အပိုင်း ၇ unicode

248 21 9
                                    

ခိုင်မာနှောင်ကြိုး အပိုင်း ၇

"မောင်ရွှေရင်အေး…မောင်ရွှေရင်အေးရေ"

"ခင်ဗျာ"

အသံနှင့်အတူ လုပ်လက်စတွေကို ရပ်ပြီး အိမ်ရှေ့သို့ ထွက်လာလိုက်သည်။

"ဘကြီး…အိမ်ပေါ်တက်ပါဦး။"

ဘကြီး အိမ်ပေါ်ရောက်သည်နှင့် အခန်းထောင့်မှာ ထောင်ထားသော ဖျာလိပ်ကိုယူကာ ကြမ်းခင်းပေါ်မှာ ဖြန့်ခင်းပေးလိုက်ပါသည်။

"ထိုင်ပါ ဘကြီး။"

"ရပါတယ်။ဖျာခင်းမနေနဲ့။ငါပြောစရာရှိလို့လာတာ။"

"ဟုတ်ကဲ့ ဘကြီး။"

ဘကြီး ထိုင်သည့် ရှေ့မှာ သူလည်း ထိုင်လိုက်သည်။

"မနက်က ဘကြီး ကိစ္စရှိလို့ အပြင်သွားရင် ရဲစခန်းဘက်‌ ရောက်တာနဲ့ပဲ မောင်ဧည့်သည် ကိစ္စ ဘာများထူးခြားသလဲ ဆိုပြီး ဝင်မေးကြည့်သေးတယ်။"

"ဟုတ်လား ဘကြီး။ဘာ…ဘာတဲ့လဲဟင်။"

"လူတယောက် လူပျောက်လာရှာတယ်လို့ ပြောတယ်။"

"ဟုတ်လား။အဲ့ဒါ ကိုဧည့်သည်ရဲ့ အိမ်ကတဲ့လား။"

"အေး…ဘကြီး လည်း အဲ့လိုမျှော်လင့်တာပဲ။
ဓာတ်ပုံသေချာကြည့်ပြီး မဟုတ်ဘူးလို့ ပြောတယ်။"

"ဪ"

မျှော်လင့်ချက်နဲ့ နားထောင်နေပေမယ့် မဟုတ်ဘူးလို့ ပြောတော့ စိတ်ဓာတ်ကျသွားမိသည်။

"တခုထူးခြားတာက ဓာတ်ပုံထဲက လူကို ကယ်တင်ထားသူ ရှိရင် ကယ်တင်ထားသူရဲ့ လိပ်စာနဲ့နာမည်ကို တောင်းနေတယ်လို့ ပြောတယ်။"

"လာရှာတဲ့သူက သူတို့အိမ်ကလူမဟုတ်ဘူးဆိုပြီး ကယ်တင်ထားသူရဲ့ လိပ်စာကို ဘာလို့ တောင်းရတာလဲ မသိဘူး။ဘာသဘောလဲ မသိဘူးနော်။"

"အေး…အဲ့ဒါပေါ့။ဘကြီး လည်း စဉ်းစားရခက်နေပြီ။"

"ရဲစခန်းက လိပ်စာပေးလိုက်တယ်တဲ့လား ဘကြီး။"

"မပေးလိုက်ပါဘူး။ဘကြီး လည်း မပေးဖို့ ထပ်ပြောခဲ့တယ်။သူ့တို့အိမ်ကလူ မဟုတ်ဘူးဆိုရင် ဘာမှထပ်မေးစရာအကြောင်းမရှိဘူးလေ။"

"ခိုင်မာနှောင်ကြိုး"Donde viven las historias. Descúbrelo ahora