားမှာ ရှိနေသည့် လူဝင်ပေါက် သေးသေးလေး နေရာကနေ ဖွင့်ပေးပြီး သူ့ကို ဝင်စေသည်။"ကိုကြီး ဧည့်သည်နဲ့ စကားပြောလိုက်ဦးမယ်။ ဧပရယ် ဈေးခဏရောင်းထားနော်။""ဟုတ်ကဲ့ ကိုကြီး။"သူ့ကို အထဲခေါ်သွားပြီး ခုံတလုံး ချပေးလေသည်။ဒီဇင်ဘာ ကလည်း သူနှင့် မလှမ်းမကမ်းက ခုံတလုံးမှာ ဝင်ထိုင်လေသည်။"ကျွန်တော် စိတ်ပူနေတာ။ ဒီနေ့ ဘာလို့ ကျောင်းမတက်တာလဲ။""ကိစ္စလေး ရှိလို့ပါ။""ဘာကိစ္စရှိလို့လဲ ဆိုတာ ကျွန်တော် သိလို့ရမလား။'ဒီဇင်ဘာ့ ဆီမှ ဘာအဖြေစကားမှ ပြန်မရပါ။မျက်တောင်ကို နှစ်ချက်၊ သုံးချက် ပုတ်ပြီး ခေါင်းကို တဖက်သို့ လှည့်သွားလေသည်။ သေချာသည်မှာ သူ့မေးတဲ့ မေးခွန်းအတွက် အဖြေ မရှိတဲ့ သဘောပါပဲလေ။"ဒီဇင်ဘာ ကျောင်းထွက်မယ် ဆိုတာ သိထားလို့လေ။ ဒီနေ့ ကျောင်းမလာတော့ ကျောင်းများထွက်ပြီလားလို့ ကျွန်တော် စိတ်ပူနေတာ။ ဖုန်းကလည်း ဆက်လို့ မရဘူး ဆိုတော့လေ။ဖုန်းကို ဘာလို့ ပိတ်ထားတာလဲဟင်။""ဖုန်းက ကျကွဲသွားလို့ ဆိုင်ပို့ထားရတယ်။""ဪ...ဒါ့ကြောင့်ကိုး။""ရော့...အအေးသောက်ပါဦး။"ဈေးဝယ်သူတွေ ရှင်းသွားတော့ ကောင်လေးသည် အနားသို့ ရောက်လာပြီး အအေးတဗူး သူ့လက်ထဲသို့ လာထည့်ပေးလေသည်။"ဧပရယ် ခဏထိုင်ဦး။ ကိုကြီး မိတ်ဆက်ပေးမယ်။ ""ဟုတ်ကဲ့ ကိုကြီး။"ခုံတလုံး ယူကာ ကောင်လေးသည် သူနှင့် မလှမ်းမကမ်းမှာ လာထိုင်လေသည်။"သူက ကိုကြီး ကျောင်းကလေ။ နာမည်က လင်းလက်ထက်မြတ် တဲ့။ ဧပရယ်နဲ့ အသက် မတိမ်းမယိမ်းလောက်ပဲ ရှိမယ်။ သူက ကျွန်တော့်ညီလေး ဧပရယ်လင်းလက် ပါ။ ""ဟုတ်ကဲ့။တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ။""ဟုတ်ကဲ့။ ကျွန်တော်လည်း တွေ့ရတာ ဝမ်းသာပါတယ်။"ကောင်လေး နာမည်က ဧပရယ်လင်းလက်တဲ့။ မျက်နှာ အနေအထားကတော့ စောနကလို မာထန်နေတာမျိုး၊ လေသံကလည်း မာလွန်းနေတာမျိုး မရှိတော့ဘဲ ယဉ်ကျေးသော ကောင်လေး တယောက် အသွင်ကို မြင်ရလေသည်။အကိုကြီး ရှေ့မှာမလို့ ထင်သည် အရာရာတိုင်း ရို့ကျိုးလွန်းနေပါသည်။သူတို့ မိတ်ဆက်စကား ဆိုနေကြတုန်းမှာပဲ ဈေးလာဝယ်သူတွေ ရောက်လာသောကြောင့် ဧပရယ်လင်းလက် သည် အနားမှ ထွက်သွားပြီး ဈေးသွားရောင်းသောကြောင့် သူနှင့်ဒီဇင်ဘာ သာ ကျန်ခဲ့လိုက်ပါသည်။"မနက်ဖြန် ကျောင်းလာမယ်မလားဟင်။""အင်း လာမှာပါ။""ကျောင်းတော့ မထွက်ဘူးမလား ဒီဇင်ဘာ။ ""မသေချာပါဘူး။""ကျောင်းစာ အခက်အခဲ ဖြစ်နေရင် ကျွန်တော် ကူညီပေးပါရစေ။ သူငယ်ချင်းအချင်းချင်း ကူညီတဲ့ သဘောပါ။ဒီဇင်ဘာ ဘာဘာသာ အားနည်းသလဲ။ နားမလည်တဲ့ စာတွေ ရှိရင်လည်း ကျွန်တော့်ကို မေးနိုင်ပါတယ်။ကျွန်တော် တတ်နိုင်သလောက် စာရှင်းပြပေးပါ့မယ်။"ဒီဇင်ဘာ့ ထံမှ သက်ပြင်းချသံ သဲ့သဲ့ကို ကြားလိုက်ရပါသည်။ ဘာတွေ စိတ်မသက်မသာ ဖြစ်နေလဲ ဆိုတာ သူသိချင်မိသည်။"ကျွန်တော် ပြောခဲ့ပြီးပြီပဲ။ ဘာအကူအညီမှ မလိုဘူးလို့။ ကျောင်းစာကတော့ ကျွန်တော့်အတွက် တချို့ဘာသာတွေ အခက်အခဲ ရှိတာမှန်ပါတယ်။ Roll 1 လောက်တော့ ဘယ်တော်ပါ့မလဲဗျာ။"ရွဲ့ပြောသည့် စကားလို့တော့ မထင်ရက်ပါဘူး။ ဒီဇင်ဘာ ပြောဆိုနေသော လေသံကလည်း ပုံမှန်ပါပဲ။နဂိုကတည်းက အပြောမချိုသော လူတယောက် ဆိုတော့ ဒီဇင်ဘာ့ စကားတွေဟာ တခါတလေ ခံရခက်တတ်ပါသည်။ တခါတလေ ဒီဇင်ဘာသည် ရုပ်ရည်နှင့် မလိုက်ဖက်အောင် အပြောအဆို ကြမ်းတာမျိုးလည်း ရှိတတ်သည်။ အပြုအမူက အစပေါ့။ ဒီဇင်ဘာသည် သူ့မျက်ဝန်းထဲမှာတော့ ခန့်ညားသည် ယောက်ျားတယောက် အဖြစ် တည်ရှိနေပါသည်။ ဒီကနေ့ တွေ့ရသည့် ဒီဇင်ဘာ့ ပုံစံဟာ သူမြင်နေကျ ပုံစံမျိုး မဟုတ်ဘဲ အနည်းငယ် ကွဲပြားသယောင် ရှိလေသည်။ အိမ်နေရင်းမို့ ထင်သည် အပေါ်အင်္ကျီ မဝတ်ဘဲ စွပ်ကျယ် အဖြူလေး ဝတ်ထားသည်။ အောက်ကတော့ ခပ်နွမ်းနွမ်း ပုဆိုးတထည်နှင့် ဖြစ်သည်။ အနည်းငယ် ရှည်သယောင် ရှိနေသော ဆံပင်ငုတ်တိုလေးကို အနောက်ဘက်မှာ စုပြီး စည်းထားလေသည်။ စည်းထားသည့် ဆံပင်ဆိုပေမယ့် တိုနေသောကြောင့် စည်းသည့်ကြိုးထဲသို့ ဆံပင်တွေက အကုန်မဝင်ဘဲ ဖရိုဖရဲ ကျနေသော ဆံပင်စတွေသည် မျက်နှာတဝိုက်မှာ ရှိနေလေသည်။ ဒီဇင်ဘာ့ မျက်နှာနှင့် လိုက်ဖက်စွာ အတော်လေး ကြည့်လို့ကောင်းလေ သည်။ သူ ခေတ္တမျှ ငေးကြည့်နေမိသည်ကို ဒီဇင်ဘာ က သတိထားမိပုံ ရသွားသောကြောင့် အကြည့်တွေကို လွှဲလိုက်ရပါသည်။"ဒီနေ့ ဘာ့ကြောင့် ဒီဇင်ဘာ့ အိမ်အထိ လိုက်လာရလဲ ဆိုတာ သိမှာပါ။ ကျွန်တော် တယောက်တည်းတင် မဟုတ်ပါဘူး။ ဒီဇင်ဘာ့ကို ကိုကို ကလည်း အတော်လေး စိုးရိမ်စိတ်ပူနေတယ်။ ကျွန်တော့်ဆီ ဖုန်းဆက်တဲ့ အထိပါပဲ။ ကျွန်တော်လည်း စိုးရိမ်နေတာပါ။ မနက်ကျောင်းမလာတော့ ပိုပြီး စိတ်ပူသွားတာပေါ့။""ကျွန်တော် နားလည်ပါတယ်။""နားလည်ပေးတာ ဝမ်းသာပါတယ် ဒီဇင်ဘာ။ ကျွန်တော့် အကူအညီကို လက်ခံပေးမယ် ဆိုရင် ပိုပြီး ဝမ်းသာမိမှာပါ။""လောလောဆယ်တော့ မလိုအပ်သေးပါဘူး။"သူနှင့်ဒီဇင်ဘာ အချိန်အနည်းကြာသည်အထိ စကားတွေ ပြောဖြစ်ကြပေမယ့် သူလိုချင်တဲ့ အဖြေတော့ မရခဲ့ပါ။ သိပ်မကြာခင်မှာ ဒီဇင်ဘာ့ အသိမိတ်ဆွေ ဖြစ်ဟန် တူသူ ရောက်လာသောကြောင့် သူတို့နှစ်ယောက် စကားစ ပြတ်သွားပါသည်။ ဒီဇင်ဘာ က သူ၏ အသိမိတ်ဆွေ ဆိုသူနှင့်လည်း သူ့ကို မိတ်ဆက်ပေးလေသည်။ ဒီဇင်ဘာ မိတ်ဆက်ပေးတော့ သူလည်း လိုက်လျောညီထွေစွာ စကားပြော ဖြစ်သည်။ စကားပြောချိန်လည်း ကြာလာပြီ ဖြစ်သောကြောင့် အားလုံးကို နှုတ်ဆက်ပြီး သူပြန်လာခဲ့ပါသည်။ မပြန်ခင် ဒီဇင်ဘာ့ ကို နောက်ရက်တွေ ကျောင်းမပျက်ဖို့လည်း သေချာ မှာခဲ့လိုက်ရပါသည်။**************"မင်းအဖြစ်ကလည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်သလိုပဲ။""အကို့ ဆီက စာပြပေးမယ် ဆိုတဲ့ စကားလေး ကြားချင်တာဗျာ။ ကြားရတော့ သူ့ညီ ဆီက။ တကယ်ပါပဲ။ အိမ်ရောက်လာတော့လည်း အကို့ညီပဲ။""ဒေါက်တာလည်း မင်းကို စိတ်ပူနေတာပါ။ ဒါ့ကြောင့်လည်း သူ့ညီ မင်းဆီ ရောက်လာတော့ပါ။""ကျွန်တော်က အကို့အကူအညီနဲ့ ကျွန်တော်ဆီ ရောက်လာတာကိုပဲ လိုလားတာ။""မင်း မနက်ဖြန် ကျောင်းတရက် ထပ်ပျက်လိုက်ရင်ကော ရွှေရင်အေး။ ဒါဆိုရင် ဒေါက်တာ မင်းဆီ လိုက်လာနိုင်တယ်နော်။ ပြီးတော့လည်း မင်းကို စာပြပေးနိုင်တယ်။""အဲ့ဒါမှ ခက်တယ် ကိုသား။ ကျွန်တော်တို့ ကျောင်းက တရက်ပျက်ရင် တရက်သိသာတာ။ နောက်တရက် ထပ်ပျက်ဖို့ ဆိုတာ မလွယ်ဘူး။ မနက်ဖြန် ကျောင်းသွားရင်တောင် ဘာတွေ ဖြစ်ဦးမလဲ မသိဘူး။"အမှန်တော့ သူ ဒီနေ့ ကျောင်းပျက်ချင်လို့ ပျက်တာမျိုးတော့ မဟုတ်ပါ။အလှူတခုမှာ ရွှေရင်အေး အော်ဒါနှင့် မုန့်ဟင်းခါးအော်ဒါကို ချက်ပေးပြီး ပွဲလိုက်ပြင်ပေးနေရသောကြောင့် ဖြစ်လေသည်။အလှူသို့ မလိုက်ဘူးဟု လုပ်ထားပေမယ့် ပွဲပြင်ဖို့လူလိုနေတာကြောင့် ကသုတ်ကရိုက် လိုက်သွားရခြင်း ဖြစ်သည်။တိုက်ဆိုင်သွားသည့်အတွက်ကြောင့် လင်းလက်ကလည်း သူကျောင်းထွက်သွားမည်ဟု ထင်သွားပုံ ရလေသည်။အကို့ နားထဲလည်း ရောက်သွားမည်သာ။"မင်းအစား ငါရင်လေးပါတယ်ကွာ။ဒေါက်တာ ကလည်း မင်းကို မမှတ်မိသေး။ အဆိုးဆုံးကတော့ စေ့စပ်ထားတာပဲ။ စေ့စပ်တယ် ဆိုတာလည်း တဝက်က မိန်းကလေးဘက်က ပိုင်နေပြီ။""ကျွန်တော် နားလည်ပါတယ် ကိုသား။ ဒါ့ကြောင့်လည်း ကျွန်တော့်ဘက် ပါလာအောင် ကြိုးစားနေတာပေါ့။ အကိုနဲ့ ဒီ့ထက်ပို နီးစပ်ဖို့ အများကြီး လိုအပ်တယ် ကိုသား။'"စေ့စပ်ပြီးရင် မကြာခင် လက်ထပ်တော့မှာ။ အဲ့ဒီ့အချိန်ကျရင် မင်းတော့ ငိုပွဲပဲ။""မပြောပါနဲ့တော့ ကိုသားရာ။ ကျွန်တော်လည်း ဘာလုပ်ရမှန်းကို မသိတော့ပါဘူး။""ကြာတယ်ကွာ။ မင်း ဒေါက်တာကို ခိုးပြေးလိုက်ပါလား။""ဟာ...ကိုသားကလဲ။ မဖြစ်နိုင်တာ။ ခိုးပြေးရအောင် အကိုက မိန်းကလေးလည်း မဟုတ်။ ""မိန်းကလေး မဟုတ်လည်း ဘာဖြစ်လဲကွာ။ တနေရာ လှည့်ပတ်ခေါ်သွားပြီး အတူနေလိုက် ပြီးတာပဲ။ မင်းတို့နှစ်ယောက် ပျောက်သွားရင်တော့ ထူးခြားမှုတွေ ဖြစ်လာမှာပဲ။ ပတ်ဝန်းကျင်မှာ ခိုးပြေးသွားတယ်တို့ ဘာတို့ ပြောကြမှာပေါ့။""ယောက်ျားလေး နှစ်ယောက် ပျောက်သွားရုံနဲ့ ခိုးပြေးတယ်လို့ ဘယ်သူက ထင်မှာလဲ ကိုသားရယ်။ ခရီးအတူထွက်တယ်ပဲ ထင်မှာပေါ့။ ကျွန်တော်နဲ့အကို့ ကိစ္စက ခိုးပြေးတာနဲ့ မပြီးဘူးလေ။ အဓိက က အကို့ နှလုံးသား ကျွန်တော့်ဆီ ရောက်လာအောင် လုပ်နိုင်ဖို့ပဲလေ။ ဒီ့ထက်ပိုပြီး ကြိုးစားမှ ရတော့မယ် ကိုသား။ ကျွန်တော့်အတွက် အချိန် သိပ်မရှိတော့ဘူး။""အားပေးတယ်ကွာ။ နေဦး ငါမေးပါဦးမယ်။ စောနက လာတဲ့ ကောင်လေးက ဒေါက်တာ့ညီလို့ မင်းပြောတယ်နော်။ညီအရင်းလား။""ဟုတ်တယ် ကိုသား။ ညီအရင်း အဖေတူ၊ အမေကွဲတဲ့။""ဪ..