ခိုင်မာနှောင်ကြိုး အပိုင်း ၅
"ကိုကြီး.....ကိုကြီး...."
"ဟေ.....ငယ်လေး။"
"ကိုကြီးဧည့်သည်ကော....။"
"အိမ်မှာလေ။"
"ကိုကြီးနဲ့ ဈေးလိုက်သွားတာ မဟုတ်ဘူးလား။"
"မလိုက်ပါဘူး။ကိုကြီး တယောက်တည်း သွားတာ။အခန်းထဲမှာ ရှိမှာပေါ့။"
"အခန်းထဲမှာလည်း မရှိဘူး။ခြံထဲမှာလည်း သားတို့ လိုက်ရှာပြီးပြီ။"
"ဟုတ်လား။"
ဈေးမှ ပြန်လာလာချင်း ခြံပေါက်ဝအရောက် ဧည့်သည် အိမ်မှာ မရှိတော့သော သတင်းကို ညီနှစ်ယောက်မှ ပြောခြင်းဖြစ်သည်။
သူသည် လေးသောခြင်းတောင်းကို ပေါ့ပါးစွာ ဆွဲပြီး အိမ်ထဲသို့ အလျှင်အမြန် ဝင်လာခဲ့သည်။ဈေးခြင်းကို မီးဖိုချောင်မှာ ထားပြီးသည်နှင့် ထိုလူ့ကို စတင် ရှာဖွေရပါသည်။အခန်းထဲကို ဝင်သွားတော့ အိပ်ရာကို သပ်သပ်ရပ်ရပ်သိမ်းထားသည်။ခေါင်းအုံးပေါ်မှာတော့ ထိုလူ ကို ဝတ်ဖို့ပေးထားသည့် အဝတ်အစားတွေကို ခေါက်လျက်လေးတင်ထားပါသည်။သွားကြည့်လိုက်တော့ သူပေးထားသမျှ အစုံပင်ဖြစ်သည်။ဟိုနေ့ကမှ သူဝယ်ပေးထားသော နှုတ်ခမ်းမွှေးရိတ်သည့် ဂျုတ်နှင့်ဘလိပ်ဓားကိုပါ အတူတင်ထားခြင်း ဖြစ်သည်။ထိုလူ့ကို ကယ်လာတုန်းက ဝတ်ထားသည့် အဝတ်အစားကို မတွေ့။ပြန်ယူဝတ်သွားခြင်းဖြစ်မည်။အိမ်ရှေ့ကို ပြေးကြည့်တော့ ထို့လူ့ဖိနပ်လည်း မတွေ့။စက်ဘီးကို သတိရသွားသည်။ခြံထဲသွားကြည့်မည် ကြံပြီးမှ စက်ဘီးကို ပြင်ဆိုင် ပို့ပေးထားသည်ကို သတိရသွားသည်။ထိုလူ့ဖိနပ်ကို ကြည့်တော့မတွေ့။ဒါဆို ခြေလျင်သွားတာပေါ့။
ဒီဇင်ဘာ ဒေါသထောင်းခနဲထွက်သွားသည်။ ဒါဘာအချိုးချိုးတာလဲ။အိမ်မှာ ကောင်းကောင်းမွန်မွန် ထားလျက်နှင့် မပြောမဆိုဘဲ ထွက်သွားရသလား။
လိုက်ရှာလျှင် ပြန်တွေ့ကောင်း ပြန်တွေ့နိုင်သေးသည်။"ကိုကြီး သွားရှာလိုက်ဦးမယ်နော်။ကျောင်းသွားဖို့ ပြင်ဆင်ထားကြနော်။"
"ဟုတ်ကဲ့ ကိုကြီး။ကိုကြီးဧည့်သည်ကို ရအောင် ပြန်ခေါ်ခဲ့ပါနော် ကိုကြီး။"
YOU ARE READING
"ခိုင်မာနှောင်ကြိုး"
Romanceအားလုံးပဲ မင်္ဂလာပါရှင့် BL Fic အသစ်လေးနဲ့ ထပ်မံ တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ BL Fic အသစ်လေးကိုတော့ "ခိုင်မာနှောင်ကြိုး" လို့ အမည်ပေးထားပါတယ်။ ကိုယ်တိုင်ရေးသားထားသော own creation ဖြစ်ပါတယ်။Boy Love Fiction ဖြစ်ပါတယ်။ ဖတ်ရှု၊ဝေဖန်၊သုံးသပ် ပေးပါ...