part 1

3.9K 48 8
                                    


အပိုင်း(၁)

ကောင်းကင်နီသွေးသွေး ကမ်းလေအေးအေး ချစ်သူလက်နွေးနွေးကြောင့် ပန်းလေး၏ဘဝအရာရာပြီးပြည့်စုံလို့နေသည်။

သူမဘဝမှာ ပျော်ရွှင်ရဆုံးအချိန်ကိုပြောပါဆိုလျင် မြတ်ဘုန်းနှင့်ရှိရသည့်အခိုက်အတန့်များကိုသာ ပြောမိမည်ထင်သည်။

မြတ်ဘုန်းကလည်း သူမကိုသိပ်ချစ်သလို သူမကလည်းမြတ်ဘုန်းကို သူမအသက်ထက်ပိုချစ်သည်။

ချစ်သူနှစ်ဦး တွဲလက်တို့ခိုင်မြဲစွာ အပြုံးကိုယ်စီဖြင့် အိမ်ပြန်လမ်းလေးက ပျော်ရွှင်ကြည်နူးဖို့ကောင်းနေသည်။

သို့သော် ဘဝကြီးကလေ ပျော်ရွှင်မှုဆိုမတည်မြဲဘဲ ကြာကြာမခံတက်။

ဝမ်းနည်းကြေကွဲရသည့်အချိန်တွေကျတော့ ဆွဲဆန့်ထားသလားထင်ရအောင် ရှည်ကြာနေတက်သည်။

ခုလည်း သူမရဲ့အပျော်တို့ကိုအိမ်မရောက်ခင်ပင် ဖြတ်တောက်လိုက်သည့် ဆူညံသံများ။

"ညည်းပြောတော့ ဒီနေ့ပေးပါမယ်ဆို ဟမ် ငါပြောတယ် နင်ပြန်မဆပ်နိုင်ဘူးငါမချေးပေးဘူးပြောနေတဲ့ကြားက မရမက အစ်မရယ် တောင်းပန်ပါတယ် ချေးပေးပါနော ကျွန်မ ဆက်ဆက်ပြန်ဆပ်ပါ့မယ် ဆိုပြီး လက်အုပ်ချီမတက်လာယူခဲ့တာလေ ခုရက်စေ့ပြီး ပေးဘယ်မှာလဲပိုက်ဆံ"

"ကျွန်မ ကိုအချိန်နည်းနည်းလောက်ထပ်ပေးပါလားအစ်မရယ် ကျွန်မတကယ်အဆင်မပြေသေးလို့ပါ"

"အိုး....နင့်ကိုချေးလိုကတုန်းက ငါအဆင်မပြေသေးလို့မချေးသေးဘူးပြောခဲ့လား မရဘူး ငါ့ပိုက်ဆံခုချက်ချင်းဆပ်ပေး"

တစ်လမ်းလုံးတင်းတင်းဆုပ်ကိုင်ထားသည့်လက်ချောင်းများ တစ်စုံတစ်ယောက်မှစတင်၍လွတ်လိုက်ကာ လျော့ရဲသွားရသည်။

ထိုတစ်စုံတစ်ယောက်ကာ ပန်းလေးပင်။

သူမအတွက်ရိုးအီနေသည့်ဖြစ်ရပ်တစ်ခုဖြစ်သော်လည်း မြတ်ဘုန်းရှေ့မှာမို့ ထူးခြားစွာ ယခင်ကထက်ပိုခံစားရပါသည်။

ကိုယ့်အမေကိုပက်ပက်စက်စက်ပြောဆိုနေသည်ကို ကြားလိုက်ရတိုင်း လှိုက်တက်လာသော မခံချင်စိတ် မုန်းတီးစိတ်။

🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼Where stories live. Discover now