ကောင်လေး ကြည့်ရတာက မင်းကို အတော်လေး တွယ်တာနေပုံ ရတယ်။ သူ့မျက်လုံး အကြည့်တွေက မင်းအပေါ် သိပ်ပြီး မရိုးသားသလိုပဲ။ ""ဘယ်လို မရိုးသားတာလဲ ကိုသား။""မင်းကို စိတ်ဝင်စားနေတယ် ထင်တယ်။"ကိုသား စကားကြောင့် ပစ္စည်းသိမ်းရင်းမှ ပြုံးလိုက်မိလေသည်။"ကိုသားရယ် မဖြစ်နိုင်တာတွေ ပြောနေပြန်ပါပြီ။ လူတိုင်းက ကျွန်တော့် လိုမှ မဟုတ်ဘဲ။""ငါကတော့ သူ့မျက်လုံးကို သိပ်မကြိုက်ဘူး။""တော်ပြီ ကိုသား။ နောက်မှပြော ဟိုမှာ ငယ်လေး လာနေပြီ။"ငယ်လေးသည် သူနှင့်ကိုသား ဆိုင်သိမ်းနေသည့် အနားသို့ ရောက်လာလေသည်။"ငယ်လေး မအိပ်သေးဘူးလား။""သား စာကျက်နေတုန်း ကိုကြီး။ ကိုကြီးကို ပြောစရာ ရှိလို့ သား ထွက်လာတာ။""ကိုကြီး ကို ဘာပြောစရာ ရှိလို့လဲ ငယ်လေး။""မနက်ဖြန် ကျူရှင်လခ ပေးရမယ် ကိုကြီး။""ဟာ...ဟုတ်သားပဲ။ ကိုကြီး မေ့နေတာ အလုပ်တွေ များနေတာနဲ့။ ဆောရီး ငယ်လေး။ပြီးရင် ကိုကြီး ပေးမယ်နော်။"ကိုသား၊ သူနှင့်အတူ ငယ်လေးကလည်း ဆိုင်ကူသိမ်းပေးပါသည်။"ကိုကြီး""ပြောလေ ငယ်လေး။ ဘာပြောချင်လို့လဲ။""ကိုကြီးဧည့်သည်နဲ့ တွေ့ဖြစ်သေးလား ကိုကြီး။ ကိုကြီးဧည့်သည် ကို သား သတိရလို့ပါ။""တွေ့တော့တွေ့ဖြစ်ပါတယ် ငယ်လေး။""ကိုကြီးကလဲ...ကိုကြီးဧည့်သည်နဲ့ သွားတွေ့တာ သားကိုကျတော့ မခေါ်ဘူး။ သားလည်း တွေ့ချင်တာပေါ့။" "ငယ်လေး က စာမေးပွဲ ရှိနေတော့ ကိုကြီး က ဘာမှ မပြောတာပါ။ စာမေးပွဲတွေ ပြီးတဲ့အချိန်ကျရင် ကိုကြီး ခေါ်သွားမှာပေါ့။""တကယ်ပြောတာနော် ကိုကြီး။""တကယ်ပေါ့ ငယ်လေးရဲ့။ကိုကြီး က ငယ်လေး ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ။"သူ့စကားကို ကြားပြီး ငယ်လေး က ကျေနပ်သွားဟန်ဖြင့် ပြုံးသွားသည်။ငယ်လေး အပြုံးကို မြင်ရတော့ သူ့ရင်ထဲ အေးချမ်းသွားလေသည်။ အကိုနှင့် ငယ်လေး ၏ သံယောဇဉ်ကို သူကောင်းကောင်း သိလေသည်။ အကို ကလည်း ငယ်လေးဆိုလျှင် အလေးပေးလွန်းသည်။ သူမမှတ်မိသည့် အခုချိန်မှာတောင် စကားစပ်မိတာနှင့် ငယ်လေး အကြောင်းကို မေးလေ့ရှိသည်။ ငယ်လေး အကြောင်း သူပြောပြရင် အကိုက ဂရုတစိုက် နားထောင်လေ့ရှိလေသည်။ ငယ်လေး ပညာရေး ကောင်းစေဖို့ အတွက်လည်း