part 17

230 8 2
                                    

အကြင်နာပန်းလေး ရင်မှာလန်းပါ...🌼

အပိုင်း(၁၇)

"မောင်မျိုး အဲ့အရှေ့မှာပဲရပ်လိုက်တော့ "

သိုက် ဈေးအနောက်ဘက်လမ်းထဲ အရောက်တွင် ခြံဝန်းကျယ်ကြီးနှင့်တိုက်တန်းလျားကိုလှမ်းမြင်လိုက်၍ ကားရပ်ခိုင်းလိုက်သည်။

ဒီတစ်လမ်းလုံးမှာ တန်းလျားဆိုလို့ ဒါပဲတွေ့တာမဟုတ်လား။

"မင်းကားပေါ်မှာပဲစောင့်နေ ...."

သိုက် ပြောကာ ကားတံခါးဖွင့်ကာ ဆင်းလာခဲ့လိုက်သည်။

သိုက်ခြံထဲဝင်ကာ ထိပ်ဆုံးတိုက်ခန်းရှေ့ အဝတ်ထိုင်လျော်နေသော အဒေါ်ကြီးအား....

"အန်တီ ဒီဝင်းမှာ ဒေါ်ညွန့်ဆိုတာရှိလားဗျ"

ထိုအဒေါ်ကြီးမှ သစ်သားပြားပေါ် အဝတ်ကို တဖြန်းဖြန်းရိုက်နေရင်း သိုက်အားမော့ကြည့်လာသည်။

"ဘာကိစ္စလဲ ဘာလဲ အကြွေးရှင်လား"

"ဗျာ..."

ဘုဆက်ဆက်ပင် ပြော၍ သိုက်အားသေချာကြည့်ကာ အပြင်ဘက်မှ ရပ်ထားသည့်ကားကိုလည်းတစ်ချက်လှမ်းကြည့်၏။

"အကြွေးရှင်ပဲနေမှာပေါ့လေ မင်းလို သူဌေးတစ်ယောက်က သူ့ဆီအလည်လာတာတော့မဖြစ်နိုင်ဘူး"

နေလောင်ရာများ ကွက်ထနေသော မျက်နှာမွဲခြောက်ခြောက်ဖြင့် သိုက်အားကြည့်ကာ ဆိုလာသည်။

"ဒီမှာ ကောင်လေး မင်းကလည်း အဲ့မိန်းမအကြောင်း ဘာမှမသိဘဲ ဘာလို့ပိုက်ဆံချေးလိုက်တာလဲ အဲ့အကြွေးထူမက မင်းပိုက်ဆံပြန်ပေးဖို့နေနေ အိမ်လခတောင်မှန်တဲ့ဟာမဟုတ်ဘူး ဟင်း...."

မျက်နှာအား မဲ့ကာရွဲ့ကာဖြင့် အားရပါးရ ကဲ့ရဲ့နေသော ထိုအ
ဒေါ်ကြီးအား သိုက် အလိုမကျစွာမျက်မှောင်ကြုံ့၍ ကြည့်မိသည်။

"ဒီမှာ အန်တီ ကျွန်တော်က ဒေါ်ညွန့်ဆီ အကြွေးလာတောင်းတယ် ပြောနေလို့လား ခင်ဗျားကချည်း သူများကို မကောင်းတာတွေပြောသွားတာ ကျွန်တော်ဘာမှတောင်မပြောရသေးဘူး"

"အမလေးတော် ကြီးကြီးကျယ်ကျယ်...သူ့လိုဟာမကို တစ်ရပ်ကွက်လုံး ပြောဆိုနေကြတာပဲ ဒင်းက ဘာကောင်းတာများရှိနေလို့ ငါက ပြောပေးနေရအုံးမှာလဲ အားအားယားယားတော် နေစမ်းပါအုံး မင်းက သူ့ကိုဘာကိစ္စလာရှာတာလဲ"

🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼Donde viven las historias. Descúbrelo ahora