အပိုင်း ၆ Unicode

253 20 20
                                    

ခိုင်မာနှောင်ကြိုး အပိုင်း ၆

Unicode

ဇင် အခန်းထဲမှ ထွက်သွားပြီးနောက် သူလည်း ဖင်ထိုင်လျက်ကျ အရုပ်ကြိုးပြတ် ဖြစ်သွားပါတော့သည်။လက်နှစ်ဖက်လည်း တဆတ်ဆတ်တုန်ရီနေသည်။ခန္ဓာကိုယ် တခုလုံးလည်း ဂနာမငြိမ် ပိုဆိုးသည်မှာ နှလုံးသား၏ တုန်ခါမှုကို သူကိုယ်တိုင်ပင် ထိန်းမရခြင်းဖြစ်သည်။ထိတွေ့မိသည့် တဒင်္ဂခဏမှာလည်း တိမ်စိုင်ပေါ်ရောက်သွားသလိုလို။နွေးထွေးမှုအပြည့် ရှိလွန်းလှပါသည်။ခဏလေး ဆိုပေမယ့် ထာဝရ ဖြစ်ချင်စိတ် ပေါ်မိသည်။
ဇင် ဆိုတာ သူ့လိုပဲ ယောက်ျားလေး တယောက်ပင်။ပြီးတော့ ကျေးဇူးရှင်တယောက်။ဘာ့ကြောင့် သူ့ရင်တွေတုန်ရသနည်း။

သူအိပ်ရာထဲမှာ ပက်လက်လှန်ကာ အသာလှဲလိုက်သည်။လက်တဖက်မှာ သူ့နှလုံးသား ရှိတဲ့ နေရာကို အသာချထားသည်။အဆမတန်ခုန်နေသော ရင်ခုန်သံကို ထိန်းချုပ်ရန်ဖြစ်သည်။လက်တဖက်ကိုတော့ လေထဲမှာ မြှောက်ထားလိုက်ပြီး လက်ချောင်းလေးတွေ အသာကွေးချည်၊ဆန့်ချည်လုပ်ကာ သေချာစိုက်ကြည့်နေမိသည်။ထိုလက်သည် ဇင့် ၏ ဖုံးကွယ်ထားသည့် နေရာကို ထိမိခဲ့သည်။မထိသင့်သော နေရာကို ထိခဲ့မိသည်။နွေးထွေးမှုတခုကို စက္ကန့်‌ပိုင်းလောက် ခံစားခဲ့ရသည်။ထိမိခဲ့ပြီး စက္ကန့်ပိုင်းအတွင်း လက်ကို ဆတ်ခနဲ ရုတ်လိုက်ချိန် နှလုံးသားဟာ ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် တုန်ခါသွားသည်။နူးညံ့လိုက်တာ ဟုလည်း မတွေးသင့်တာကို တွေးလိုက်မိသေးသည်။

လေပေါ်မှာ ရောက်နေသော လက်ကိုကြည့်ရင်း ပြုံးလိုက်မိသည်။မီးမှိန်မှိန်အောက်မှာ မြင်ရသော လက်သည် အရောင်တောက်ပနေသယောင်ယောင်။
အခုချိန် ဇင် ကော အခုချိန် ဘယ်လိုနေမလဲ။အားနာမိပေမယ့်လည်း သိချင်နေမိပါသည်။
ဇင် ကော သူ့လိုပဲ ခံစားနေရလား။ဒါတော့ မဖြစ်နိုင်ဘူး။မပြောချင်လို့ မပြောလိုက်ပေမယ့် ဇင် သူ့ကို ကျေနပ်ပုံမရ။။

ဇင်နှင့်သူဟာ အိပ်ရာချင်းမတူကြပေမယ့်  ကြမ်းခင်းတပြေးတည်းမှာ အိပ်စက်နေကြသည်။အလယ်မှာ နံရံပါးလေးတခုသာ ခြားနေပါသည်။
ဇင့်ကို မမြင်ရပေမယ့် ဇင့်၏ လှုပ်ရှားမှုလေးတွေကို အလိုလို ခံစားသိရှိနေသယောင်ရှိသည်။ဇင် အခုချိန် အိပ်ရာထဲမှာ ပက်လက်အနေအထားနှင့် အိပ်စက်နေမလား။ဘေးတဇောင်းလှဲနေမလား။ဒါမှမဟုတ် သူလိုပဲ အိပ်မပျော်လို့ အိပ်ရာထဲမှာ လူးလိမ့်နေမလား။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now