ပိုမိုအားစိုက်ပေးဖို့ သူ့ကို ပြောလေ့ရှိပါသည်။ ငယ်လေး၏ အနာဂတ်ပညာရေးနှင့် ပတ်သတ်ပြီး သူနှင့်အကို တိုင်ပင်ဆွေးနွေးဖူးပါသည်။"ကျွန်တော်ကတော့ ငယ်လေး ဆယ်တန်းအမှတ်တွေ ထွက်လို့ အမှတ်ကောင်းမယ်ဆိုရင် ဆေးကျောင်းပဲ တက်စေချင်တယ်။ ပင်ပန်းမယ် ဆိုပေမယ့်လည်း ငယ်လေးကိုလည်း ဇင့်လိုပဲ ဆရာဝန်တယောက် ဖြစ်စေချင်တယ်။ ဇင့် ဆန္ဒကကော...""ကျွန်တော့်ဘက်ကတော့ ညီလေးတွေကို ဘာလုပ်ရမယ်။ ဘာဖြစ်ရမယ် ဆိုတာကိုတော့ ထိန်းချုပ်မပေးပါဘူး။ အားလုံး သူတို့ ဆန္ဒပါပဲ။""ငယ်လေးကကော ဘာဖြစ်ချင်တယ် ပြောဖူးလဲ။""ငယ်လေး ပြောဖူးတာကတော့ တခုထဲ မဟုတ်ဘူး အကို။ နိုင်ငံခြားသွားပြီး ကျောင်းတက်ခွင့် ရချင်တယ်လို့လည်း ပြောဖူးတယ်။ကွန်ပျူတာ ပညာရှင် တယောက် ဖြစ်ချင်တယ်လည်း ပြောဖူးတယ်။အင်ဂျင်နီယာ ဖြစ်ချင်တယ်လည်း ပြောဖူးတယ်။ ဆရာဝန် ဖြစ်ချင်တယ်လို့တော့ တခါမှ မပြောဖူးဘူး အကို။ ကျွန်တော်တို့ ဖြစ်ချင်တာကို ဦးစားပေးလိုက်ရင် ငယ်လေးရဲ့ ရည်မှန်းချက်နဲ့ အနာဂတ်ပျောက်သွားမှာ ကျွန်တော် စိုးရိမ်တယ် အကို။ဒါ့ကြောင့် ဖိအား ဘယ်တော့မှ မပေးဘူး။""ဇင် က အကိုကောင်းတယောက် ပီသလိုက်တာ။ ဇင့်ကို ပိုင်ဆိုင်ခွင့် ရတဲ့ ညီလေးတွေကတော့ ကံကောင်းတာပဲ။""ကျွန်တော်ကတော့ ညီလေးတွေ အတွက် ပြီးပြည့်စုံတဲ့ အကိုကြီး တယောက် အဖြစ် မဖြစ်သေးဘူးလို့တော့ ထင်တာပဲ။ ညီလေးတွေ အတွက် ကျွန်တော် ဖြည့်ဆည်းပေးဖို့ အများကြီး လိုအပ်တာတွေ ရှိနေပါသေးတယ်။""ဖြည်းဖြည်းချင်းပေါ့။အချိန်တွေ ရှိပါသေးတယ်။"ခဏတာအဖြစ် တိုင်ပင်ဆွေးနွေးဖူးပေမယ့် သူ့ဘက်ကတော့ အကိုနှင့် ထာဝရလက်တွဲပြီး အနာဂတ် အကြောင်းတွေကို တိုင်ပင်ဆွေးနွေးချင်သူပါ။အခုချိန်မှာ သူနှင့်အကို ဘာဆိုဘာမှ မဟုတ်သေးပေမယ့် နောက်တချိန်မှာတော့ သက်ဆိုင်သူအဖြစ် လက်တွဲချင်သည်။ ဘာမှမသိတော့သည့် အကို ပိုပြီး သိရှိလာအောင် သူကြိုးစားရပေဦးမည်။7.4.2023 Friday.10:45 pm.************အမှားများ ပါခဲ့ရင် ခွင့်လွှတ်ပါ။ ကျန်းမာကြပါစေ။

"ခိုင်မာနှောင်ကြိုး"Wo Geschichten leben. Entdecke jetzt