အပိုင်း ၁၇ unicode

228 22 15
                                    

ခိုင်မာနှောင်ကြိုး အပိုင်း ၁၇

"သားကို မထားခဲ့ပါနဲ့။သားတယောက်တည်း မနေချင်ဘူး။မထားခဲ့ပါနဲ့။အား...။"

ထွက်လာသည့် အသံဟာ ပီပီသသတော့ မဟုတ်။ပလုံးပထွေးနှင့် အနည်းငယ် ကျယ်လောင်လွန်းသည့် အတွက် သူ အိပ်နေရာမှ လန့်နိုးသွားခြင်းပင် ဖြစ်သည်။ဘေးမှ ညီနှစ်ယောက်ကို ကြည့်လိုက်တော့ အိပ်နေဆဲပင်။ဒါဆို..ဒီအသံက.....။သူ အပြေးသွားလိုက်သည်။ခြင်ထောင်ထဲတွင် အိပ်လျက်နှင့် မျက်ရည်စက်လက် အသိစိတ်ကင်းနေသူကို တွေ့ရလေသည်။ တသိမ့်သိမ့်တုန်နေသည့် ခန္ဓာကိုယ်လေးကို အသာဆွဲထူလိုက်သည်။သူ့ရင်ခွင်ကို မှီတွယ်ခိုဝင်လာသူကို ပြန်လည်နှစ်သိမ့်ပေးမိသည်။

"ဘာဖြစ်လို့လဲဟင်။အိပ်မက်ဆိုးတွေ မက်လို့လား။"

"ထားခဲ့မယ်တဲ့။လာနှုတ်ဆက်တယ်။မခွဲနိုင်ဘူး။မခွဲနိုင်ဘူး။"

ပါးစပ်ကပြောရင်း ထပ်မံငိုပြန်သည်။

"ဘယ်သူက ထားခဲ့တာလဲ။ဘယ်သူက လာနှုတ်ဆက်တာလဲ။"

မေးတာမဖြေ ငိုချည်းသာ နေလေသည်။ဆောက်တည်ရာမရ ပြောချင်ရာ ပြောနေသည့်အတွက် တခုခု အိပ်မက်မက်ပြီး ကြောက်လန့်နေသည် ဆိုတာကို ခန့်မှန်းမိသည်။ဘာကို အိပ်မက်မက်ပြီး ဘာဖြစ်သွားတာလဲ ဆိုတာ မေးမရ။

"အိပ်မက်မက်ပြီး လန့်သွားတာ ဖြစ်မယ်။ရေသောက်လိုက်နော်။ခဏလေး ကျွန်တော် ရေသွားခပ်ပေးမယ်။"

"ဟင့်အင်း.."

ခွာလို့မရဘဲ သူ့ကို အတင်းတွယ်ကပ်နေလေသည်။

"မသွားပါနဲ့။အနားမှာပဲ နေပါ။ခွဲမသွားပါနဲ့။"

"ခွဲမသွားပါဘူး။ရေသွားခပ်ရုံလေးပါ။ပြီးရင် ပြန်လာခဲ့မယ်နော်။"

ဖက်တွယ်ထားသည့် လက်ကို အသာတွန်းဖယ်ကြည့်ပေမယ့် မရပေ။သူ့ခါးကို တင်းကျပ်စွာ ဖက်ထားပြီး ခေါင်းက ရင်ဘတ်ထဲသို့ တိုးဝင်နေလေသည်။မျက်ရည်တွေကလည်း သူ့အင်္ကျီသို့ ကူးသွားလေပြီ။ကျောပြင်လေးကို အသာအယာ ပွတ်သပ်ကာ ပုတ်ပေးပြီး စိတ်တည်ငြိမ်အောင် ကြိုးစားပေးနေမိလေသည်။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now