အကြင်နာပန်းလေး 🌼ရင်မှာလန်းပါ..
အပိုင်း(၄၃)
ပန်းလေး ဆေးရုံကဆင်းပြီးနောက်တစ်နေ့၌ သားလေးအားညနေကျောင်းဆင်းချိန် သွားကြိုဖြစ်သည်။
ပန်းလေးကျောင်းရှေ့သို့ရောက်ချိန် ကျောင်းဆင်းချိန်နဲ့တိုး၍ ကျောင်းရှေ့၌ကျောင်းဆင်းလာကြသည့် ကျောင်းသားကျောင်းသူများဖြင့် အုပ်အုပ်ကြပ်ကြပ်ဖြစ်လို့နေသည်။
"မာမီ..."
ထိုလူအုပ်ထဲမှ သားလေးက ပန်းလေးကိုအော်လေါ်၍ ပြေးလာလေသည်။
"အဟွင့်..."
ပန်းလေး သားလေးမျက်နှာကိုကြည့်ကာ ပြုံး၍ စီးဖမ်းလိုက်သည်။
"အမလေး မာမီးကလေးလေး ကျောင်းလွတ်ပြီးပေါ့"
"ဟူတ်မာမီ မာမီဘယ်သွားနေတာလဲ သားက မာမီ့ကိုလွမ်းနေတာ"
"မာမီလည်း မာမီ့သားလေးကိုလွမ်းနေတာ ကိစ္စလေးရှိလို့ခရီးသွားလိုက်ရတာ"
ပန်းလေး သာစလေးနဖူးကို ဖိနမ်းလိုက်ချိန် သားလေးလက်ထဲမှ အရုပ်ကိုခုမှသတိထားမိသည်။
"ဘာရုပ်လေးလဲသားရဲ့"
"ပန်ဒါ ရုပ်လေးလေ မာမီ "
"အင် ချစ်စရာလေးပဲ သားကိုဒီအရုပ်ဘယ်သူပေးတာလဲ"
"မာမီ့သူငယ်ချင်း ဦးဦးပေးတာ"
"မာမီသူငယ်ချင်း ဟုတ်လား"
ပန်းလေး သားလေးစကားကြောင့် ဇဝေဇဝါဖြစ်သွားရသည်။
"ဟိုမှာလေ မာမီရဲ့ အင်္ကျီအနီရောင်နဲ့ဦးဦးပေးတာ"
သားလေးက အနောက်ဘက်သို့လက်ညှိုးထိုးပြစဉ် ပန်းလေး အနီရောင်ရှပ်အင်္ကျီဝတ်ထားသည့်ယောက်ျားတစ်ယောက်၏နောက်ကျောကိုမြင်လိုက်ရသည်။
ပန်းလေးသိချင်စိတ်ကြောင့်
"သား ကားပေါ်တက်နေနော် မာမီ အဲ့ဦးဦးဆီခနသွားလိုက်အုံးမယ်"
"ဟုတ် မာမီ"
ပန်းလေးသားကိုကားနောက်ခန်းထဲထည့်ကာ အင်္ကျီအနီရောင်ဝတ်ထားသည့်လူဆီ လျှောက်သွားလိုက်သည်။
YOU ARE READING
🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼
Romance🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼 zawgyi and unicode "ပန်လေးဘဝမှာလေ မြတ်ဘုန်းရှိရင်အရာရာပြည့်စုံပြီး" အကြင်နာပန်း "အဟားဟား မင်းရဲ့လိမ်ညာစကားတွေကိုယုံမိတာ ငါကခုတော့ နွားလုံးလုံးဖြစ်ကျန်ခဲ့ရပြီး" မြတ်ဘုန်းသော် "ဘွားဘွား ရှာခိုင်းတဲ့လက်စွပ်ပိုင်ရှင်ကို က...