part40

223 8 8
                                    

အကြင်နာပန်းလေး ရင်မှာလန်းပါ🌼

အပိုင်း(၄၀)

ဧည့်ခန်းအလည်တည့်တည်၌ ချိတ်ဆွဲထားသော ဝေလင်းနဲ့သူရဲ့ ပုခုံးချင်းဖက်ရိုက်ထားသည့် ပုံကိုမော့ကြည့်ကာ မျက်ရည်တို့ဝဲလာရသည်။

သူခုလို အကြာကြီးရပ်ကြည့်နေသည်မို့ ငယ်က သူ့ကြည့်နေသည့်ဓာတ်ပုံရှိရာသို့မော့ကြည့်လာ၏။

"လူကြီး အဲ့ဒါလူကြီးသူငယ်ချင်းလား"

"အင်....ကိုယ့်အချစ်ဆုံးသူငယ်ချင်း"

"အော်....သူခုဘယ်မှာနေတာလဲ"

"သူ ဒီလောကကြီးထဲမှာမရှိတော့ဘူး"

ငယ်က သူ့မျက်နှာကိုမော့ကြည့်ကာစိတ်မကောင်းဖြစ်သွားပုံဖြင့်

"ဆောရီး ငယ်စိတ်မကောင်းပါဘူး"

"ရပါတယ်"

ငယ် သူ့ရဲ့ ဘေးတိုက်ပုံကိုကြည့်ရင်း လူကြီးအကြောင်းတွေသိချင်လာသည်။

ငယ် လူကြီးကို အကြွင်းမဲ့ချစ်မိနေသလို လူကြီးနဲ့ပတ်သက်တဲ့အရာဂာတိုင်းကိုသိချင်လာသည်။

ဒါပေမယ့် လူကြီး မကြိုက်မှာဆိုးလို့ ငယ်မမေးတော့ပါ...

ငယ် ဆယ်တန်းအောင်ပြီးတည်းက သင်တန်းတက်မယ်ဟုဆိုကာ အိမ်က ခိုးထွက်လာပြီး လူကြီးနဲ့လျှောက်လည်သည်။

လူကြီးနေတဲ့ကွန်ဒိုကိုလည်း တစ်ပတ်တစ်ခါ ငယ့်ကိုခေါ်လာတက်သည်။

လူကြီးက တခြားယောက်ျားတွေလိုအခွင့်အရေးသမားမျိုးမဟုတ်ဘဲ တည်ငြိမ်အေးဆေးသည်။

ငယ်လိုချင်တာအကုန်ဖြည့်ဆည်းပေးသလို ငယ့်ကို အလိုလိုက်သည်။

လူကြီးနဲ့ရှိနေရင် ငယ့်မှာကြောက်စိတ်တွေမရှိဘဲ အလိုလိုနေရင်း လူကြီးကိုယုံကြည်မိသည်။

ခုဆို လူကြီးနဲ့ငယ် ခုလိုတွဲသွားတွဲလာနေနေတာ ငယ် ပထမနှစ်ပင် ပြီးခါနီးလေပြီး။

တော်သေးတာက အိမ်ကဘယ်သူမှမရိပ်မိလို့ ခုထိ လွတ်လွတ်လပ်လပ်သွားလာလို့ရတာပင်။

သို့သော် ဒီအချိန်အတာတစ်ခုကို တူတူကျော်လွန်ခဲ့ကြပေမယ့် လူကြီးဆ‌ီက ရေရေရာရာ စကားမျိုး မကြားဖူးသေးပါ။

🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼Tempat cerita menjadi hidup. Temukan sekarang