အပိုင်း ၂ unicode

355 21 8
                                    

ခိုင်မာနှောင်ကြိုး အပိုင်း ၂

Unicode

တအိမ်လုံးတွင် တခုတည်းရှိသော အိပ်ခန်းထဲမှာ အရင်ကတော့  ညီနှစ်ယောက်ကို နွေးနွေးထွေးထွေး အိပ်ရအောင်  အခန်းထဲ အိပ်စေပါသည်။
သူကတော့ အိမ်ရှေ့ဘုရားစင်ရှေ့မှာ တယောက်အိပ်ခြင်ထောင် ထောင်ပြီး တယောက်တည်း အိပ်ပါသည်။ဒီညကတော့ မမျှော်လင့်၊မဖိတ်ခေါ်ဘဲ အိမ်ကို ဧည့်သည် ရောက်လာသည်။ဧည့်သည် ကလည်း နေမကောင်းသူ ဖြစ်နေသည်။ ညီနှစ်ယောက်ကို အိမ်ရှေ့ခန်းပို့ပြီး သူကတော့ ဧည့်သည်နှင့်အတူ အိပ်ခန်းထဲမှာ အိပ်မှဖြစ်သည်။ခက်သည်က အိမ်မှာ နှစ်ယောက်အိပ် ခြင်ထောင်တလုံးနှင့် တယောက်အိပ် တလုံး သာ ရှိသည်။ညီနှစ်ယောက် ကိုတော့ နှစ်ယောက်အိပ်နှင့် သိပ်ပြီး သူနှင့်ဧည့်သည်ကတော့ တယောက်အိပ် ခြင်ထောင် နှင့် အိပ်မှ ရမည်။အရွယ်ရောက်ပြီးသား ယောက်ျားသားနှစ်ယောက် အတွက် တယောက်အိပ်ခြင်ထောင်ထဲ နှစ်ယောက်အိပ်ဖို့ ဆိုတာ နည်းနည်းတော့ အဆင်မပြေ ဖြစ်ပါလိမ့်မည်။
မတတ်နိုင်ပါ။ခြင်ထောင်အပိုက မရှိတော့လည်း ဒီည ဖြစ်သလိုပဲ အိပ်ရတော့မည်။

ဇူလိုင် က ကလေး ဆိုတော့ အိပ်ရင် ကန်ကျောက်တတ်သည်။တခါတလေ ခြေထောက်၊လက်တွေ ခြင်ထောင်အပြင်ကို
ထွက်နေတတ်သည်။ညဘက် တရေးနိုးရင် ထကြည့်ရသည်။ခြေ၊လက်လေးတွေ ထွက်နေရင် ခြင်ထောင်ထဲပြန်ထည့်ပြီး ခြင်ထောင်စကို ဖျာအောက်ထဲ ထိုးထည့်ပြီး သေချာဖိပေးရပါသည်။

ကြမ်းပြင်မှာ နှစ်ယောက်အိပ် သင်ဖြူးဖျာအဟောင်းလေးကို ခင်းသည်။ဒါကလည်း အန်တီစိုး ပေးထားသည့် ဖျာ ဖြစ်သည်။သူ့အနေနဲ့ ဆိုရင်  ဘယ်ဝယ်နိုင်ပါ့မလဲ။သင်ဖြူးဖျာ တချပ်၏ ဈေးနှုန်းက နည်းတာမှ မဟုတ်တာ။ထိုလူ့ကို အခန်းထဲမှာ သိပ်ထားသောကြောင့်
ညီနှစ်ယောက်ကို အိမ်ရှေ့ခန်းမှာပဲ သိပ်ဖို့ ပြင်ဆင်ရသည်။

ဒီဇင်ဘာ တို့ အိမ်မှာ တန်ဖိုးကြီးပစ္စည်း ဆိုတာ ဘာမှ မရှိပါ။TV တလုံးတောင် မရှိပါ။ keypad ဖုန်း နှစ်လုံး ရှိသည်။တလုံးက ဒီဇင်ဘာ ယူထားပြီး၊ တလုံးကိုတော့ သူနှင့် ဆက်သွယ်လို့ရအောင် ညီနှစ်ယောက်ကို ပေးထားသည်။ကျောင်းသွားရင်တော့ ဖုန်းကို အိမ်မှာထားခဲ့ကြသည်။ Android ဖုန်းတော့ မဝယ်နိုင်သေးပါ။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now